ရုပ်ရှင်ဇာတ်ကားကို စီးပွား ဖြစ်မရိုက်ကူး ဘူး လွင်မိုး

0
365

ဇာတ်ကားတွေ မရိုက်ကူးဖြစ်တာကြာပြီဖြစ်တဲ့ လွင်မိုးက The Gentlemen (လူကြီးလူကောင်းများ) ရုပ်ရှင် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

“ရုပ်ရှင်ကို ကျွန်တော်စီးပွားဖြစ် ရိုက်ကူးနေတာမဟုတ်ဘူး။ သူငယ်ချင်းမိတ်ဆွေ၊ အသိုင်း အဝိုင်းတွေ၊ ခင်မင်တဲ့သူတွေနဲ့ အံဝင်ခွင်ကျမှုရှိတဲ့အချိန်မှာ ရိုက်ကူးပေးတာဖြစ်တယ်။ အခုရိုက်ကူးမယ့် လူကြီးလူကောင်းများကလည်း ဒီအတိုင်းပါပဲ။ ကျွန်တော်တို့အများပိုင်မှာ ကျွန်တော်ကဥက္ကဋ္ဌ၊ မင်းသား ၄ ယောက်ရိုက်ကူးမယ်ဆိုတော့ ကျွန်တော်ဝင်ပါပေးတာပါ။ စိုးမြတ်သူဇာလည်းပါတယ်” လို့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖြစ်ပုံကို ပြောပါတယ်။ ဒီဇာတ်ကားမှာ လွင်မိုး၊ လူမင်း၊ နေတိုး၊ ပြေတီဦး၊ စိုးမြတ်သူဇာ၊ ထက်ထက်ထွန်း၊ စဝ်ယွန်းဝတီဦး၊ ရွှေအိမ်စည်နဲ့ ယွန်းဝင့်လွှာအောင်တို့ ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟက ရိုက်ကူးပုံဖော်မှာဖြစ်ပါတယ်။

 “ဇာတ်ကားတွေက သိတဲ့အတိုင်း ဇာတ်ကား ၃ဝဝ ကျော်လောက်ရှိတယ်။ အဲဒီထဲမှာလည်း ပြိုင်ဆိုင်မှုတွေများတယ်။ အများပိုင်ဆိုတာက ရုပ်ရှင်လောကသားပေါင်း ၄ဝဝ ကျော်ပါတယ်။ သူတို့အတွက် ကျွန်တော်တို့လုပ်ပေးတာပါ။ မင်းသား ၄ ယောက်အားနဲ့ အဓိကအများပိုင်က ဝင်ငွေရလာမယ်။ ဝင်ငွေရရင် ရုပ်ရုင်လောကသားတွေ ခံစားရမယ်။ ရုပ်ရှင်ဇာတ်ကားရဲ့ အားသာမှုကို လိုချင်တာ။ အားသာမှုကို မင်းသး ၄ ယောက်နဲ့ လိုချင်တာ။ ဒီသဘောပါပဲ”လို့ ပြောပါတယ်။ ရုပ်ရှင်ရုံ ၁ဝဝ စီမံကိန်းကိုလည်း အကောင်အထည်ဖော်နေတဲ့ လွင်မိုးက ဒီနှစ်ထဲမှာ ရုပ်ရှင်ရုံ ၄ဝ လောက်ဖွင့်လှစ်ဖို့ စိတ်ကူးထားပေမယ့် စီးပွားရေးအခြေအနေတွေကြောင့် ရုပ်ရှင်ရုံ ၂ဝ လောက်ပဲ ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here