In The Fade လင်ဇောသားဇောနဲ့ ပြတ်သားသော မိန်းမ

0
178

ဒီရုပ်ရှင်ဇာတ်ကားဟာ ဂျာမန်ဇာတ် ကားသစ်တစ်ကားဖြစ်ပါတယ်။ ကိန်းရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့ပြီး ဇာတိနိုင်ငံ ဂျာမနီမှာ ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က ပြသခဲ့ ပါတယ်။ နိုင်ငံတကာ ရုပ်ရှင်ရုံတွေ မှာတော့ မပြသရသေးပါဘူး။ ဂျာမန်ဒါရိုက်တာ ‘ဖက်တီ အကင်း’ရိုက်ကူးတာဖြစ်ပြီး၊ ဂျာမန် မင်းသမီး ‘ဒိုင်ယာနေးကရူဂျာ’က အဓိကဇာတ်ကောင်အဖြစ် သရုပ် ဆောင်ပေးထားပါတယ်။ ဒီဇာတ် လမ်းထဲမှာ သူမရဲ့အဓိကဇာတ် ကောင်နာမည်က ‘ကတ်ဂျာ’ဖြစ်ပါ တယ်။

သူမဟာ ကျောင်းသူတစ် ယောက်ဘဝနဲ့ အခြားသောဘဝ တွေကိုပါ ပူးတွဲဖြတ်သန်းနေသူ တစ်ယောက်ပါ။ ငယ်ရွယ်နုပျို လတ် ဆတ်ခြင်း၊ သွက်လက်ခြင်းတွေနဲ့ မိန်းကလေးတစ်ယောက်ရဲ့ လွတ်လပ် မှုတွေနဲ့ နေထိုင်ပါတယ်။ ကျောင်း သူတစ်ယောက်လည်းဖြစ်ပြီး မူးယစ် ဆေးဝါးကို မိမိကိုယ်တိုင်လည်း သုံး စွဲသလို ရောင်းချသူတွေနဲ့လည်း ပတ်သက်ပါတယ်။ သူမအဓိက နှစ် သက်တာကတော့ ဆေးခြောက်ရှူ ခြင်းပါ။

တစ်နေ့တော့ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့လောကထဲက ကာ့ဒ် လူမျိုး ‘နူရီဆီကာချီ’ဆိုသူနဲ့ သံယော ဇဉ်တွယ်ပြီး နှစ်ဦးသဘောတူ လက် ထပ်ကာ ‘ဟမ်ဘူမြို့’မှာ နေထိုင်ကြ ပါတယ်။ ‘နူရီဆီကာချီ’ဟာ ‘ကတ်ဂျာ’နဲ့ လက်ထပ်မိတဲ့အချိန်ကစပြီး မူးယစ် ဆေးဝါးမှောင်ခိုလုပ်တဲ့ ဒုစရိုက် အသက်မွေးမှုကို စွန့်လွှတ်လိုက်ပါ တယ်။ တကယ်တော့ သူတို့နှစ် ယောက် ဒီလိုလက်ထပ်ပေါင်းသင်းဖို့ ကို မိန်းကလေးဘက်ကရော၊ ယောက်ျားလေးဘက်ကပါ နှစ်ဖက် မိဘတွေက သဘောမတူကြပါဘူး။ အဲဒါတွေကိုဆန့်ကျင်ပြီး မိန်းကလေး ‘ကတ်ဂျာ’ဟာ ‘နူရီဆီကာချီ’ ထောင် ကျနေဆဲမှာပဲ လက်ထပ်ယူလိုက်တာ ဖြစ်ပါတယ်။

မနက်ဖြန်ပေါင်း များစွာရဲ့ အနာဂတ်အသစ်တွေအတွက် မိသား စုဘဝ ရည်တည်ဖို့ဆိုပြီး အဲဒီရည် ရွယ်ချက်နဲ့ ‘နူရီဆီကာချီ’ဟာ ထောင် ထဲမှာကတည်းက ဘဝအတွက် မှန် ကန်တဲ့ အသက်မွေးဝမ်းကျောင်းဖြစ် မယ့်စီးပွားရေးဆိုင်ရာ ဘာသာရပ်တွေ ကို လေ့လာသင်ယူခဲ့ပါတယ်။ ဒီလိုနဲ့ သူပြန်ရောက်ပြီး ချစ်ဇနီးလေး ‘ကတ် ဂျာ’နဲ့ ဟမ်ဘူမြို့မှာ နေထိုင်တဲ့အခါ မှာ ဘာသာပြန်ဌာနနဲ့ အခွန်ဆိုင်ရာ ဌာနမှာ အလုပ်ရပြီး ‘ရော့ကို’ဆိုတဲ့ သားလေးတစ်ယောက်မွေးဖွားပြီး ပျော်မဆုံးဘဝနဲ့ နေကြပါတယ်။

ဒီလိုနဲ့ နေ့တစ်နေ့ရဲ့ နေ့လယ် ခင်းတစ်ခုမှာ ‘ကတ်ဂျာ’ဟာ ငါးနှစ် သားအရွယ် သားလေးဖြစ်သူ ‘ရော့ ကို’ကို ယောက်ျားဖြစ်သူ ‘နူရီဆီကာ ချီ’ရဲ့ အလုပ်က ရုံးခန်းထဲမှာထားရစ်ခဲ့ ပြီး သူမအလုပ်ကို သွားခဲ့ပါတယ်။ ညနေပြန်ရောက်တော့ သားဖြစ်သူကို ပြန်ခေါ်ဖို့အလာမှာ အဆောက်အအုံ ပတ်ပတ်လည်မှာ ရဲကားတွေနဲ့လမ်းတွေ ပိတ်ထားတာတွေ့လို့ မေးလိုက်တော့ ‘အမျိုးသားတစ်ယောက်နဲ့ ကလေး ငယ်တစ်ယောက် ဗုံးကွဲမှုကြောင့် သေသွားလို့’လို့ဆိုပြီး ရဲတစ်ဦးက ပြန်ဖြေပါတယ်။ နောက် စစ်ဆေးမှု တွေပြုလုပ်ပြီးတဲ့အခါမှာတော့ ‘ကတ် ဂျာ’ဟာ သူမရဲ့ယောက်ျားနဲ့ သားဖြစ် တယ်ဆိုတာ သေချာသွားပါတယ်။

‘ကတ်ဂျာ’ဟာ သူမရဲ့ အတွေး တွေထဲမှာ ပုံရိပ်တစ်ခု ပြန်ပေါ်လာ တယ်။ သားလေးကို ရုံးခန်းမှာထား ပြီး ပြန်ထွက်လာခဲ့တုန်းက ရွှေရောင် ဆံပင်နဲ့ အမျိုးသမီးတစ်ဦးကို တွေ့ခဲ့ တယ်။ အဲဒီအမျိုးသမီး စက်ဘီးကို သော့မခတ်လို့တောင် စက်ဘီး ပျောက်သွားနိုင်တယ်လို့ သူမသတိ ပေးခဲ့သေးတယ်။ ပြီးတော့ စက်ဘီး ပေါ်က ခြင်းထဲမှာလည်း အနက် ရောင်အထုပ်လေးတစ်ထုပ်ကို တွေ့ လိုက်တယ်။ ဒါတွေကို ရဲကိုပြောပြ တော့ မူးယစ်မှောင်ခိုသမားတွေက လက်စားချေတာဖြစ်မယ်လို့ ရဲတွေ က သုံးသပ်ပြပါတယ်။

သူမရဲ့ ယောက်ျားဟာ ကာ့ဒ် လူမျိုးဖြစ်တာကြောင့် အဲဒီသမိုင်းနဲ့ ဆက်စပ်လိမ့်မယ်လို့ သူမတွေးတော ယူဆလိုက်ပါတယ်။ ရဲတွေက ‘နီယို နာဇီဝါဒီ’လူငယ်တွေဖြစ်တဲ့ သံသယ ရှိသူလူငယ်နှစ်ယောက်ကိုဖမ်းဆီးပြီး ရုံးတင်ခဲ့ပါတယ်။ ရုံးတော်နာကြားမှု တွေမှာ သိပ္ပံပညာရှင် သက်သေများ ကလည်း ဒီဗုံးခွဲမှုနဲ့ပတ်သက်ပြီး အ တတ်နိုင်ဆုံး ပြည့်စုံအောင်ဖော်ထုတ် ကြပါတယ်။

‘ကတ်ဂျာ’ကို ‘ဒယ်နီလိုဖာဗာ’ ဆိုတဲ့ ရှေ့နေက ကူညီနေပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ နာဇီ အက်စ်အက်စ်အရာရှိလို သွေးအေး ပြီး ကောက်ကျစ်ရက်စက်တဲ့ အတွင်း သဘောမျိုးရှိတဲ့ ‘ဟာဘေဘက်’ဆိုတဲ့ ရှေ့နေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ပြီးတော့ ‘ကတ်ဂျာ’ဟာ တရားခံနှစ် ဦးအဖြစ် ရင်ဆိုင်နေကြရတဲ့ ‘အန်ဒ ရေ’နဲ့ ‘အက်ဒါမွိုင်လာ’တို့ရဲ့ ဖခင် တွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ သူတို့က ‘ကတ်ဂျာ’ကို ကော်ဖီသောက်၊ ကိတ်မုန့်စားဖို့ ဖိတ်ခေါ်ပါတယ်။ အဲ ဒီမှာ အမှတ်မထင် ရေချိုးခန်းထဲက ပင်လယ်ဓားပြလှေလေးကို မြင်တွေ့ လိုက်တော့ ကတ်ဂျာဟာသားဖြစ် သူနဲ့ လင်ယောက်ျားကို ပိုပြီးသတိရ လွမ်းဆွေးသွားပါတယ်။ ပြီးတော့ အဲဒါတွေကိုမြင်ပြီး ကတ်ဂျာ တစ် ယောက် လောကကြီးထဲက လူအမျိုးမျိုး တွေရဲ့ ကောက်ကျစ်ယုတ်မာမှုတွေ ကို မြင်ယောင်လာပြီး နာကြည်းစိတ် တွေတအားဝင်လာနေသလို စိတ် ပျက်စရာ ဒီလူ့လောကကြီးမှာလည်း သူမဆက်မနေချင်တော့ လောက်တဲ့ အထိကိုပဲဖြစ်လာနေတော့တယ်။

တရားခံအဖြစ် သံသယနဲ့ အ ဖမ်းခံထားရတဲ့ ‘အန်ဒရေ’နဲ့ ‘အက်ဒါ မွိုင်လာ’တို့နှစ်ယောက်ရဲ့ဘက်က ရှေ့နေက အထောက်အထားခိုင်ခိုင် လုံလုံနဲ့တင်ပြလာနိုင်ခဲ့လို့ဆိုပြီး အ ပြစ်အမှန်တကယ်ရှိမှန်း အားလုံး အတွက်သိသာထင်ရှားနေပေမယ့် ရုံးတော်ကဒီအမှုကို ပြစ်ဒဏ်ကျခံ စေခြင်းမရှိခဲ့ပါဘူး။

အဲဒီမိန်းမသားတစ်ယောက်ဖြစ် တဲ့ ‘ကတ်ဂျာ’ဟာ သားလေး ‘ရော့ကို’ နဲ့ ယောက်ျားဖြစ်သူ ‘နူရီဆီကာချီ’ တို့နှစ်ယောက်အတွက် အတော်ကို ခံပြင်းသွားပြီး တရားမျှတမှုကို ရ အောင်ပြန်ယူမယ်။ ငါလက်စားချေ ပစ်မယ်လို့ ရင်ထဲကြုံးဝါးဆုံးဖြတ် လိုက်ပါတော့တယ်။

ဝင်းကိုမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here