The Super Model International Myanmar 2018 ပြိုင်ပွဲကြီးကို ဖေဖော်ဝါရီလတွင် ကျင်းပမည်

0
262

The Super Model Inter-national Myanmar ( 2018 ) Organization မှကြီးမှူးကျင်းပတဲ့ The Super Model International Myanmar 2018 ( City Crown ) ပေးအပ်ခြင်းနှင့် မီဒီယာမိတ်ဆက် ခြင်း အခမ်းအနားကို ဇန်နဝါရီလ ၆ ရက်နေ့၊ မနက် ၁ဝ နာရီက Orchid Hotel မှာပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားနဲ့ပတ်သက်ပြီး The Super Model International Myanmar & JU CEO & Founder ကိုဇေယံဟိန်းက…

”ဒီပွဲကဆို ပြီးခဲ့တဲ့နှစ်ကလည်း လုပ်တယ်။ အိန္ဒိယမှာ သွားပြိုင်ရ တယ်။ ဒီနှစ်ကတော့ အိန္ဒိယဖြစ်မ လား၊ထိုင်းဖြစ်မလားသူတို့က မကြေ ညာသေးဘူးပေါ့နော်။ဟိုးရှေးတုန်း ကလည်း ကျွန်တော်တို့ အေဂျင်စီက စူပါမော်ဒယ်တွေ လွှတ်ခဲ့တာဆို လို့ရှိရင် ၄ ကြိမ် ၅ ကြိမ်လောက် ရှိသွားပြီပေါ့နော်။ အပွင့်လင်းဆုံး ပြောရမယ်ဆိုရင် ဒီနှစ်မှာ ဘာဆု လေးများရမလားဆိုပြီး ကလေးတွေ လုပ်တာကို အားဖြည့်ပေးတာပါ။ ပြိုင်ပွဲဝင် City ညီမငယ်အားလုံးက တော့ ရောက်ရှိနေပြီး ပြိုင်ပွဲ အတွက် လည်း အားလုံး ရယ်ဒီဖြစ်နေပါပြီ။ ကျွန်တော်တို့ ဒီကာလမှာ ထရိန်နင် တွေပေးသွားမှာဖြစ်ပြီး ဖေဖော်ဝါရီ လကုန်နဲ့ လလယ်လောက်မှာတော့ ပြိုင်ပွဲက စနေမှာဖြစ်ပါတယ်။ ဖိုင် နယ်ပွဲကြီးကိုတော့ နေပြည်တော်မှာ ပဲကျင်းပမှာပါ။ပြိုင်ပွဲဝင်တွေကတော့ စုစုပေါင်း ၂၅ ယောက်လောက်ရှိပါ တယ်။ အဲဒီထဲကနေမှ တစ်ယောက် ကိုရွေးချယ် သွားမှာပါ” လို့ပြောပါ တယ်။ ဒီပြိုင်ပွဲမှာ ဘယ်လိုအရည် အချင်းမျိုးရှိတဲ့သူမျိုးကို The Super Model International Myanmar 2018 အဖြစ်ရွေးချယ် သွားမလဲ ဆိုတာကို ကိုဇေယံဟိန်းက အခုလို ပြောပြခဲ့ပါတယ်။

”ကျွန်တော်က ဘယ်သူ့ဘယ်သူ မှလည်း အေဂျင်စီ စီနီယာတွေကို လည်း မစော်ကားပါဘူး။ ကိုယ့်ရဲ့ ဦးတည်ချက်ကိုပဲ ပုံမှန်သွားတဲ့သူ တစ်ယောက်အနေနဲ့ ပြောမယ်ဆို ရင် မြန်မာနိုင်ငံမှာက မော်ဒယ်လို့ ပြောလိုက်လို့ရှိရင် အရပ်ရှည် ရှည်နဲ့ ညီမလေးတွေကိုပဲ ပြေးမြင် မယ်ပေါ့နော်။ ဒါကိုလည်း ဖြစ်စေ ချင်တာပေါ့လေ။ ဒါပေမဲ့လည်း အရပ်ကန့်သတ်ချက်ကတော့ ၅ပေ နဲ့ ၄လက်မ လောက်ကနေ စပြီး လက်ခံထားတယ်လို့ ယူဆမိပါတယ်။ပုံမှန်အားဖြင့် နိုင်ငံခြားပြိုင် ပွဲတွေ မှာတော့ အင်္ဂလိပ်စာနည်းနည်း ကောင်းရမယ်။ ပြီးတော့ နိုင်ငံ ကိုယ် စားပြု တစ်ယောက်အနေနဲ့ သူ့ရဲ့ ကိုယ်နှုတ်နှလုံးကံသုံးပါး အမူအရာ သူ့ရဲ့ ကိုယ်ကျင့်တရား ကောင်းရ မယ်။ တော်တော်များများ အဆင်ပြေ မှကောင်းမှာပေါ့နော်။ ဒီပွဲလေးက ပုံမှန်အားဖြင့်တော့ မော်ဒယ်ပွဲလေး လို့ ထင်ရပေမယ့် မြန်မာလို့ စလွယ် လွယ်လိုက်ပြီ ဆိုတာနဲ့ ဘယ်သူပဲ ဖြစ်ဖြစ် သူတို့နဲ့ နာမည်က အဓိက မဟုတ်တော့ဘဲ ကျွန်တော်တို့ နိုင်ငံ ကိုကိုယ်စားပြုတာဖြစ်တဲ့အတွက် သူတို့ရဲ့ ပခုံးပေါ်မှာ ပေးလိုက်ရတဲ့ တာဝန်ကို ကျေပွန်အောင်ထမ်း ဆောင်ရမှာဖြစ်တယ်။ အဲဒီလိုမျိုး ရှိတဲ့သူတစ်ယောက်ကိုတော့ရွေးချယ် သွားရမှာပါ”လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်၊

ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here