ဇလုံတောင်ဒေသအခြေပြုခရီးသွားလုပ်ငန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကခွင့်ပြု

0
250

ကသာခရိုင်ဗန်းမောက်မြို့နှင့် ၅ မိုင် ၅ ဖာလုံအကွာရှိဇလုံတောင် ဒေသမှ ခမိုးရွာ၊ ညောင် သာယာရွာခိုပြင်ရွာ တို့ကိုအခြေပြု၍ဇလုံတောင် ဒေသ လူထုအခြေပြု ခရီးသွားလုပ်ငန်း အဖြစ် အကောင်အထည် ဖော်ဆောင်ရွက်ရန်စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီဇင်ဘာလ ၂ဝ ရက်မှစတင်၍ခွင့်ပြုထားကြောင်း သိရသည်။

”ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒေသအချို့ မှာရှိတဲ့ ရေမြေတောတောင် သဘာဝအလှအပတွေ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံတွေ လက်မှု လုပ်ငန်းတွေကိုဖော်ထုတ်ပြီး ကျေးလက်နေပြည်သူတို့ရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းတွေကို အကောင်အထည်ဖော်နေပါတယ်။ ကသာခရိုင် ဗန်းမောက်မြို့နဲ့ ၅ မိုင် ၅ ဖာလုံအကွာမှာရှိတဲ့ ဇလုံတောင်ဒေသမှ ခမိုးရွာ ညောင်သာယာရွာနဲ့ ခိုပြင်ရွာတို့ကို ဇလုံတောင်ဒေသ လူထုအခြေပြုခရီးသွားလုပ်ငန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ခွင့်ပြုခဲ့ပါတယ်” ဟုစစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြတ်ကျော်ကျော်က ပြောကြားသည်။

ဇလုံတောင်ဒေသအခြေပြု ခရီးသွားလုပ်ငန်း စခန်းမှာ ပြည်တွင်းခရီးသွားများ တည်းခိုနိုင်မယ့် အဆောက်အအုံတွေ၊ ဒူးရိုးရာ စားသောက်ဆိုင် ၁ ဆိုင် တွေကိုလည်း စီစဉ်ထားကြောင်းသိရသည်။ အဆိုပါစခန်းတွင်တစ်ထောက်နားကာ ၉ မိုင်ခန့် ကွာဝေးသော ဇလုံတောင် ကြောင်မန်းတောင်များသို့ သွား ရောက်နိုင်သည့်အပြင် စခန်းမှနေ၍ ကဒူးလူမျိုးများနေ ထိုင်ရာခမိုးရွာ ညောင်သာယာရွာ ခိုပြင်ရွာများသို့သွားရောက်ကာ ကဒူးလူမျိုးများ၏ ဓလေ့ထုံးစံများကို လေ့လာလည်ပတ်နိုင်ရန်စီစဉ်ထားကြောင်းသိရသည်။

လှိုင်ဝင်းကို


LEAVE A REPLY

Please enter your comment!
Please enter your name here