ခက်မိုက်မိုက်အဆိုတော်မလေး D a y a

0
124

ဟော်လိဝုဒ်ရဲ့ အဆိုတော်မလေး Daya နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူမနာမည်အရင်းက Grace martine Tandon ဖြစ်ပြီး သူမရဲ့ အနုပညာလှုပ်ရှားမှု နာမည်ကတော့ Daya လို့သိရပါတယ်။ သူမရဲ့ အဘိုးက အိန္ဒိယလူမျိုးဖြစ်တာကြောင့် အိန္ဒိယသွေးနှောသူတစ်ယောက်ပါ။ သူမဟာ အသက် ၃ နှစ်ကတည်းက ပီယမ်နို သင်ကြားခဲ့ပြီး အသက် ၁၁နှစ်မှာ jazz piano ပြောင်းလဲ သင်ကြားခဲ့ပါတယ်။ သူမဟာ တခြား တူရိယာတွေဖြစ်တဲ့ Guitar , Ukulele , Sexophone , Fluteတို့ကိုလည်း သင်ကြားခဲ့ပါတယ်။ သူမဟာ တကိုယ်တော် အယ်လ်ဘမ်ကို ၂ဝ၁၅ ခုနှစ်တုန်းက ထုတ်ဝေခဲ့ပြီး“Hide Away” သီချင်းက billboard Hot 100 မှာ နံပါတ် ၂၃ နေရာကို ရရှိခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ်မှာတော့ The Chainsmoker  နဲ့ ပူပေါင်းပြီး “Don’t let me down” သီချင်းကို ရေးသားဖန်တီးခဲ့ပြီး Grammy ဆုစာရင်းမှာ Best Dance Recording ဆုကို ရရှိခဲ့ပါတယ်။ သူမဟာ Sit Stillç Look Pretty သီချင်းကိုတော့၂ဝ၁၆ အောက်တိုဘာမှာ ထုတ်ဝေခဲ့ပြီးြ Billboard မှာ ထိပ်ဆုံး စာရင်းဝင်ခဲ့ပါတယ်။ 2016 Easter Egg Roll ပွဲမှာ Barack Obama ရဲ့ ဖိတ်ခေါ်မှုကြောင့် White House ကို သွားရောက် သီဆိုဖြေဖျော်ခဲ့ပါတယ်။ ၂ဝ၁၇ခုနှစ်မှာတော့“New” သီချင်းကို ဖြန့်ချီခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here