၂ဝ၁၈ အဖွင့် ပထမဦးဆုံးလမှာ စတင်ဖျော်ဖြေမယ့် ဇော်ဝင်းထွဋ်ရဲ့ ဂီတဖျော်ဖြေပွဲ

0
168

ဇော်ဝင်းထွဋ်နှင့် အင်ပါယာ ရော့ခ်အင်ရိုးလ် ခရီးသွားများ ဂီတဖျော်ဖြေပွဲကို ဇန်နဝါရီ ၂ဝ ရက်နေ့၊ ညပိုင်း ရန်ကုန်မြို့ Rose Garden Hotel မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ တေးသံရှင်ကြီး ဇော်ဝင်းထွဋ်နဲ့ အင်ပါယာ တီးဝိုင်းတို့ရဲ့ ၂ဝ၁၈ ခုနှစ်အတွက် ပထမဆုံး ဂီတဖျော်ဖြေပွဲဖြစ်သလို ဇော်ဝင်းထွဋ်ရဲ့ မွေးနေ့မတိုင်ခင် ညမှာ ဖျော်ဖြေမယ့် ဂီတဖျော်ဖြေပွဲလည်းဖြစ်တာကြောင့် ဇော်ဝင်းထွဋ် ပရိသတ်တွေ၊ အင်ပါယာပရိသတ်တွေအတွက် ကတော့ ထူးခြားမှုတွေ၊ ပျော်ရွှင်မှုတွေ၊ ခံစားမှုရသတွေ များစွာခံစားရရှိစေနိုင်မှာပါ။ ဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး ဇော်ဝင်းထွဋ်က”ရှင်းရှင်းပြောရရင်တော့ ဆိုတဲ့သူလည်း စိတ်ချမ်းသာမယ်။ လာကြည့်တဲ့သူလည်း ပျော်ရတယ်။ ပွဲစီစဉ်တဲ့သူလည်း အကျိုးအမြတ်ရှိတယ်ဆိုရင် အဆင်ပြေပါတယ်။ ဒီပွဲက တခြားပွဲတွေနဲ့ ဘာကွာမလဲဆိုတော့ ဆိုတာ၊ တီးတာတော့ မကွာဘူးလေ။ Indoor ဖြစ်သွားမယ်။ ဟိုတယ်ထဲရောက်သွားမယ်။ အစားအသောက်တွေ ကျွေးမယ်။ Drinks တွေပါမယ်ပေါ့။ ရိုးရိုးရှိုးထက်စာရင် သူက ဘာနဲ့တူလဲဆိုတော့ Club တစ်ခုမှာ လာကြည့် သလိုမျိုး၊ Bar တစ်ခုမှာလာကြည့်သလိုမျိုး၊ Party ပွဲ တစ်ခုနဲ့ ပိုတူမယ်။ အဓိက ကတော့ စီစဉ်တဲ့သူတွေထဲမှာ Fans တွေလည်း အများကြီးပါနေတော့ Fans တွေက သူတို့ နားထောင်ချင်တဲ့ သီချင်းတွေ၊ Lists တွေ အများကြီးပေး ထားပါတယ်” လို့ပြောပါတယ်။ ဖျော်ဖြေ ပွဲဈေးနှုန်းတွေကိုတော Gold Seat ကို Hot Line ဝ၉၉၆၄၂၅၅၁၅ဝ ကို ဆက် သွယ်နိုင်ပြီး Seat ၈ဝဝဝဝ ကျပ်နဲ့ Standing ၅ဝဝဝဝ ကျပ်တို့ သတ်မှတ် ထားကြောင်း သိရပါတယ်။ ကြိုတင် လက်မှတ်များကို Emperor Fan Club မှာ စတင်မှာကြားနိုင်ပြီဖြစ်ပြီး ပုံမှန် လက်မှတ်တွေကို မန်းသီရိနဲ့ SNW ဆိုင်ခွဲ တွေမှာ ဇန်နဝါရီလ ၁ဝ ရက်နေ့ လောက်ကနေ စတင်ရောင်းချ ပေးပါ မယ်လို့ စီစဉ်သူ ကိုမျိုးသော်ထွန်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here