တစ်ကိုယ်တော် အခွေထွက်ပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲ လုပ်ဦးမယ့် မျိုးကျော့မြိုင်

0
370

မျိုးကျော့မြိုင်က ဒီနှစ်ထဲမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်ဦးမှာဖြစ်ပါတယ်။ မနှစ်ကလည်း တစ်ကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်ခဲ့တာဖြစ်တဲ့အတွက် တစ်နှစ်နဲ့ တစ်နှစ်မတူအောင်တော့ သူကလုပ်ဆောင်လေ့ရှိပါတယ်။ ဒီနှစ်မှာလည်း သူဘယ်လို စီစဉ်သွားမလဲဆိုတာကိုတော့…

”ဒါကတော့ ကျွန်တော်ပြောင်းတဲ့ ပုံစံအတိုင်း ပရိုဂရမ်တွေကလည်း လိုက်ပြောင်း သွားတာပါ။ကျွန်တော် က ဘယ်လထဲမှာဘယ်လိုလုပ်မယ် စိတ်ကဘယ်လို လုပ်မယ်ပေါ့။ အဲဒါနဲ့ပတ်သက်တဲ့ သီချင်းမျိုးတွေပဲပေါ့။ ကျွန်တော်က သီချင်းနဲ့အတူ လိုက်နေတဲ့ သဘောပါ” လို့ ပွဲနဲ့ ပတ်သက်လို့ မျိုးကျော့မြိုင်ကပြောပါတယ်။

မျိုးကျော့မြိုင်က အခု လက်ရှိအချိန်မှာတော့ အချစ်သီချင်းတွေ သိပ်ရေးလေ့ မရှိတော့ဘဲ အရွယ်နဲ့ လိုက်ဖက်တဲ့ သီချင်းမျိုးတွေပဲ အဓိကထားရေးဖြစ်တယ်လို့သူကဆိုပါတယ်။

”ကျွန်တော်ကကိုယ့်အတွက်ပဲ ကိုယ်ရေးဖြစ်တာများတယ်။ သူများ အတွက်သိပ် မရေးပေးဖြစ်ဘူး။ ကျွန်တော့်သီချင်းတွေတော့ကြိုက်တဲ့သူ ယူဆိုလို့ရတယ်။ ကျွန်တော့် ဆီက တော့ ခွင့်ပြုချက်တောင်းပေါ့။ ကျွန်တော်ကအဲဒါကို အလှူသဘောပါပဲ။ သီချင်းတွေကိုဖျက်တော့မဖျက်နဲ့ပေါ့။ ဘယ်သူမဆို ယူလို့ရတယ်ဆိုတာက ကျွန်တော့်သီချင်း တွေအပေါ်မှာ Creation လုပ်မယ့် သူဆိုရင်ဘယ်သူမဆိုပါ” လို့ မျိုးကျော့မြိုင်က ပြောပြပါတယ်။

မျိုးကျော့မြိုင်က သူ့ရဲ့ ဖေ့စ်ဘုတ်ပေါ်မှာလည်း သီချင်းတွေတင် လေ့ရှိပြီး ဒီသီချင်းတွေကိုစုပြီး တစ်ကိုယ်တော်အခွေအနေနဲ့ ထုတ်ဖို့အစီအစဉ်ရှိတယ်လို့ သိရပါ တယ်။ဒါ့အပြင် သူ့ရဲ့ဖေ့စ်ဘုတ်မှာလည်းသီချင်းတွေကို ဆက်လက်တင်ပေးသွား ဦးမှာဖြစ်တယ်လို့ ပြောပါတယ်။မျိုးကျော့မြိုင်က Myanmar Idol Season 3 မှာလည်း အကဲဖြတ်ဒိုင် တစ်ဦးအနေနဲ့ ပါဝင်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးလည်း

”ကျွန်တော်တို့က ခက်အောင်လုပ်မယ့်သူတွေမဟုတ်ပါဘူး။ တကယ်ရှိတဲ့သူကို အရှိအရှိအတိုင်း ထပ်ပြီးပေါလစ်လုပ်ပေးမယ်။အကြံတွေပြုမယ်။ ပြီးရင် ကျွန်တော်တို့က သွားရမယ့်လမ်းကို ညွှန်မှာပါ။ အဲဒီ့သဘောပါပဲ။ အားလုံး ပျော်ပျော်ပါးပါးနဲ့ပဲ ကျော်ဖြတ်ကြတာပေါ့” လို့ မျိုးကျော့မြိုင် ကပြောပါတယ်။

လင်းအက္ခရာ
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here