တေးသီချင်းများကို အသုံးပြုမည်ဆိုပါက ကြိုတင်ခွင့်ပြုချက် ယူကြရန် တေးရေး တေးဆို ဆောင်ဦးလှိုင်ပြောကြား

0
209

ဆောင်းဦးလှိုင်က သူရေးသားသော တေးသီချင်းများနှင့်ပတ်သက်၍ အသုံးပြုမည်ဆိုပါက သူ့အား ကြိုတင် အကြောင်းကြားရမည်ဖြစ်ကြောင်း ပြောကြားလာသည်။ အဆိုပါအကြောင်းနှင့်ပတ်သက်ပြီး ”ကျွန်တော်ရေးသားသော တေးသီချင်းများကို တေးဂီတဖြေဖျော်ပွဲများတွင် သီဆိုအသုံးပြုနေသည့် တေးသံရှင်များအားလုံးကို အသိပေးပါသည်။ မည်သည့်နည်းလမ်းဖြင့် အသုံးပြုသည်ဖြစ်စေ၊ ကျွန်တော့်ကို ကြိုတင်အကြောင်း ကြားရပါမည်။ ကြိုတင်အကြောင်း မကြားဘဲ လိုသလိုအသုံးပြုခဲ့ကြသည်မှာလည်း နှစ်ပေါင်းမနည်းလှပြီဖြစ်သောကြောင့် ယနေ့မှစ၍ ကြိုတင်ခွင့်ပြုချက်ယူကြပါရန်။ ခွင့်ပြုချက်မယူပါက လုံးဝအသုံးမပြုကြရန် အသိပေးအကြောင်းကြားပါသည်” ဟု တေးရေးတေးဆို ဆောင်းဦးလှိုင်က ပြောပါသည်။ ဆောင်းဦးလှိုင်က မကြာသေးခင်က ကမ္ဘာ့စံချိန်ဆိုသည့် တစ်ကိုယ်တော်အခွေကို ထွက်ရှိ ထားသည်။ ယခု လက်ရှိတွင် မလေးရှားနိုင်ငံ၌ နေထိုင်လျက်ရှိပါသည်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here