အောင်ရဲထွေး မထင်မှတ်ဘဲ ရုတ်တရက်ကွယ်လွန်ခဲ့တဲ့အပေါ် သူ့ပရိသတ်တွေရဲ့ ခံစားချက်

0
268

ဖေ့စ်ဘုတ်ခ်ပေါ်မှာ ပျော်စရာ ဟာသမူဗီအတိုလေးတွေကို ဖန်တီးပြီး ကြည့်ရှုသူ ဆယ်သန်းကျော်အထိ အချိန်တိုအတွင်းမှာ အောင်မြင်မှုရလာတဲ့ အောင်ရဲထွေးတစ်ယောက် Happy New Year ညမှာ လူအချို့ရဲ့ ရိုက်နှက်မှုကိုခံရပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီအဖြစ်အပျက်က မထင်မှတ်ဘဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး အောင်ရဲထွေးရဲ့ ဟာသဗီဒီယိုလေးတွေ ကို အားပေးနေတဲ့ သူ့ပရိတ်သတ် တွေအတွက်တော့ တကယ့်ကို မယုံနိုင်စရာ အဖြစ်ဆိုးတစ်ခုဖြစ်ခဲ့ သလို သူ့ပရိသတ်တွေ ကြားမှာလည်း အကြီးအကျယ်ဂယက်ရိုက်ခဲ့ပါတယ်။ ဒါကြောင့် ပေါ်ပြူလာ ပရိသတ်တွေအတွက် အခုတ စ် ပတ်မှာတော့ အောင်ရဲထွေးမထင် မှတ်ဘဲ ရုတ်တရက်ကွယ်လွန်ခဲ့ တဲ့ အပေါ် သူ့ပရိသတ်တွေရဲ့ ခံ စားချက်စကားသံအချို့ကို စုစည်း ဖော်ပြပေးလိုက်ရပါတယ်…

မေသူထက်

ကိုအောင်ရဲထွေးကိုစသိတာက ၂ဝ၁၆ ခုနှစ်လောက်ကတည်းကပါ။သူက ကိုယ့် idol သူလေ။ ကိုယ်စိတ်ညစ်ရင် တောင် သူ့ဟာသ video လေးတွေ ကြည့်ပြီး အပျော်ရှာရတာဆိုတော့ အခုလိုရုတ်တရက်ကြီးဖြစ်သွား တော့ ဝမ်းနည်းမိပါတယ်။ အဲဒီ သ တင်းကို ကြားကြားချင်း တကယ် စိတ်မကောင်းပါဘူး။ ဘဝဆက်တိုင်း ဒီလိုအဖြစ်မျိုးမကြုံပါစေနဲ့လို့ ဆု တောင်းပေးပါတယ်။

ခင်ခင်လေး

အလုပ်တွေဘာတွေ ပင်ပန်း စိတ်တွေ မွန်းကြပ်နေရင် သူတင် ထားတဲ့ ဟာသဗီဒီယိုလေးတွေကြည့် ပြီး စိတ်ညစ်တာတွေပြေပျောက်ပြီး ဘဝအမောတွေပြေခဲ့ရတာပါ။ သူများ တွေလည်းဟာသ ဗီဒီယိုတွေတင်ပါ တယ်။ ဒါပေမဲ့ သူ့ကိုတော့ မမီဘူးလို့ ထင်ပါတယ်။ သူကရုပ်အမူအရာ၊ ဟန်ပန်တွေက အသက်ပါတယ်လေ။ သူဖန်တီးခဲ့တဲ့ ဟာသဗီဒီယိုတွေထဲမှာ တော့ နောက်ဆုံးတင်ထားတဲ့ ကလပ် ကိုသွားတဲ့ ဗီဒီယိုကိုတော့ အကြိုက် ဆုံးပါပဲ။ တကယ်ပါအဲလိုမျိုးနဲ့တော့ မသေစေချင်ပါဘူး။ ဘယ်လောက်ပဲ မုန်းတယ်ပြောပြော အဲဒီလောက်ထိ အသက်သေအောင်တော့မလုပ်သင့် ပါဘူး။ တရာခံတွေကိုလဲ အမြန်ဆုံး ဖမ်းမိစေချင်ပါတယ်။ သူ့မိသားစုတွေ တော်တော်ခံစားရမှာကိုလည်း ကိုယ် ချင်းစာပါတယ်။ ဘဝဆက်တိုင်းလည်း ဒီလိုမျိုးမကြုံပါစေနဲ့ ဆုတောင်းပေး ပါတယ်။

ခင်မျိုးထွေး

ကြားကြားချင်း ယုံတောင်မယုံ နိုင်ပါဘူး။ ဘာလို့ခုလို အသတ်ခံရ တာလဲတော့သိချင်မိပါတယ်။ ငယ် ငယ်ရွယ်ရွယ်လေးနဲ့သေတာ အနု ပညာအတွက် တကယ်ကိုနှမြောမိပါ တယ်။ ကိုယ်တွေတောင် ဒီလိုခံစား ရတာ သူ့မိဘတွေတော့ တော်တော် ခံစားရမှာပဲ။ သူနဲ့ Kelvin Kate က တကယ်ကိုအတွဲ ညီခဲ့တာပါ။ သူ ဖန်တီးထားတဲ့ အနုပညာတွေကတော့ သူ့ fan တွေ ရင်ထဲမှာ စွဲမြဲကျန်ခဲ့မှာ ပါ၊ ကောင်းရာမွန်ရာ ရောက်ပါစေလို့ လဲ ဆုတောင်းပေးလိုက်ပါတယ်။

ကျော့ကေကို

သတင်းကြားကြားချင်း ယုံတောင် မယုံနိုင်ဘူး။ လန့်သွားတယ်။ တကယ် ဝမ်းနည်းပြီး ကြေကွဲခံစားရပါတယ်။ သူ့ကိုစပြီးသိတာကတော့ ၂ဝ၁၇ တုန်း ကပါ၊ သူတင်တဲ့ဟာသ video တွေမှန် သမျှ အကုန်ကြိုက်တယ်။ အားလည်း ပေးတယ်။ ကိုယ့်အတွက်စိတ်အပန်း လည်းပြေစေတယ်လေ။ သူတင်သမျှ video တိုင်းလည်း မလွတ်တန်း အား ပေးလာခဲ့တာပါ။ အခုလို ကိုယ်အား ပေးလာခဲ့တဲ့ အနုပညာရှင်တစ်ယောက် ရုတ်တရက်ကြီး ကွယ်လွန်သွားတဲ့ အပေါ် အလွန်းထိခိုက်ခံစားရပါတယ်။ ကိုအောင်ရဲထွေးတစ်ယောက်လည်း ကောင်းရာမွန်ရာရောက်ပါစေလို့ ဆု တောင်းပေးပါတယ်။

ဆုမြတ်မွန်

ကိုအောင်ရဲထွေးကို စသိတာ က၂ဝ၁၇လောက်ကပါ။ သူသရုပ် ဆောင်ပုံကို ကြိုက်တယ်။ သူတင်တဲ့ video တွေကိုလဲ အကုန်လုံးနီးပါး ကြိုက်ပါတယ်။ အခုလိုမျိုး သေဆုံး သွားတဲ့အပေါ် ကြားကြားချင်း မယုံ မိပါဘူး။ အလွန်းဝမ်းနည်းရပါတယ်။ ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။

ကြူကြူအောင်

သူအခုလိုဆုံးသွားတာ အရမ်းခံ စားရပါတယ်။ သူ့သူငယ်ချင်းကို interview လုပ်တဲ့ video ကိုကြည့်ပြီး ကိုယ်ပါလိုက်ငိုမိတဲ့အထိ အရမ်းဝမ်း နည်းပါတယ်။ သူ့ကိုသတ်လိုက်တာ က သူတစ်ယောက်တည်းကိုပဲ သတ် လိုက်တာ မဟုတ်ပါဘူး။ သူ့ကြောင့် ပျော်ရွှင်ခဲ့ရတဲ့လူသိန်းပေါင်းများစွာ ရဲ့ နှလုံးသားကို သတ်လိုက်သလိုပါပဲ။ သူတင်တဲ့ video တွေထဲမှာ နောက် ဆုံးတင်လိုက်တဲ့ video ကို အကြိုက် ဆုံးပါပဲ။ သူက လူတွေကိုပျော်ရွှင် အောင်လုပ်ပေးခဲ့တဲ့အတွက် ကောင်း ရာဘုံဘဝရောက်ပါစေ။ နောင်ဘဝ ဆက်တိုင်းလည်း အခုလိုအဖြစ်ဆိုးမျိုး မကြုံပါစေနဲ့လို့ဆုတောင်းပေးပါတယ်။

ခိုင်သဇင်ဦး

သူတင်တဲ့ဟာသ video အား လုံးကို ကြိုက်တယ်။ အဲ့ဒီအထဲမှာမှ မိန်းကလေးတွေ အမြဲမှန်တယ်ဆိုတဲ့ ဟာသကို ပိုကြိုက်တယ်။ အခုလိုရုတ် တရက်ကြီးကွယ်လွန်သွားတဲ့အပေါ်အရမ်းအံ့သြမိတယ်။ ကိုယ့်အစ်ကို အရင်းတစ်ယောက် ဆုံးရှုံးသွားသလို ခံစားရတယ်။ သူတင်ထားတဲ့ video တွေဆို download လုပ်ပြီး သိမ်း ထားတယ်။ စိတ်ညစ်တဲ့အခါ၊ ဝမ်း နည်းတဲ့အခါသူ့ video လေးကြည့်မိ ရင် စိတ်ညစ်မှုတွေပျောက်ပြီး ပျော် ရွှင်ရလို့ပါ။ လူတွေကိုပျော်ရွှင် အောင်လုပ်ပေးခဲ့တဲ့ လူတစ်ယောက် အခုလိုမျိုးဖြစ်သွားတာတကယ် စိတ် မကောင်းပါဘူး။ ကောင်းရာမွန်ရာ ရောက်ပါစေလို့လည်း ဆုတောင်းပေး ပါတယ်။

အောင်ပြည့်စုံ


LEAVE A REPLY

Please enter your comment!
Please enter your name here