အချစ်ရေးမှာ နာမည်ကြီး ထမင်းငတ်ပါပဲ မေပန်းချီ

0
341

သရုပ်ဆောင်မေပန်းချီက အခု လတ်တလောမှာ သရုပ်ဆောင် အပြင်သီချင်းတွေလည်းသီဆိုနေကြောင်းသိရပါတယ်။ သီချင်း သီဆိုဖြစ်ပုံနဲ့ ပတ်သက်ပြီးတော့ မေပန်းချီ….

“မေပန်းချီအခု သီချင်းတွေ ဆိုဖြစ်နေတယ်။ သီချင်းဆိုနေတာက ဝါသနာအရပါ။ အခွေတော့ မထုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်က တစ်ခဲ နက်မအောင်မြင်သေးဘဲနဲ့ နောက်တစ်ခု မလုပ် ချင်ဘူး။ မေပန်းချီအသိကလည်း အဆိုတော် ဖြစ်နိုင်တဲ့ အသိလည်းမဟုတ်ဘူး။ မေ ပန်းချီ အနေနဲ့သရုပ်ဆောင်ဘက်မှာလည်းအနု ဟာသဇာတ်ကားလေးတွေ ရိုက်ကူးလာရ တယ်။ ဒီလို ဟာသဇာတ်ကားတွေက မေပန်း ချီရိုက်တားတာလည်းရှားတယ်။ ဟာသဇာတ် ကားရိုက်ကူးရတာလည်း သဘောကျတယ်။ ကိုယ်နဲ့လည်းလိုက်မယ်လို့ ထင်တယ်”လို့ ဆိုပါတယ်။

အချစ်ရေးမှာ ကံမကောင်းဘူးဆိုတဲ့ မေပန်းချီက သူမရဲ့အချစ်နဲ့ ပတ်သက်ပြီး ခံစားချက်တွေကိုလည်း ပြောပြခဲ့ ပါတယ်။  မေပန်းချီက အချစ်ရေးမှာတော့ ဘယ်တော့မှ ကံ မကောင်းတဲ့အတွက် တစ်ယောက်တည်းပဲနေတယ်။ ကိုယ် ကချိန်လိုက်တိုင်း လွဲလွဲသွားလို့။ ကိုယ်ကိုယ်တိုင်ကလည်း အပျိုကြီးပဲဖြစ်မယ်လို့ထင်တယ်။ မေပန်းချီ အမျိုးတွေထဲ မှာလည်း အပျိုကြီးတွေများတယ်။ ကိုယ့်ရုပ်ကိုကြည့် ပြီးတချို့ ကဒီကောင်မလေးတော်တော်ရည်းစားများပုံရ တယ်လို့ ထင်တယ်။ ဒါပေမဲ့ အချစ်ရေးမှာ နာမည်ကြီး ထမင်း ငတ်ပါပဲ။ ဒီလိုမျိုး ဖြစ်တာကလည်း ကိုယ့်ရဲ့ဒဏ်ကို ဘယ်သူမှ ခံနိုင်မှာမဟုတ်လို့ပဲ။ စိတ်ကရော၊ နေတာထိုင်တာ ရောယောက်ျား စိတ်ဖြစ်လို့ပါ”လို့ ပြောပါတယ်။

ချယ်ရီ

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here