အကယ်ဒမီ ရင်ခုန်ရမယ့် သူတွေက တခြားသရုပ်ဆောင်တွေပဲ ဖြစ်မှာပါ အကယ်ဒမီ ခိုင်သင်းကြည်

0
145

မကြာမီကျင်းပပြုလုပ်တော့မယ့် အကယ်ဒမီဆုပေးပွဲနဲ့ပတ်သက်ပြီး မခိုင်လေး(ခိုင်သင်းကြည်)ရဲ့ အကယ်ဒမီ ဖီလင်ကိုမေးမြန်းဖြစ်ခဲ့ပါတယ်။

“အကယ်ဒမီကတော့ မခိုင်ဇာတ်ကားတွေ ဒီနှစ်မပါပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟာသ တွေပဲများတယ်လေ။ ရင်ခုန်ရမယ့်သူတွေကတော့ တခြားသရုပ်ဆောင်တွေပဲဖြစ်မှာပါ။ အားပေးဖို့အတွက်ကတော့ တက်ရောက်ဖြစ်မှာပါပဲ”လို့ ခိုင်သင်းကြည်ကပြောပါတယ်။ မိမိကျရာဇာတ်ရုပ်မှာ အလွမ်း၊ အဆွေး၊ ဟာသ ကာရိုက်တာမျိုးစုံကို ပီပြင်စွာသရုပ်ဆောင်နိုင်သူ မင်းသမီးတစ်လက်ဖြစ်တဲ့ ခိုင်သင်းကြည်က ၂ဝ၁၈ ခုနှစ်ထဲမှာ သူမပါဝင်သရုပ်ဆောင်ရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာရှိကြောင်းဆိုပါတယ်။ မခိုင်တို့လိုနာမည်ကြီး မင်းသမီးတစ်ဦးရဲ့ ရုပ်ရှင်ဇာတ်ကား လက်ခံမှုပုံစံကိုလည်း အနည်းငယ်မေးမြန်းဖြစ်တဲ့အခါ…

“မခိုင်တို့ကျတော့လေ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုလို့ရှိရင် ကိုယ်က အခုရုပ်ရှင်ရိုက်ဖို့လက်ခံတယ်ဆိုလို့ရှိရင် ရိုက်ရက်ကိုပဲသူတို့က အရင်တောင်း ကြတာပေါ့နော်။ ဘယ်ရက်၊ ဘယ်ရက်မှာ ဘယ်ကားရိုက်မယ်၊ ဘယ်ဒါရိုက်တာ နဲ့ ဘယ်သရုပ်ဆောင်နဲ့ပေါ့ဆိုတာပဲ အကြမ်းဖျင်းသိရတာ။ တကယ်ရိုက်ခါနီးတစ်လလောက်အလိုကျတော့မှ ဆင်း(န်)စီပြီး ဇာတ်လမ်းတွေ၊ ဇာတ်ညွှန်းတွေထွက်တာဆိုတော့ ကိုယ်လက်ခံထားတာတွေ အကုန် လုံးရဲ့ဇာတ်ကိုလည်း မသိနိုင်ဘူးဖြစ်နေတာပေါ့။ အဲဒီလိုမျိုးလေးတွေတော့ရှိပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဇာတ်ကားကြီးတွေကတော့ လက်ခံထားတယ်။ ဒါပေမယ့်လည်း ကိုယ်ကဘယ်လိုကာရိုက်တာ အတိအကျဆို တာတော့ သေသေချာချာပြောလို့မရဘူးပေါ့။ မန္တလေး၊ ပြင်ဦးလွင်တို့မှာ တောက်လျှောက်ရုပ်ရှင်တွေရိုက်ကူး ဖြစ်မှာပါ”လို့ ခိုင်သင်းကြည်က ပြောပါတယ်။ မခိုင်လေးက လွန်ခဲ့တဲ့ ၁ဝ နှစ်တုန်းကလည်း ဒီလို ပုံစံအချိုးအစားပဲ၊ အခုလက်ရှိမှာလည်း ဒီလိုပုံစံအချိုးအစားပဲ၊ အရွယ်တင်တယ်နော်။ ဘယ်လိုထိန်းသိမ်း စောင့်ရှောက်မှုတွေလုပ်ရလဲလို့ဆိုတော့…

“ဘယ်လိုမှလည်း မထိန်းသိမ်းပါဘူး။ ဒီလိုပါပဲ။ အဓိကကတော့ ပျော်ပျော်နေတတ်လို့ထင်ပါတယ်။ မခိုင်က သိပ်စိတ်ညစ်မခံတတ်ဘူး။ ပျော်ပျော်ပဲနေတတ်တယ်။ အဲဒါကြောင့်လည်းပါမှာပါ” လို့ ခိုင်သင်း ကြည်က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here