ကိုယ်ပိုင် Brand တွေထုတ်ဖို့ မချမ်းသာဘူး ဆိုတဲ့ ဘေဘီမောင်

0
264

သရုပ်ဆောင်ဘေဘီမောင်က သရုပ်ဆောင်အလုပ်အပြင် စီးပွားရေးလုပ်ငန်းတွေလည်း လုပ်ကိုင်နေကြောင်း သိရပါတယ်။ သူမအနေနဲ့ အနုပညာအလုပ်နဲ့ ဆက်နွှယ်ပြီး လုပ်ကိုင်နေတဲ့ စီးပွားရေးအကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။ သရုပ်ဆောင်ဘေဘီမောင်က သရုပ်ဆောင်အလုပ်အပြင် စီးပွားရေးလုပ်ငန်းတွေလည်း လုပ်ကိုင်နေကြောင်း သိရပါတယ်။ သူမအနေနဲ့ အနုပညာအလုပ်နဲ့ ဆက်နွှယ်ပြီး လုပ်ကိုင်နေတဲ့ စီးပွားရေးအကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

”ဘေဘီက အခုတလော စီးပွားရေးလုပ်ငန်းလည်းလုပ်ကိုင်ဖြစ်နေပါတယ်။ ဒီအနုပညာလုပ်ငန်းဆိုတာကလည်း နောက်ပိုင်း ခေတ်မကောင်းတော့ ဘူး။ မင်းသမီးတွေလည်း များလာ တယ်။ သရုပ်ဆောင်တွေလည်း တအားများလာတယ်။ အရင်ကတည်းက ဘေဘီက ဆိုင်ဖွင့်တာတွေကို ဝါသနာပါတယ်။ အခုကိုယ်ရှိတာလည်း စုဆောင်းထားပြီး Beauty Saloon ဖွင့်ထားပါတယ်။ တချို့အနုပညာရှင်တွေကို ကိုယ်ပိုင် Brand ထုတ်ကြတယ်။ အဲဒီလိုမျိုး Brand တွေထုတ်ဖို့ ဘေဘီအဲဒီ လောက် မချမ်းသာဘူး။ ပြီးတော့ မိန်းကလေးအချင်းချင်း ချစ်တဲ့လူများရင် ကိစ္စမရှိဘူး။ ကိုယ့်ကိုယ်ကျတော့ တချို့မိန်းကလေးတွေ မချစ်ကြဘူး။ ဒါကြောင့် ကိုယ့်ပစ္စည်း အားမပေးရင် ပစ္စည်းတွေက အိုင်ကုန်လိမ့်မယ်။ ဒါတွေကိုစဉ်းစားပြီး ကိုယ်ပိုင် Brand မထုတ်ဖြစ်တာပါ” လို့ ပြောပါတယ်။ သီချင်းဆိုဖို့ကိုလည်း ဝါသနာပါတယ်ဆိုတဲ့ ဘေဘီမောင်က သီချင်းနဲ့ ပတ်သက်ပြီး လုပ်ဆောင်ချက်တွေကိုတော့ ”ဘေဘီက သီချင်းဆိုတာလည်း ဝါသနာပါတယ်။ ဘေဘီက အသံမကောင်းတဲ့အတွက် ကိုယ်တိုင်အခွေမလုပ်ဘဲ ကိုနီတာရဲ့ အခွေမှာ ၂ ပုဒ်လောက် သီဆိုထားပါတယ်။ အဲဒီသီချင်းတွေက အရင်တုန်းက သီချင်းတွေကို ပြန်လည်သီဆိုထားတာပါ။ သူများသီချင်းကို ပြန်လည်သီဆိုတော့ တာဝန်နည်းနည်းကြီးသလို ခံစားရတယ်။ ကိုယ်က ကျွမ်းကျင်တဲ့ အဆိုတော်လည်းမဟုတ်တော့ နားထောင်လို့ အဆင်မပြေရင် ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ချင်ပါတယ်။ ဒီအခွေကို နောက် ၃ လလောက် ကြာရင်ထွက်ရှိမှာပါ”လို့ ပြောပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here