ဂန္တဝင် အဆိုတော်ကြီးများရဲ့ သီချင်းတွေကို ပြန်လည်သီဆိုရတာ တာဝန်လည်း ကြီးသလို ဂုဏ်လည်းယူမိတယ် ဖြူဖြူကျော်သိန်း

0
188

အဆိုတော်ကြီး ခင်မောင်တိုးသီဆိုထားတဲ့ ဆည်းလည်းလှိုက်သံသီချင်းကို Version အသစ်နဲ့ ဖြူဖြူကျော်သိန်း က ပြန်လည်သီဆိုထားပါတယ်။ ဒါကလည်း ပရိသတ်တွေနဲ့ ပရိုဂျုစာရဲ့ တောင်းဆိုမှုကြောင့်ဖြစ်ပြီး ဒီလို ပြန်လည်သီဆို ဖို့ ထူးထူးခြားခြား အခွင့်အရေးရရှိတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်လို့ သူကပြောပါတယ်။

”တာဝန်လည်းကြီးသလို တစ်ဖက်ကလည်း တအားဂုဏ်ယူတယ်။ ပုံစံအသစ်လေးတော့ဖြစ်မယ်ပေါ့။ နောက် တစ်ခု ဘာလဲဆိုတော့ ဂန္ထဝင်အဆိုတော်ကြီးတွေရဲ့ သီချင်းတွေကို Delete လုပ်ပစ်လိုက်တာတော့မဟုတ်ဘူးလေ။ အင်တာနက်မှာပဲဖြစ်ဖြစ် အခွေထဲမှာပဲဖြစ်ဖြစ် ရှိနေဦးမှာပဲ။ ဂန္တဝင်အဆိုတော်ကြီး တွေရဲ့အသံဂန္တဝင်အဆိုတော်ကြီးတွေရဲ့ဟန်ကိုမှ နားထောင်ချင်ကြတဲ့ ပရိသတ်တွေက တော့ဒီသီချင်းလေးတွေကို အွန်လိုင်းမှာပဲဖြစ်ဖြစ် သူတို့ရဲ့ မူရင်းအသံနဲ့ နားထောင်လို့ ရသေးတယ်။ သူတို့ရဲ့အခွေတွေဆိုရင်လည်း စီဒီချပ်တွေနဲ့ သီးသန့်ပြန်ထုတ်ထားတာလည်းရှိသေးတယ်။ သူတို့ရဲ့ မူရင်းအသံ၊ မူရင်းဟန်နဲ့ပေါ့လေ။ အခုဒီအခွေလုပ်တယ်ဆိုတာက ကြတော့ ဒီလိုမျိုး သီချင်းလေးတွေကို ဖြူဖြူတို့ လူငယ်အဆိုတော် တွေကို ပုံစံအသစ်နဲ့ ပရိုဂျုစာကဆိုခိုင်းတယ်ဆိုတာကကြတော့ ဖြူဖြူ တို့ရဲ့ လူငယ်ပရိသတ်တွေ ဒီဂန္တဝင်သီချင်းတွေကို ဖြူဖြူ တို့ရဲ့အသံဟန်လေးနဲ့ နားထောင်လို့ရအောင် သူတို့ကပြန်ပြီး တော့ လုပ်ပေးကြတာပါ” လို့ သီချင်းနဲ့ပတ်သက်လို့ ဖြူဖြူ ကျော်သိန်းကပြောပါတယ်။

ဖြူဖြူကျော်သိန်းသီဆိုထားတဲ့ ဆည်းလည်း လှိုက်သံသီချင်းမှာ ဦးတင်ရီကိုယ်တိုင် တယောထိုးထားပြီး နိုင်ဇော်(Lazy Club)ကလည်း Music Arrangement ကို လုပ်ပေးထားပါတယ်။

”ဖြူဖြူအနေနဲ့ ဒီလိုပုံစံမျိုးကို မဆိုဖူးဘူး။ အရင် တုန်းကတစ်ခါမှ မဆိုဖူးတဲ့ ပုံစံဖြစ်တယ်။ ကိုယ့်အနေ နဲ့ကတော့ ကိုယ်သီဆိုထားပြီးတဲ့အချိန်မှာ တော်တော် လေး အားရကျေနပ်တယ်။ ကိုယ့်အနေအထားလေးနဲ့ ကိုယ်ပေါ့လေ။ ဂန္ထဝင်အဆိုတော်ကြီးတွေကိုတော့ ဘယ်မီနိုင်မှာလဲလေ။ ပုံစံတစ်မျိုးစီပဲထွက်မှာပေါ့” လို့ သီချင်းဆိုဖြစ်ခဲ့ပုံအကြောင်း သူက ပြောပါတယ်။ ဒါ့ အပြင် တေးရေးကိုလေးလွင် ရေးသားထားတဲ့ ဖြေး ဖြေးလေးနဲ့ ညိမ့်ညိမ့်လေး သီချင်းကိုအောင်ထက်နဲ့အတူ ဖြူဖြူကျော်သိန်းက ပြန်လည်သီဆိုထားပါသေးတယ်။ ဖြူဖြူကျော်သိန်းက နယူးရီးယားညကိုတော့ ရန်ကုန်မှာပဲ သီချင်း တွေဆိုရင်း ဖြတ်သန်းခဲ့ပါတယ်။ ဇန်နဝါရီလထဲမှာတော့ Music tour တွေ သွားဖို့ရှိတယ်လို့ သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here