ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ချစ်သူသက်တမ်း တစ်နှစ်ပြည့်ပြီ ဖြစ်တဲ့ ဆုအိမ့်စံ တို့ စုံတွဲ

0
339

ဆုအိမ့်စံနဲ့သူရိယတို့ချစ်သူနှစ်ဦးရဲ့ ချစ်သူသက်တမ်းကတော့ ဇန်နဝါရီလ ၂၂ရက်နေ့ဆိုရင် တစ်နှစ်အချိန်အတိုင်း အတာကိုပြည့်တော့ မှာဖြစ်ပါတယ်။ ချစ်သူသက်တမ်း တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ဆုအိမ့်စံတို့စုံတွဲ ဘာတွေလုပ်မလဲ၊ ဘယ်မှာဖြတ်သန်းဖြစ်မလဲဆိုတာ တွေကိုမေးမြန်းတော့

”ဒီလ ၂၂ရက်နေ့ဆိုရင် ချစ်သူသက်တမ်းတစ်နှစ်ပြည့်ပါပြီ။ ဆုဆုနဲ့တွဲရိုက်ထားတဲ့ဇာတ်ကားတွေလည်း နည်းနည်း များလာပါပြီ။ အဲဒီရက်မှာတော့ ဆုဆုတို့က မန္တလေးသွားပြီး သတို့သား၊ သတို့သမီးအရံတွေ လုပ်ကြရမှာပါ။ ဒါကြောင့် Anniversary ကိုတော့ မန္တလေးမှာ ပဲဖြတ်သန်းဖြစ်မှာပါ။ တကယ်လို့ အလုပ်တွေမရှိရင် တော့ Anni ကိုတစ်ခုခုလုပ်ဖြစ်မှာပါ။ အလုပ်တွေရှိလာတော့ အလုပ် ကိုပဲ ဦးစားပေးဖြစ်လိုက်တာပါ” လို့ ဆုအိမ်စံကပြောပြပါတယ်။

လတ်တလောမှာလည်းအမေမဖြစ်ခင်အပျိုတစ်ခေတ်မှာ ရုပ်ရှင် ဇာတ်ကား ကြီးကို မန္တလေးမှာသွားရောက် ရိုက်ကူးခဲ့ပြီး ဒီဇာတ်ကားမှာပါဝင်တဲ့ ကာရိုက်တာ အတွက်လည်းဆုအိမ့်စံကအဝတ်အစားပုံစံအပြင်အဆင်တွေကိုပြောင်းလဲခဲ့ တယ်လို့ဆိုပါတယ်။

”အမေမဖြစ်ခင်အပျိုတစ်ခေတ်က မန္တလေးနဲ့ စစ်ကိုင်းဘက်တွေမှာသွားပြီး ရိုက်ကူးထားတာပါ။ အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးကပါ။ ဒရမ်မာ ဇာတ်ကလေးပါပဲ။ ဆုဆုကဒီဇာတ်ကားမှာတော့ ဦးပိန်တံတားမှာ အဝေရာပုတီးတွေရောင်းတဲ့ ပုတီးသည်နေရာကသရုပ်ဆောင်ထား ပါ တယ်။ တကယ်တမ်းကိုယ်ကိုတိုင်လေ့လာကြည့်တော့လည်း ပုတီး သည်လေးတွေတော်တော်များများက အသားညိုညိုလေး တွေဖြစ်တဲ့ အတွက်ဆုဆုပုံစံနဲ့ အဆင်မပြေလောက်ဘူးလို့ တွေးမိ တယ်။ ဒါကြောင့်ကာရိုက်တာနဲ့လည်း လိုက်ဖက်အောင် စဉ်းစားပြီး အသား ညိုအောင်အညိုရောင်တွေလိမ်းတယ်။ လိုအပ်တဲ့ ပြင် ဆင်မှုလေးတွေလည်းလုပ်ခဲ့ပါတယ်” လို့ ဆုအိမ့်စံက ပြော ပြပါတယ်။

ချစ်သူဖြစ်တဲ့သူရိယနဲ့လည်းဇာတ်ကား တွေအတူတူများစွာရိုက်ကူးလာရတဲ့အတွက် အပြင်ကချစ်သူပုံစံနဲ့ ဇာတ်ကားရိုက်ကူးတဲ့အခါချစ်သူအပေါ်ဆုအိမ့်စံရဲ့ အမြင် က”ဇာတ်ကားတွေရိုက်ရင်ကို သူရိယက ကိုယ့်ထက် စီနီယာကျတော့ သရုပ်ဆောင်ပိုင်းမှာ သူက ဆုဆု ကိုသင် ပေးတာများတယ်။ တစ်ခါတလေကျတော့လည်း သူသ ရုပ်ဆောင်တာကိုကြည့်ပြီး တအားရယ်ချင်တာ ပါပဲ။ သူရိယက ဒရာမာတွေဘာတွေရိုက်ရင် သူ မျက်နှာ ကြီးကို ကြည့်ပြီး ကိုယ်ကရယ်နေရော” ပုံမှန် အချိန်ဆိုသူက တအားစတော့ တကယ် တမ်း ကျ တော့ ကိုယ့်ဘက်က ရယ်ချင်နေတာပါ” လို့ ချစ်သူနဲ့ ဇာတ်ကားရိုက်ကူးမှုအမှတ်တရ တွေအကြောင်းပြောပြပါတယ်။

မြတ်မိုးပွင့်
ဓါတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here