ရုပ်ရှင်ရိုက်ကူးတော့မယ့် စိုးသူ

0
286

ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးမယ်လို့ ပြောထားတာကြာပေမယ့် မရိုက်ကူးဖြစ်သေးတဲ့ စိုးသူက ၂ဝ၁၈ ခုနှစ်ထဲမှာတော့ ငြင်းလို့ မရတဲ့အတွက် ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးတော့မှာဖြစ်ကြောင်း ပြောပါတယ်။

”ကိုဝိုင်း ဒါရိုက်တာလုပ်ပြီး၊ ထုတ်လုပ်သူကတော့ မသိဘူး။ ဇာတ်ကားတစ်ကားရိုက်ကူးဖို့ စိတ်ပါ ဝင်စားစွာနဲ့ ပြောနေတာရှိတယ်။ အဲဒီဇာတ်ကားရိုက်ကူးဖြစ်မယ်။ ကိုမျိုးမင်းနဲ့လည်း ပြောထားတော့ သူနဲ့လည်းရိုက်ကူးဖြစ်မှာပါ။ နောက် ကိုထွန်းတို့ ထုတ်လုပ်ရေးနဲ့လည်း တစ်ကားရိုက်ကူးမယ်။ အဲဒီ ၃ကား၊ ၄ ကားလောက်တော့ ရိုက်ကူးဖြစ် အောင်ရိုက်မယ်။ အရင်တုန်းကလည်း ရိုက်ကူးမယ်ရိုက်ကူးမယ်နဲ့ ပတ်ပြေးနေတာ။ တမင်ပြေးတာတော့ မဟုတ်ပါဘူး။ စာသွားသင်တာနဲ့ အချိန်မရလို့ပါ။ ဒီနှစ်ထဲတော့ အနည်းဆုံး ၁ကား၊ ၂ ကား၊ ဒါမှမဟုတ် ၃ကားစလုံး ရိုက်ကူးဖြစ်ချင်လည်း ရိုက်ကူးဖြစ်မယ်။ အများကြီးတော့ မဟုတ်ပါဘူး”လို့ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးဖြစ်တော့မယ့် အကြောင်း စိုးသူက ပြောပါတယ်။ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်ကားလည်းဖြစ်သလို ပရိသတ်အတွက် အကျိုးရှိစေမယ့် ရုပ်ရှင် ဇာတ်ကားတွေ ရိုက်ကူးသွားမှာ ဖြစ်ကြောင်း စိုးသူက ပြောပါတယ်။

သီချင်းတွေနဲ့ ပတ်သက်ပြီးလည်း အဆက်ဖြတ်ထားတဲ့ စိုးသူက သင်္ကြန်ဆိုရင် တစ်နှစ်ခြားတစ်ခါသီဆိုဖျော်ဖြေမှာဖြစ်ကြောင်း ကိုတော့ စိုးသူက…

”တီးဝိုင်းက ညီအစ်ကိုတွေ၊ အထူးသဖြင့် Majester က ညီအစ်ကိုတွေ၊ လူငယ်ခြေတက်ညီအစ်ကိုတွေပါ ပါလာတော့ လူကပိုစုံလာပြီး အစ်ကိုကမလုပ်ဖြစ်တာ။ သင်္ကြန်မှာဆိုရင်လည်းလာငှားရင် ကိုယ်ကလက် မခံဘူး။ ဟိုတစ်နှစ်က တရားစခန်းဝင်တယ်။ သင်္ကြန်တွေဆိုရင်တော့ တစ်နှစ်ခြားလောက် လက်ခံပြီးဆိုတာပေါ့။ မနှစ်က ဥပုသ်စောင့်တယ်။ ဒီနှစ်တော့သီချင်းဆိုဖြစ်မယ်။ တီးဝိုင်းနဲ့ ကလည်း ကိုယ်ပိုင်သံစဉ်အခွေထုတ် ပြီး MTV ဆက်မရိုက်ကူး ဖြစ်ဘူးဖြစ်နေတယ်။ အမြင်ဆန်းတာဆိုရိုက်ကူးမယ်။ သမားရိုးကျဆိုရင် ကိုယ်လည်းရိုက်ကူးခဲ့ဖူးတော့မရိုက်ကူး ချင်တော့ဘူး။ ဒီခေတ်လည်း အလွန်ကောင်းအောင် ရိုက်ကူးနေကြပြီ။ ကောင်းကောင်းလေးနဲ့ ထူးခြားတယ် ဆိုရင်တော့ရိုက် ကူးဖြစ်မှာပါ”လို့ ဆိုပါ တယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here