ရင်မခုန်တာကြာပြီ အကယ်ဒမီ

0
236

ဒီနှစ်အကယ်ဒမီဟာ တစ်ခုခု တော့ ထူးခြားမှာပါ။ အရင့်အရင်နှစ် တွေထက် တစ်မူတော့ထူးခြားမှာပါ။ Sponsor ကတော့ Forever က ရသွားတယ်။ နာယကကြီးတွေရဲ့ အဆုံးအဖြတ် မှန်ပါတယ်။ Forever က ဒီနှစ်အကယ်ဒမီကို အကောင်းဆုံး ဖွင့်လှစ်ပေးမယ်လို့ ဆိုထားပါတယ်။

ထူးခြားတာကတော့ ရွှေစင်ရုပ် က ရွှေကြယ်ကို ၅ ကျပ်သားချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါကိုက အသွင်ပြောင်းသွားပြီ။ နောက်တစ် ဆုက တစ်သက်တာ ဂုဏ်ထူးဆောင် ဆု ချီးမြှင့်ရာမှာ ရွှေကြယ် ၅ကျပ်သား အပြင် ထိုပုဂ္ဂိုလ်သက်ရှိထင်ရှားရှိ တဲ့ အချိန်ထိ လစဉ်ချီးမြှင့်ငွေကြေး ကျပ် ငါးသိန်းပေးဦးမှာဖြစ်တယ်။ ဒါတွေ ဟာ ထူးခြားမနေဘူးလား။ နောက် တစ်ခါ ပညာသည် ဆုပေါင်း ၁၁ဆု ပေးဦးမှာဖြစ်တယ်။ ရရှိသူဟာ ထိုက် တန်ဖို့လိုတယ်။ အရင်ကလို အမှတ် ၅ဝ ကျော်မှ ပေးတာမျိုးမဟုတ်တော့ ဘူး။ အမှတ်အများဆုံး ပညာရှင်ကို ချီးမြှင့်မှာ။ ပြီးတော့ အထူးဆုလည်း ပေးမယ်။ အထူးဆုဆိုတာ ဒီ ၁၁ ဆု ထဲမှာ မပါဘူး။ ထူးချွန်သူတွေကိုပေး ဖို့ သီးခြားစီစဉ်ထားတာ။ ဥပမာ ကလေးသရုပ်ဆောင်ဆု၊ မိတ်ကပ်၊ အထူးပြုလုပ်ချက်၊Sound effect စတဲ့ ပညာရှင်ဆုပေါ့။ အဲဒီအတွက် ဆုရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်း လိုက်ပါပြီ။ အဖွဲ့ဝင်များတွေ့ဆုံပြီး အမှတ်ပေး စည်းမျဉ်းစည်းကမ်းများ ကို သတ်မှတ်ပြီးပါပြီ။ ကြည့်ရှုရမယ့် ဇာတ်ကား အရေအတွက်က ၅၃ ကားပါ။ အဖွဲ့ဝင်များက တစ်နေ့ ၂ ကားနှုန်း ကြည့်ရှုရမယ်။ အဆင့်ဆင့် ရွေးချယ်ပါမယ်။ နောက်ဆုံး ဆန်ခါ တင်က ပြိုင်ဆိုင်မှုအား ပြင်းထန်ပါ လိမ့်မယ်။

အမှတ်မထင် တင်ပြသွားတဲ့ ဓာတ်ပုံအကယ်ဒမီ ဦးထွန်းလှိုင်ရဲ့ Hollywood ရဲ့ အမှတ်ပေးစနစ်က အလွန်လှပါတယ်။ ပြင်ဆင်ချိန် နည်း နေ တဲ့အတွက် ရှေ့တစ်နှစ်ကျမှ အသုံး ပြုတော့မယ်လို့ အဖွဲ့က အတည်ပြုခဲ့ တယ်။ ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလဆန်း က စပြီးကြည့်မှာပါ။ ကြည့်ရှုချိန် ၂လ လောက်တော့ ကြာမယ်။ ရုပ်ရှင်အစည်းအရုံး ရုပ်ရှင် ရုံမှာ ကြည့်ရှုဖို့ပြင်ဆင်နေပါပြီ။ ဇာတ်ကားအချို့ ရောက်ရှိနေပါပြီ။ အရင်ရောက်ရှိတဲ့ ဇာတ်ကားကို အရင်ကြည့်မှာပါ။ သို့သော် ဇာတ် ကားများကြည့်ရှုပြီး အတွင်းစကား များ မပေါက်ကြားဖို့က အရေးကြီး ပါတယ်။ အစည်းအရုံးမှာ ကြည့်ရှုမှာ ဖြစ်တဲ့အတွက် လုံခြုံဖို့ လိုအပ်ပါ တယ်။ ရွေးချယ်ရေးအဖွဲ့ဝင်များမှ လွဲပြီး အပြင်လူ လုံးဝဝင်ရောက်ကြည့် ရှုခွင့် မရှိပါဘူး။ သုံးသပ်ချက်များ အပြင်မရောက်ဖို့ အရေးကြီးပါတယ်။ ပထမအဆင့် လျှို့ဝှက်ရွေးချယ်မှုကို အပြင်လူ သိလို့မရပါဘူး။ ဒါ အလွန် အင်မတန် အရေးကြီးတာပါ။

ကျွန်တော်အပါအဝင် ရွေးချယ် သူ ၅ဝ ဦးရှိပါမယ်။ တစ်လွှာ ၅ ဦးနဲ့ ၁ဝ လွှာ ၅ဝ ဦးက တာဝန်ယူ ကြည့် ရှုပြီး အမှတ်ပေးစနစ်နဲ့ ဆုံးဖြတ်ရမှာ ပါ။ တစ်ဖွဲ့လုံးရဲ့ခေါင်းဆောင်၊ ဥက္ကဋ္ဌ က အကယ်ဒမီများရှင် ဒေါ်ဝါဝါဝင်း ရွှေဖြစ်ပါတယ်။ တချို့က မေးပါ တယ်။ ရွေးချယ်ရေးက တာဝန်ခံတွေ က ပညာရှင်တွေလားတဲ့။ မေးသူ အပြစ်မဟုတ်ပါဘူး။ အလွှာလိုက်စာ ရင်း တင်ရတာပါ။ အချိန်ပေးလုပ်ပေး ဖို့ အတော်ခက်ပါတယ်။ တချို့ပညာ ရှင်တွေက အချိန်မပေးနိုင်ဘူး။ ဒါ ကြောင့် ပညာရှင်အချို့ပါဝင်ပြီး အတွေ့အကြုံရှိသူတွေ ဝန်းရံထားရ တာပါ။

ကျွန်တော်တို့ရုပ်ရှင်မှာ ပညာ ရှင်လို့ပြောဖို့ အတော်ခက်ပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်အနုပညာ ကျောင်း မှ တက်မထားဘဲ၊ ဘာဘွဲ့ လက်မှတ်မှ ရယူမထားလို့ ပညာရှင်လို့ ခေါ်ဖို့ အတော်ခက်ပါတယ်။ ဒီမှာတော့ ဝါသမ္ဘာနဲ့ အတွေ့အကြုံ ရင့်ကျက်၊ လေ့လာအား ကောင်းသူတွေလို့ပဲ ပြောလို့ရမယ်။ ဒါကြောင့် ပညာရှင်ကို မသုံးနှုန်းစေချင်ဘူး။ ဥပမာ – ရုပ်ရှင် နဲ့ပတ်သက်ပြီး ဒေါက်တာဘွဲ့၊ မဟာ ဘွဲ့ရသူနှစ်ဦးလောက်တော့ ပါပါ တယ်။ ဒါကိုတော့ ပညာရှင်လို့ ပြော လို့ရပါတယ်။ ကျန်တာ အကယ်ဒမီ ပညာရှင်တွေ ပါဝင်ပါတယ်။ ဒီနှစ်ကို တော့ အသံတွေမထွက်အောင် ပိုပြီး ဂရုစိုက်ရမှာပါ။ ပိုပြီး ကျစ်လျစ်မယ်လို့ ကျွန်တော်ထင်တယ်။ ရွေးချယ်မှုတွေ ပိုပြီး တိကျပြတ်သားလိမ့်မယ်လို့ထင် တယ်။ ပိုပြီးရင်ခုန်ဖို့ ပိုပြီးလျှို့ဝှက် လိမ့်မယ်လို့ ထင်တယ်။ အဖွဲ့ဝင်များ တဲ့အတွက် နှုတ်လုံဖို့တော့ အတော် ကြိုးစားရလိမ့်မယ်။

နှစ်စဉ်အသံတွေ ကြားနေရတာ လေ။ Nominate ၁ဝကား ရွေးချယ် ပြီး လျှို့ဝှက်ထားလည်း ပေါက်ကြား တာပဲ။ ဒီနှစ်ပွင့်လင်းမြင်သာအောင် ချပြမယ်လို့ထင်တယ်။ ဒါမှရင်ခုန်ခွင့် တွေ ရကြမှာပါ။ အရင်နှစ်တွေက ဆုရမယ့်စာရင်း ပေါက်ကြားတယ်။ တချို့တစ်ဆုမှမလွဲအောင် အတိ အကျ ပြောနိုင်သူလည်းရှိတယ်။ ပြောတဲ့အတိုင်းလည်း ဆုကြေညာတဲ့ အခါ တစ်ဆုမှ လွဲမသွားဘူး။ အဲဒီ အတွက် ရင်မခုန်ရဘူး။ သတင်း ပေါက်ကြားမှုက အတော်ဆိုးပါတယ်။ တချို့က ပြောတယ်။ မင်းကြီးတာက ထွက်တာတဲ့။

ဒါကြောင့် အခုအကယ်ဒမီ ရွေး ချယ်ရေးအဖွဲ့ဝင်များအတွင်း အစည်းအဝေးမှာ အဂတိ စကားလုံး ကို မနှစ်သက်ကြောင်း တားမြစ် သတိပေးသူများ ရှိလာပါပြီ။ အတ္တ ကိုလည်း ဖယ်ရှားရမယ်။ ခင်လို့ မင်လို့ဆိုတဲ့ အစွဲတွေ လက်မခံပါဘူး တဲ့။ ဒီနှစ်အကယ်ဒမီ ရွေးချယ်ရေး အကောင်းဆုံးဖြစ်အောင် ကြိုးစား ဆောင်ရွက် မယ်လို့ ဂုဏ်သိက္ခာနဲ့ တည်ဆောက် ထားကြပါတယ်။ တစ်ဦးချင်းစီရဲ့ ဂုဏ်သိက္ခာ အပွန်း အပဲ့ခံမှာတော့ မဟုတ်ပါဘူး။

ရင်မခုန်တာကြာပြီဖြစ်တဲ့ အကယ်ဒမီ ရင်ခုန်နိုင်ကြပါစေ။

ဒါရိုက်တာ မောင်ဗေဒါ


LEAVE A REPLY

Please enter your comment!
Please enter your name here