နိုင်ငံခြားမှာကျောင်းတက်နေတဲ့ အသက် ၂ဝ အရွယ်သမီးငယ်အပေါ် မိခင်တစ်ယောက်ရဲ့ မျှော်လင့်ချက် လင်းဇာနည်ဇော်

0
146

အသက် ၁၈နှစ်ကတည်းက ထူးချွန်ထက်မြက်တဲ့မိန်းကလေးတစ်ယောက်၊ ပညာတတ်မိန်းကလေးတစ်ယောက်ဖြစ်စေဖို့ ရည်ရွယ်ချက်တွေနဲ့ နိုင်ငံခြားမှာကျောင်းတက်ဖို့ သမီးငယ်လေး မြူလင်းကိုကိုကို စေလွှတ်လိုက်တဲ့ လင်းဇာနည်ဇော်ကို သမီးအပေါ်ဘယ်လို ထိန်းသိမ်းစောင့်ရှောက်၊ ဆုံးမဖြစ်သလဲဆိုတဲ့ မေးခွန်းတွေမေးဖြစ်ခဲ့ပါတယ်။

”သမီးကို အခုခေတ်မှာ အစ်မတို့ခေတ်တုန်းကလိုမျိုး ဟိုဟာမလုပ်နဲ့၊ ဒီဟာမလုပ်နဲ့ ဆိုပြီးတော့ တားလို့မရဘူး။ အခုခေတ်ကလေးတွေလို မလျော့မတင်းအုပ်ချုပ်ရတယ်။ အမေလိုတစ်မျိုးအုပ်ချုပ်တယ်။ သူငယ်ချင်းလိုရင်းနှီးမှုပေးတယ်။ ညီအစ်မလိုမျိုး ချစ်ခင်မှုပေးတယ်။ သမီးဖြစ်ချင်တာ၊ အမေဖြစ်နေတာကို ညှိနှိုင်းပြီးတော့နေတယ်။ အစ်မတတ်နိုင်သလောက် အစ်မသမီးကို ပံ့ပိုးပေးတယ်။ အခုချိန်မှာ အစ်မက အမေ တစ် ယောက်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ အရာရာတိုင်းဟာ ကိုယ့်အတွက်ဆိုတာကို ဘာမှ မစဉ်းစားမိဘူး။ ဘာပဲလုပ်လုပ်သမီးအတွက်ပဲပေါ့နော်။ ဒါပေမယ့်လည်း အများကြီးတော့ မျှော်လင့်မထားဘူး။ ကိုယ်မျှော်လင့်တဲ့အတိုင်းဖြစ်မလာရင် တအားခံစားရမှာ။ ခံစားရတဲ့ အလုပ်ကို မလုပ်ချင်ဘူးး။ ဒါကြောင့်မို့လို့ အစ်မပံ့ပိုးရတဲ့အလုပ်ကို လုပ်တယ်။ ဖြစ်ခြင်း၊ မဖြစ်ခြင်းဟာ ကာယကံရှင်နဲ့ပဲသက်ဆိုင်ပါတယ်။ ဒါပေမဲ့ အစ်မထင်သလောက်တော့ အစ်မ သမီးလေးက အခုချိန်ထိ လိမ္မာပါတယ်”လို့ လင်းဇာနည်ဇော်ကပြောပါတယ်။

သမီးလေးကျောင်းပြီးသွားရင် သူမလို အနုပညာရှင်တစ်ယောက်ဖြစ်အောင် ပံ့ပိုးပေးမှာလား၊ ဒါမှမဟုတ် တခြားနယ်ပယ်ဘက်မှာ အောင်မြင်အောင် ကြိုးစားခိုင်း မှာလားလို့ လင်းဇာနည်ဇော်ကို ဆက်လက်မေးတော့…”ပွင့်ပွင့်လင်းလင်းပြော ရရင် သူကအနုပညာကို တအားဝါသနာပါတယ်။ ဟိုကိုလွှတ်တုန်းက သမီးက ၁၈ နှစ်တောင်မပြည့်သေးဘူး။ အစ်မတောင်ဟိုမှာ ၃လလောက်လိုက်နေရသေးတယ်။ ဒီပြန်ရောက်တော့ Generation ကဒါပဲဆိုတော့ သူက ဒါကို တအားဝါသနာပါ တယ်။ အစ်မတုန်းကလည်း မိဘတွေတားမြစ်နေရင်းကြားထဲကကိုမှ တားမရတဲ့ အဆုံး ဒီလောကထဲကို ပညာမပြည့်စုံဘဲနဲ့ ရောက်ရှိလာခဲ့တယ်။ သူ့ကိုတော့ ပညာတတ်တဲ့သူတစ်ယောက်ဖြစ်စေချင်တယ်။ ပညာတတ်ပြီးတဲ့အခါမှ ကိုယ် ဝါသနာပါတဲ့အလုပ်ကို လုပ်စေချင်တယ်ပေါ့။ အဲဒီအတွက်ကြောင့်မို့လို့ သမီးကို ဟိုဘက်ကိုလွှတ်လိုက်တာ။ ကျောင်းပြီးသွားတဲ့အခါကျလို့ရှိရင်တော့ သူဝါ သနာပါရာကို ပံ့ပိုးပေးရမှာပါပဲသလို့ သူမကပြောပြခဲ့ပါတယ်။

သတင်း – မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here