ဖခင်က စစ်သားဖြစ်တဲ့ အတွက် တပ်မတော် ဂုဏ်ပြုဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ စိုးမြတ်နန္ဒာ

0
435

ဇာတ်ကားတွေ မရိုက်ကူးဖြစ်တာ ကြာပြီဖြစ်တဲ့ စိုးမြတ်နန္ဒာက တပ်မတော်ဂုဏ်ပြုဇာတ်လမ်းဖြစ်တဲ့ ‘စစ်ကိုမုန်း၍ တိုက်ခဲ့သည်’ ဇာတ်လမ်းမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

”အဖေကလည်းစစ်သား။ ကိုယ်တွေကလည်း ငယ်ငယ်ကတည်းက ၁၂ နှစ်လောက်အထိ စစ်တပ်ထဲမှာ ကြီးပြင်းခဲ့ရတာဆိုတော့ အဲဒါကြောင့် ဒီဇာတ်လမ်းကိုရိုက်ကူးချင်လာလည်းပါတယ်”လို့ တပ်မတော်ဇာတ် လမ်းမှာ ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့ပုံအကြောင်းကိုပြောပါတယ်။ ဒီဇာတ်လမ်းမှာ ပီပြင်စွာ သရုပ်ဆောင်နိုင်ဖို့ အတွက် ကြိုတင်လေ့ ကျင့်ပြင်ဆင်မှုတွေလည်းလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

”ရဲမေတွေအကြောင်း ရိုက်ကူးတာဆိုတော့ ဟိုမှာတကယ်တိုက်ပွဲ ဝင်ရတဲ့ ရဲမေတွေကိုလည်း အင်တာဗျူးလုပ်တာပေါ့။ အနီး စပ်ဆုံးတူအောင်တော့ ရိုက်ကူးရတာပေါ့။ ရုပ်ရှင်ဆိုတော့ ရုပ်ရှင်လိုရိုက်ကူးရတာမျိုးလည်းရှိတာပေါ့။ အတွေ့ အကြုံကတော့ သေနတ်တွေ ပစ်ရတာပေါ့။ သေနတ်တွေ ပစ်ရတာတော့နည်းနည်းတော့ ကြောက်တယ်။ စစ်တွေ ဖြစ်တယ်လေ။ အသံတွေကို အစ်မကြောက်တော့ အဆင်ပြေပါတယ်။ ဒီလိုပဲ ကြောက်ကြောက်လန့် လန့် နဲ့ ရိုက်ကူးရတာပေါ့”လို့ အတွေ့အကြုံတွေကို ပြောပြပါတယ်။

စိုးမြတ်နန္ဒာ ယောဂီဝတ်စုံနဲ့သေနတ် လွယ်ထားတဲ့ပုံက အွန်လိုင်းမှာပျံ့နှံ့ခဲ့ပြီး ဝေဖန်မှု တွေလည်း ရှိပါတယ်။

”ဒါရိုက်တာခိုင်းတာပါ။ ဆဲခံရ တော့ ကိုယ်အဆဲခံရ တာပေါ့။ ရပါတယ်။ ဘာမှမဖြစ်ပါဘူး။ တကယ် အဖြစ်အပျက်ကို ရိုက်ကူးတာပါ။ ဟိုမှာ တကယ့်ရဲမေအစစ် တွေ လည်း ရှိပါတယ်။ နယ်စပ်မှာ ရန်သူ့နယ် မြေထဲမှာရောက်နေတဲ့ သူ တွေကအသင့်အနေ အ ထားအနေနဲ့နေရတာ ပေါ့။ အမြဲတမ်းတော့ ယောဂီဝတ်စုံနဲ့ တိုက် တာမဟုတ်ပါဘူး”လို့ ဒီဓာတ်ပုံနဲ့ ပတ်သက်ပြီး ဖြေရှင်းခဲ့ပါတယ်။ စိုးမြတ် နန္ဒာက လော လောဆယ်မှာဝ နေသေးတာကြောင့်တခြား ဇာတ်ကားတွေ ရိုက်ကူးဖို့ အတွက် ဝိတ်ချလိုက်ဦး မယ်လို့ဆိုပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here