သားသမီးတွေ အိမ်ထောင်ပြုတဲ့အခါမှာ အရည်အချင်းရှိသူကို ရွေးချယ်ပါလို့ ကျွန်တော်ပြောထားတယ် ဦးကျော်ထူး

0
170

ဟာသသရုပ်ဆောင်ဦးကျော်ထူးမှာ သားသမီး၎ယောက်ရှိပါတယ်။ သားသမီး၎ယောက်မှာ သားတစ် ယောက်နဲ့ သမီးဖြစ်သူကတော့ ဖခင်ဖြစ်သူရဲ့ အနုပညာပိုးပါတယ်လို့ ဆိုရမှာပါ။ အနုပညာပိုးပါကြတဲ့ သူတို့ နှစ်ယောက်ကိုလည်း ဖခင်ဖြစ်တဲ့ဦးကျော်ထူးက အနုပညာနဲ့ ပတ်သက်လို့ ပံ့ပိုးပေးသွားဖို့လည်း စီစဉ်ထားပါတယ်။

”ကျွန်တော့်အနေနဲ့လည်း လက်ဆင့်ကမ်းပေးချင်ပါတယ်။ ဒါပေမယ့်လည်း ခက်တာက ကျွန်တော်တို့ နိုင်ငံရဲ့ အနေအထားအရဆိုရင် အဘက်ဘက်ကပြည့်စုံရပါတယ်။ အဓိကကတော့ ငွေကြေးပေါ့လေ။ လောလောဆယ် ကျွန်တော်တို့ ဗီဒီယိုဈေးကွက်ကလည်း ပျက်နေတယ်။ အခြေအနေ မမှန် သေးဘူး။မမှန်သေးတော့ ခါတိုင်းကျွန်တော်ဇာတ်ကားရိုက်ကူးပြီဆိုရင် ကျွန်တော် ကန် ထရိုက်ယူရိုက်တာ များပါတယ်။ အိတ်စိုက်ရတာများတယ်။ ကျွန်တော် ဒါရိုက်တာ လုပ်မှာကို မိန်းမက တအားကြောက်တယ်။ ဘာကြောင့်လဲဆိုတော့ အိမ်က ကလေး တွေရဲ့ ဆွဲကြိုးတို့ လက်စွပ်တို့ အမြဲတမ်းပါတယ်။ အဲဒီတော့ ကိုယ်ကိုယ်တိုင် ဒါရိုက် တာလုပ်ပြီး သားသမီးတွေနဲ့ ရိုက်ကူးဖို့ အစီအစဉ်ရှိတယ်။ ဒါပေမဲ့ ပိုက်ဆံကစုတုန်း ပဲ။ ဘယ်အချိန်ကျမှ အကောင်အထည် ဖော်ဖြစ်မလဲတော့မသိဘူး”လို့ ဦးကျော်ထူးက သားသမီးတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ စီစဉ်ထားမှုကို ပြောပြပါတယ်။ အနုပညာလောကမှာ မိဘအောင်မြင်တိုင်း သားသမီးတွေ အောင်မြင်တာမျိုး မဟုတ်ဘဲ သားသမီးတွေကိုလည်း ပရိသတ်က ချစ်မယ်လို့လည်း မထင်မိကြောင်း၊ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ အပေါ်မှာပဲ မူတည်ပါကြောင်း၊ သူ့ရဲ့စန်းဇာတာလေးလည်း ပါလာမယ် သူ့ရဲ့ကံလေးလည်း ပါလာမယ်ဆိုရင်တောင် ပရိသတ်တွေ လက်ခံလာတဲ့ ပရိသတ်တွေသိတဲ့ အနုပညာ ရှင် တစ်ယောက်ဖြစ်အောင် တော့တော်တော် ကြိုးစားရဦးမယ်လို့ ဦးကျော်ထူး ကပြော ပါတယ်။

ဦးကျော်ထူးက သားသမီးလေးယောက်နဲ့ ပတ်သက်လို့လည်း သူတို့ရဲ့ အချစ်ရေး သူတို့ရဲ့ အိမ်ထောင်ရေးတွေအတွက် ရွေးချယ်တဲ့အခါ ဖခင်တစ်ယောက်အနေနဲ့ သူဖြစ်စေချင်တာလေးတွေကို ပြောပြလမ်းညွှန်မှု လေးတွေလည်း ရှိကြောင်းပြောပါတယ်။ ဒါကတော့…”ကျွန်တော့်အနေနဲ့ သူတို့ကို ချုပ်ကိုင်ထားတာမရှိပါဘူး။ ဒါပေမယ့် ၄ယောက်လုံးကို ကျွန်တော် ပြောထားတဲ့ စကားလုံးတစ်လုံးပဲရှိတယ်။ အဲဒါက ဘာလဲ ဆိုတော့ ကို်ယ်အိမ်ထောင်ပြုမယ့်သူကို ချမ်းသာတာကို ကျွန်တော်ထည့်မပြောဘူး။ ဘယ် လောက်ပဲ ချမ်းသာနေချမ်းသာနေပါ။ အရည်အချင်းမရှိရင် အဲဒါတွေက တဖြည်းဖြည်းနဲ့ ကုန်သွားမှာပဲ။ ဘယ်လောက်ပဲဆင်းရဲနေတဲ့ သူဖြစ်ပါစေ။ သူ့မှာ အရည်အချင်းလေးတော့ ရှိဖို့လိုတယ်။ အရည်အချင်းရှိတဲ့ သူတစ်ယောက်က တစ်ချိန်မဟုတ်တစ်ချိန်မှာ ပြန်ပြီး တော့ ကြီးပွားချမ်းသာလာ နိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် သားသမီးတွေ အိမ်ထောင်ပြုတဲ့အခါမှာ အရည်အချင်းရှိတဲ့ သူတွေကို ရွေးချယ်ပါလို့ ကျွန်တော်ပြော ထားတယ်”လို့ သူ့ရဲ့ဖြစ်စေလိုမှုနဲ့ ပတ်သက်လို့ ဦးကျော်ထူးက ပြောပြပါတယ်။

လင်းအက္ခရာ၊ ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here