အိမ်ထောင်ရှင်အမျိုးသမီးတွေအနေနဲ့ အလှမယ်ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်စေချင်ကြောင်း သရုပ်ဆောင် အလှမယ် မတူးအကြံပြု

0
186

သရုပ်ဆောင်တစ်ဦးဖြစ်တဲ့မတူးက အခုအချိန်မှာတော့ အလှမယ်တစ်ဦးအဖြစ်ကို ရောက်ရှိလို့လာခဲ့ပါပြီ။ အိမ် ထောင်ရှင်အလှမယ်ဆုကိုရရှိထားတဲ့ သူ့အနေနဲ့ သရုပ်ဆောင်တစ်ယောက်ရဲ့ဘဝနဲ့ အလှမယ်တစ်ယောက်ရဲ့ဘဝက ကွာခြားမှုတွေရှိတယ်လို့လည်း ပြောပြပါတယ်။

”အလှမယ်ဆိုတာက ပရဟိတလည်းလုပ်ရမယ်။ အားလုံးရဲ့အကျိုးကိုလည်းကြည့်ရမယ်။ ကိုယ့်ကိုယ်ကိုယ်လှပဖို့ထက် ကိုယ့်ကိုယ်ကိုယ်လည်းယုံကြည်မှုအပြည့်အဝရှိတဲ့ အိမ်ထောင်ရှင်မတစ်ယောက် ဖြစ်ရမယ်။ အန်တီတူးတို့ အိမ်ထောင်ရှင်မတွေက အိမ်ထောင်ကျသွားရင် မီးဖိုးချောင်ထဲမှာပဲ ဘဝကို ကုန်ဆုံးသွားတယ်လို့ ထင်ကြတာလေ။ အခုခေတ်က အဲဒီလိုမဟုတ်ပါဘူး။ အိမ်ထောင်ရှင်အားလုံးဟာ မိမိကိုယ်ကိုမိမိ ယုံကြည်မှုရှိပါ။ မိမိအိမ်ထောင်ကို ဘယ်လိုထိန်းသိမ်းခဲ့လဲ။ ယောက်ျားတွေကို ယှဉ်ပြိုင်တာမဟုတ်ဘူး။ ယောကျော်းတွေကိုတစ်ဖက်တစ်လမ်းကနေပြီးတော့ အန်တီတို့ အိမ်ထောင်ရှင်မတွေက အားပေးတာလေ။ ကူညီပေးတာ။ ကိုယ့်သားသမီးတွေကို ကိုယ်နိုင်အောင်ထိန်းတယ်။ ပညာတတ်ဖြစ် အောင်ပြုစုတယ်။ နိုင်ငံ့မိခင်တွေဖြစ်တယ်။ ဒါကြောင့် နိုင်ငံ့မိခင်တွေကလည်း လှပါသေးတယ်၊ ကျန်းမာသန်စွမ်းသေးပါတယ်ဆိုတာကို ပြသချင်တဲ့အတွက် အန်တီ့အနေနဲ့ အလှမယ်ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ တာပါ။ အန်တီ့အသက်က ၆၁ နှစ်ရှိပါပြီ။ ၆၁ နှစ်မှာ Crown ဆောင်းခဲ့ရတယ်”လို့ အိမ်ထောင်ရှင် အမျိုးသမီးတွေနဲ့ မိမိကိုယ်ကိုမိမိ ယုံကြည်မှုရှိစေဖို့ မတူးကအားပေးစကားပြောပါတယ်။ ဒါ့အပြင် အိမ်ထောင်ရှင်အလှမယ်တွေအနေနဲ့ အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲတွေကိုလည်း ဝင်ရောက် ယှဉ်ပြိုင်စေချင်ပြီး ဒီလိုဝင်ရောက် ယှဉ်ပြိုင်ခြင်းအားဖြင့် ကိုယ့်ရဲ့တတ်ထားတဲ့ပညာတွေကို ထုတ်ပြလို့ရတယ်လို့ သူကဆက်ပြောပါတယ်။

”ဝင်ရောက်ယှဉ်ပြိုင်ကြပါ။ ပညာတတ်တယ်။ ကိုယ်လုံးကိုယ်ပေါက်ကလည်း လှတယ်။ အရပ်အမောင်းလေးကလည်း ကောင်းတယ်ဆိုရင် အိမ်ထောင်ရှင်အလှမယ်တွေနဲ့ ဝင်ရောက်ယှဉ် ပြိုင်လို့ရှိရင် ကြောက်စရာမလိုဘူး။ အဓိကတော့ အပေါင်းအသင်း၊ လူမှုဆက်ဆံရေး အစစအရာရာ အကုန်လုံး ပြည့်စုံရပါမယ်။ အန်တီပိုပြီးဖြစ်စေချင်တာက အန်တီတို့နိုင်ငံက ပညာတတ်အမျိုးသမီးတွေအနေနဲ့ စင်ပေါ် ကိုရောက်စေချင်တယ်။ မိမိရဲ့အလုပ်အကိုင်နဲ့ မိမိရဲ့မိသားစုကို ရှာဖွေကျွေးမွေးနေတဲ့ တိုင်းပြည်ကို တစ်တတစ်အားကူညီချင်တဲ့ အမျိုးသမီးကောင်းတွေဆိုတာ အန်တီက ပြစေချင်ပါတယ်”လို့ မတူးက ပြောပါ တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here