အွန်လိုင်းပေါ်က အနုပညာရှင်တို့ အထူးသတင်း

0
194

ကိုကိုပွကျယ်တို့ရဲ့ ဖိုက်တင်မင်းသားကြီး ရဲမင်းပိုင်တစ်ယောက် မြန်မာ ပြည်ကို ပြန်လာပြီး အနုပညာအလုပ်တွေ ပြန်လုပ်တော့မယ်လို့ သိရတော့ ပရိသတ်တွေနဲ့အတူ ဝမ်းသာပီတိဖြစ်ရပါတယ်။ နိုင်ငံခြားမှာ အကြာကြီး နေပြီးမှ မြန်မာပြည်ကိုပြန်လာမယ့် ရဲမင်းပိုင်ကို ပရိသတ်တွေ မမေ့ဘဲ သတိရနေကြသလို၊ လူငယ်တွေလည်း ဖိုက်တင်မင်းသားကြီး ရဲမင်းပိုင်ရဲ့ ဇာတ်ကားတွေ ပြန်ကြည့်ရတော့မယ်ဆိုတော့ ဝမ်းသာပီတိဖြစ်နေကြပါပြီ။

မြန်မာပြည်ကို ပြန်လာဖို့အတွက်အစ်ကိုကျော်သူ ရဲ့ တိုက်တွန်းချက် ကြောင့် ပြန်လာရတာပါဆိုတဲ့ ရဲမင်းပိုင်က…

” ကျွန်တော် မြန်မာပြည်ကို ပြန်လာဖို့ အစ်ကိုကျော်သူက စတင် ပြောခဲ့ပါတယ်။ ပြီးတော့ အမေရိကန်နိုင်ငံက သူငယ်ချင်းဖြစ်သူ ကိုအေး သိန်းထွေးက ကျွန်တော့်ကို မြန်မာပြည်ပြန်ပြီး အနုပညာအလုပ်တွေကို ပြန်လုပ်ဖို့ အထူးတိုက်တွန်းခဲ့ပါတယ်။

ကျွန်တော် ဒီစာအုပ်လေးရဖို့ ၂ဝ၁၇ခုနှစ်၊ စက်တင်ဘာလ မှာစတင်ခဲ့ပါတယ်။ Fort Wayne ဇေတဝန် ဆရာတော် ဦးကုသလက အထူးကူညီခဲ့ပါတယ်။ ကျေးဇူးရှိသူတွေရဲ့ ကျေးဇူးကို ကျွန်တော်မမေ့ပါ။ စာအုပ်လေး ကျွန်တော့်ဆီကို ၂ဝ၁၈ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်မနက်မှာ ရောက်ရှိလာပါပြီ။ မကြာခင် ကျွန်တော် ပြည်မြန်မာကြီးကို တောင်းပန်ဖို့၊ အမိအဖတွေကို တောင်းပန်ဖို့၊ ကျွန်တော် အနှစ်နှစ်ဆယ် ကျင်လည်ခဲ့တဲ့ အနုပညာ အလုပ်ကိုတောင်းပန်ဖို့၊ ကျွန်တော့် အပေါ်ကောင်းတဲ့ တပည့်တွေနဲ့ ပြန်လည်ဆုံစည်းဖို့၊ နယ်ပေါင်းစုံ ရွာပေါင်းစုံမှာ ပြည်နယ်ပေါင်းစုံမှာ ယနေ့ထိ ကျွန်တော့်ကိုတမ်းတနေတဲ့ ချစ်ခင်သူတွေကို တောင်းပန်ဖို့ မကြာခင်ရက်ပိုင်း အတွင်း ကျွန်တော် ရောက်လာတော့မှာပါ။ ကျွန်တော် ဘဝအတွက်အမိမြေကို ကျောခိုင်းထွက်ခဲ့တဲ့သူပါ။ ကျွန်တော် တောင်းပန်ပါတယ်အမိမြေ။ တစ်ချိန်က အခက်အခဲ အကျပ်တည်းတွေ မခံနိုင်လို့ပါ။ ကျွန်တော့်ကို အမိမြေ ဝင်ခွင့်ပြုပါလို့ရိုသေစွာ တောင်းခံပါတယ်အမိမြေ။ အနုပညာနဲ့ ကျွန်တော် ကံကုန်ပြီလို့ ထင်မိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အနုပညာက ကျွန်တော်ကို ”မင်းပြန်လာခဲ့ပါ ကံမကုန်သေးဘူး။ အများကြီး လုပ်စရာတွေရှိတယ်တဲ့” လို့ ပြောပြပါတယ်။ အားလုံးသော၊ ချစ်ခင်ရသော မိတ်ဆွေတွေ၊ ကျေးဇူးရှင်တွေ ချမ်းသာစွာပျော်ရွှင်စွာ အေးငြိမ်းသောဘဝတွေနဲ့ ထာဝရတည်ရှိကြပါစေ။ ရဲမင်းပိုင် သရုပ်ဆောင် (တစ်ချိန်က)”လို့ ပတ်စ်ပို့စာအုပ် ရလာရခြင်းအကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်ခ်မှာပြောပြထားပါတယ်။

အနုပညာနဲ့ ကံမကုန်သေးဘဲ ပရိသတ်တွေအတွက် အနုပညာတွေ ပြန်လည်ပြသခွင့်ရတော့မှာမို့ မင်းသားရဲမင်းပိုင်အတွက် ဝမ်းသာပီတိဖြစ်ရ ပါတယ်။ အနုပညာဆိုတာ အသက်သေဆုံးခါနီးအထိ လုပ်သွားရမယ့် အရာဖြစ်ပါတယ်။ အနုပညာ တီထွင်ဆန်းသစ်ဖန်တီးမှုတွေနဲ့အတူ အနုပညာမှတ်တိုင်ဖြစ်တဲ့ အကယ်ဒမီဆုကြီးလည်း ရရှိပါစေလို့ မင်းသားကြီးရဲမင်းပိုင်အတွက် ကိုကိုပွကျယ် ဆုတောင်းပေးလိုက်ရပါတယ်။

ကိုကိုပွကျယ်


LEAVE A REPLY

Please enter your comment!
Please enter your name here