ကျောင်းတက်ရတော့မှာ ဖြစ်တာကြောင့် ဇာတ်ကပြမှု နည်းသွားတော့မယ့် မင်းရွှေရောင်တင် (ခ) ပူတူး

0
230

ဒီနှစ်မှာ ကျောင်းစတက်ရတော့မယ့် သားဖြစ်သူ မင်းရွှေရောင်တင် (ခ)ပူတူးကို ဇာတ်ပွဲကပြမှုပိုင်းကို နား ခိုင်းတော့မယ်လို့ မိဘနှစ်ပါးဖြစ်တဲ့ တင်မောင်ဆန်းမင်း ဝင်းနဲ့ မအေးမမလှိုင်တို့က ပြောပါတယ်။ သားဖြစ်သူကို ဇာတ်ကပြစေတယ် ဆိုတာကလည်း ပရိသတ်တွေရဲ့ တောင်းဆိုမှုအရသာကပြခဲ့ခြင်းသာ ဖြစ်ပါတယ်။ မိဘ နှစ်ပါးအနေနဲ့ကတော့ သားဖြစ်သူကို ပညာတတ်ကြီးဖြစ် စေချင်ပြီး ဘွဲ့ရပြီးမှသာ အနုပညာပိုင်းကို လုပ်စေချင်တဲ့ စိတ်ဆန္ဒတွေရှိနေကြပါတယ်။

”ဒီနှစ်မှာသူကျောင်းစတက်ပြီလေ။ ဒါကြောင့် နောက်ပိုင်းတော့ သူသိပ်ကပြဖြစ်တော့မှာ မဟုတ်ဘူး။သူ့ကိုချစ်ကြတဲ့ပရိသတ်တွေက သူ့ကို တောင့်တကြတယ်။ အဲဒီအတွက်လည်းနားလည်ပေးကြပါ။ ကလေးကို ၁ဝ တန်းအောင်သွားစေချင်တယ်။ ဘွဲ့လေးရသွားရင် ဒီအလုပ်ကို အမြဲတမ်းလုပ်ရမှာဖြစ်တဲ့အတွက် ကျွန်တော့် အနေနဲ့ သူ့ကိုအခုနားခိုင်းလိုက်မယ်ပေါ့။ ကျောင်းပိတ်ရက် တွေမှပဲ ကခိုင်းပါ့မယ်” လို့ သားဖြစ်သူနဲ့ပတ်သက်လို့ တင်မောင်ဆန်းမင်းဝင်းကပြောပါတယ်။ မိခင်ဖြစ် သူ မအေးမမလှိုင်ကလည်း…

”သူက တအားဝါသနာပါနေတဲ့သူဆိုတော့ သူက ကြိုးကြားကြိုးကြားကနေရင်လည်း သူက ဒါကိုပဲစိတ်က စွဲနေတာ။ ဒါကြောင့် အစ်မကသူ့ကို ဇာတ်သဘင် လောက ကနေပြီးတော့ နည်းနည်းလေး နားခိုင်းမယ်ပေါ့။ သားကျောင်းတက်ပြီဆိုတော့ သားသားအတွက်ကို အစ်မအနေနဲ့ အချိန်ပေးရတော့မယ်” လို့ သားဖြစ်သူနဲ့ ပတ်သက်လို့ ပြောပြပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here