မကာင်းတဲ့ကိစ္စတွေရှိရင်လည်း အေးအေးဆေးဆေးနဲ့ တုံ့ပြန်လာနိုင်တယ် မေကဗျာ

0
298

Single Mom ဖြင့်ဘဝကို အောင်မြင်စွာ ရပ်တည်လာနိုင်ခဲ့တဲ့ သရုပ်ဆောင်မေကဗျာက ၂ဝ၁၇ ခုနှစ်ဟာ သူ့အတွက်တည်ငြိမ်အေးချမ်းတဲ့ နှစ်ဖြစ်ခဲ့သလို ဘာသာရေးကိုလည်း တအားလုပ်ဖြစ်ခဲ့တဲ့နှစ်ဖြစ်တယ်လို့ သူက အခုလို ပြောခဲ့ပါတယ်။

”အရင်ကထက်စာရင်တော့ ဒီ ၂ဝ၁၇ ခုနှစ်မှာ ဘာသာရေးကို ပိုလုပ်နိုင်တဲ့အတွက် စိတ်ညစ်စရာတွေ မရှိတော့ဘူး။ ရှိလည်း ဖြေဖျောက် တတ်လာတယ်။ စိတ်ညစ်စရာဆိုခေါင်းထဲမထည့်တော့ဘူး။ သိပ်မတွေး တော့ဘူး။ သူများအပူကိုလည်းမယူဘူး။ ကိုယ့်မှာအပူရှိ နေရင်တောင် ဘာသာရေးနဲ့ပဲဖြေတယ်။ အဲဒီအတွက်ကြောင့် ၂ဝ၁၇ ခုနှစ်ကစပြီး အစ်မ အေးချမ်းတယ် လို့ ခံစားရတယ်။ အရင် ၂ဝ၁၇ ခုနှစ် မတိုင်ခင်အချိန်ထိတော့ အစ်မတော်တော်ယောက်ယတ်ခက်နေသေးတယ်။ ဂဏာမငြိမ်သေးဘူး။ ၂ဝ၁၇ ခုနှစ်ကစပြီး တည်ငြိမ်သွားတယ်။ မကောင်းတဲ့ကိစ္စရှိလာရင်လည်း အေးအေးဆေးဆေးနဲ့ တုံ့ပြန်နိုင်တယ်”လို့ မေကဗျာကပြောပါတယ်။

အနေတည်တဲ့အတွက်ကြောင့် မာနကြီးတယ်လို့ ထင်နေတဲ့သူတွေ ရှိ တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အပြင်မှာ မာနမကြီးဘူးဆိုတာကို မေကဗျာက …

”အစ်မနဂိုကတည်းက မာန်တွေ၊ ဟန်တွေမရှိဘူး။ တစ်ခါတလေကျရင် အနေ တည်တယ်။ တချို့လူတွေက အနေတည်တာကို မာနကြီး တယ်လို့ထင်တယ်။ တကယ်တော့ အစ်မမာနမကြီးပါဘူး။ လူတိုင်းကို ကိုယ်ကအရင်စပြီး နှုတ် ဆက်လိုက်တယ်။ ကိုယ်ကစီနီယာဖြစ်လို့၊ ဂျူနီယာဖြစ်လို့ဆိုပြီး အဲဒီလို စိတ် တွေမထားတဲ့အတွက်အေးချမ်းတယ်။ အမြင်မတော်တာရှိရင်လည်း ပြောပေး လိုက်တယ်။ တကယ်လို့ အဲဒီလိုပြောတာကို သူတို့မကြိုက်ရင် နောက်တစ်ခါ မပြောတော့ဘူး။ ကိုယ့်ဘာသာအေးအေးဆေးဆေးနေတယ်” လို့ပြောပါ တယ်။

အနုပညာအလုပ်တွေနဲ့ မအားလပ်တာကြောင့်သမီးလေးအပေါ် ဂရု မစိုက်နိုင်တာကြောင့် သမီးကိုအားနာမိတယ်လို့ မေကဗျာကခုလို ပြောပါ တယ်။

”သမီးကပြောရမယ်ဆိုရင် သနားဖို့ကောင်းတယ်။ ခုဆိုလည်း ဒီရက်တွေ က သူ့ကျောင်းပိတ်ရက် ပေါ့။ ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေဇန်နဝါရီလ ၈ ရက်နေ့အထိ ကျောင်းတွေပိတ်ထားတယ်။ သူကျောင်းပိတ်တဲ့ ရက်မှာ အစ်မတစ်ရက်မှ မအားဘူး။ သူသွားချင်တဲ့နေရာကို လုံးဝလိုက်မ ပို့ပေး နိုင်ဘူး။ သူများတွေ ဒီအချိန် ခရီးထွက်ကြတယ်။ ဒါပေမဲ့ အစ်မသူ့ကိုခရီး မထွက်ပေးနိုင်ဘူး။ ရက်တွေက သူအားတဲ့ရက်နဲ့ အစ်မမအားတဲ့ရက် တွေဖြစ်နေတယ်။ အဲဒါကြောင့်သူ့ကို ဘယ်လိုမှ အချိန်မပေးနိုင်ဘူး။ အဲဒီ အတွက်လည်းသမီးလေးကို သနား တယ်”လို့ မေကဗျာပြောပါတယ်။

လတ်တလောမှာတော့ သရုပ်ဆောင် မေကဗျာဟာ သီချင်းတွေဆိုနေပြီး ဇန်နဝါရီလ ၂ဝ ရက်နေ့မှာ ကပြ တင်ဆက်မယ့် နှင်းဆီနယ်နိမိတ် အတွက် ပြင်ဆင်နေတယ်လို့ သိရပါ တယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here