မန်ဟဲ ဆရာတော် ဟန်ယွန်းအုန်း နှင့် ဆရာတော် ဦးဥတ္တမတို့အကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ကူးရန် အစီအစဉ်ရှိ

0
266

လွတ်လပ်ရေးလှုပ်ရှားမှု နိုင်ငံတကာရုပ်ရှင် မြန်မာနိုင်ငံပြပွဲကို ဇန်နဝါရီ လ ၃ရက်နေ့ မှ၅ရက်နေ့ အထိ ရန်ကုန်မြို့၊ ဝင်္ကပါလမ်းရှိ MMPO Cinema မှာပြုလုပ်ခဲ့သည်။ အဆိုပါပွဲကိုတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ဟန်အီး ရုပ်သံသမိုင်း ဖောင်ဒေးရှင်းတို့ ပူးပေါင်းတင်ဆက်ပြီး ကောင်းကင် သစ်မီဒီယာမှ ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် အဓိက ကူညီပံ့ပိုးပေးထားသည်။ လွတ်လပ်ရေးလှုပ်ရှားမှု နိုင်ငံတကာ ရုပ်ရှင် မြန်မာနိုင်ငံပြပွဲသည် ရုပ်ရှင် ကြည့်ခြင်းဖြင့် လွတ်လပ်ရေးသမိုင်းကို သိစေသည်ဆိုသည့် အချက်ဖြင့် သူ့ကျွန်ဘဝသို့ ရောက်ရှိဖူးသည့် နိုင်ငံများ၏အတွေ့အကြုံအကြောင်း ရုပ်ရှင် များကိုပြသပြီး ရုပ်ရှင်အကြောင်း ရှင်းလင်းသည့် ရုပ်သံများအား ကြည့်ခြင်း၊ ရုပ်ရှင်ဇာတ်ကား၏ သမိုင်းနောက်ခံ၊ လွတ်လပ်ရေးသမိုင်းဝင်ခေါင်းဆောင် ကြီးများ၏ ရုပ်ရှင်များအား ကြည့်ခြင်းဖြင့် လွတ်လပ်ရေးသမိုင်းကို လွယ်ကူ စွာ သိရှိနားလည်စေရန် ရည်ရွယ်ကြောင်းသိရသည်။
ရုပ်ရှင်ပြပွဲကိုအကြောင်းပြုပြီး ကိုရီးယား-မြန်မာနိုင်ငံ ချစ်ကြည်ရေးကို ခိုင်မာစေရန်ရည်ရွယ်သည့် ပြပွဲဖြစ်ကြောင်းသိရသည်။ လွတ်လပ်ရေး လှုပ်ရှားမှု နိုင်ငံတကာရုပ်ရှင်ပြပွဲသည် လွတ်လပ်ရေးလှုပ်ရှားမှုနှင့် ပတ်သက် သော ရုပ်ရှင်ဇာတ်ကားများအား အမှီပြု၍ လွတ်လပ်ရေးစိတ်ဓါတ်နှင့် မျိုးချစ် စိတ်အသိအား မြင့်မားလာစေရန် ရည်ရွယ်ပြီး ကျေးဇူးရှင် လွတ်လပ်ရေး မိခင်ကြီး၊ ဖခင်ကြီးများအား အမှတ်ရ၍ နိုင်ငံအတွက် တစ်ဖက်တစ်လမ်းမှ ပူးပေါင်း ပါဝင်လိုစိတ်ဖြင့် နိုင်ငံ၏တိုးတက်ရေးတွင် အထောက်အကူပြုသူများ များပြားလာစေရန် ရည်ရွယ်ကြောင်းလည်းသိရသည်။ အဆိုပါ ရုပ်ရှင်ပွဲတော် ကို ၃ရက်တာ ပြုလုပ်ခဲ့ပြီး ငဘရုပ်ရှင်ဇာတ်ကား၊ မိုက်ကယ် ကောလင်း၊ သူလျှို၊ ဟောကိန်း၊ အိမ်အပြန်လမ်း စသည့်ရုပ်ရှင်ဇာတ်ကားများ ပြသခဲ့သည်။

”ရုပ်ရှင်ပွဲတော်ကို နှစ်တိုင်းလုပ်သွားမယ်ဆိုတဲ့ နားလည်မှုတွေက အကြမ်းဖျင်းရထားတယ်။ အတိအကျတော့ မဟုတ်သေးဘူး။ အတိအကျ ကတော့ နောက်ထပ်ထပ်ပြီးတော့ ဆွေးနွေးမယ်ပေါ့။ နောက်ထပ်ကျတော့ ဆရာတော်ဦးဥတ္တမနဲ့ မန်ဟဲဆရာတော်တို့နှစ်ပါးရဲ့ အဓိကဆက်စပ်မှုကို ရှာဖွေ ပြီးတော့ မှတ်တမ်းရုပ်ရှင်လေး ရိုက်ချင်တယ်ဆိုတဲ့ စိတ်ကူးရှိတယ်။ ရုပ်ရှင် မရိုက်ကူးခင်စပ်ကြားမှာ စာတမ်းဖတ်ပွဲတွေ၊ Seminar ပွဲတွေ လုပ်သွားဖို့ အစီ အစဉ်တွေရှိတယ်။ ဒီ၂ဝ၁၈ခုနှစ်ထဲမှာပဲ ဖြစ်သွားမယ်လို့ ထင်ပါတယ်” ဟု ကောင်းကင်သစ်မီဒီယာမှ ကိုမျိုး (မြန်မာစာ)ကပြောသည်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here