သက်ရှိဘုရား

0
174

အခန်း(၁)

“အရှင်ဘုရား၊အရှင်ဘုရား”
စာထဲဈာန်ဝင်နေကာမှ အရှင်သော မနခေါ်သံကြောင့် လန့်သွားရတယ်။
”ဘာဖြစ်လို့တုံး အရှင်သောမန ရဲ့ အရေးကြီးလို့လား”
အရှင်သောမနဟာ ကျုပ်တို့ စာသင်တိုက်မှာတော့ အနေအေး တဲ့ကိုယ်တော်တစ်ပါး။ အခုတော့ ကျုပ်ကျက်သရေခန်းထဲအထိ ရေး ကြီးသုတ်ပျာနဲ့ဝင်လာတယ်။ စကား ကိုအလောတကြီးနဲ့ ပြောတယ်။ ဒါ့ ကြောင့် ကိစ္စတစ်ခုရှိလောက်ပြီဆို တာ ကျုပ်သိလိုက်ရပါတယ်။
”အရေးကြီးတယ်ဘုရား။ တပည့်တော်တို့ ဒကာကြီး ဦးလှကြိုင် ဆုံးရှာပြီတဲ့ဘုရား”
”ဟေ”
အာမေဋိတ်သံနဲ့အတူ ကျုပ်ရဲ့ ဖတ်လက်စ စာအုပ် လက်ထဲက လွတ်ကျသွားတဲ့အထိကို အထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။ဒကာကြီးဆုံးပြီတဲ့လား။ သံဃာတစ်ပါးနဲ့မညီတဲ့ ခံစားချက်မျိုးနဲ့ကို ကျုပ်တော်တော် လေး စိတ်မကောင်းဖြစ်ရတာပါ။ ဦးလှကြိုင်ဆိုတာ ကျုပ်ဒီစာသင် တိုက်ကို ရောက်ကတည်းက လိုလေ သေးမရှိ လှူဖွယ်ပစ္စည်းလှူပေးနေ တဲ့ အလှူရှင်ကြီး။ နောက်ပိုင်း အရှင် သောမန ရောက်လာတော့လည်း ကျုပ်တို့နှစ်ပါးလုံးကို မငြိုမငြင် လှူ ဒါန်းခဲ့တဲ့ဒကာကြီး။ သဒ္ဓါတရားကြီး မားမွန်မြတ်သူကြီးပါ။
”အရှင်ဘုရား တပည့်တော်တို့ ဒကာကြီးအိမ်ကို ကြွကြရအောင် ဘုရား”
ကျုပ်လည်း အရှင်သောမနကို နှိုးဆော်လိုက်တယ်။ အရှင်သောမန လည်း မဆိုင်းမတွပါပဲ။ ကျုပ်စကား ကိုသဘောတူလိုက်တယ်။

အခန်း (၂)

အသုဘအိမ်သွားရာ လမ်းတစ် လျှောက်ကို အတွေးတွေနဲ့ ဖြန့်ခင်း လိုက်တယ်။ ဒကာကြီးရဲ့ ပြုခဲ့ဖူးတဲ့ ကောင်းမှုတွေအကြောင်းလို့ ပြောရင် လည်းမမှားပါဘူး။ ကျုပ်စာသင်တိုက် ကို စရောက်ရောက်ချင်း ဆွမ်းခံပင့် တဲ့အိမ်မရှိသေးဘူး။တိုက်အုပ်ဆရာတော်ရဲ့ကျေးဇူးကြောင့် ဦးမြကြိုင် အိမ်မှာ ထိုင်ကိုယ်တော်တစ်ပါး အ နေနဲ့ ဆွမ်းခံခွင့်ရခဲ့တယ်။ဆွမ်း၊ကွမ်း မှအစ ကျုပ်ရဲ့လိုအပ်တဲ့ ဝတ္ထုပစ္စည်း မှန်သမျှ အကုန်တာဝန်ယူ လှူဒါန်း ပေးခဲ့တယ်။ ကျုပ်နဲ့နှစ်လနောက်ကျ ပြီးရောက်လာတာက အရှင်သောမန။ကျုပ်ရောက်စကလိုပဲ အရှင်သောမန မှာလည်း ဆွမ်းခံပင့်မယ့်အိမ်မရှိသေး ဘူး။ ဒီကိစ္စကိုလည်း ဦးမြကြိုင်ကပဲ တာဝန်ယူ ဒါနပြုခဲ့တယ်။ အဲဒီလိုနဲ့ ကျုပ်ရယ်၊ အရှင်သောမနရယ် သူ့ အိမ်မှာ ထိုင်ကိုယ်တော်နှစ်ပါးဖြစ် သွားခဲ့တယ်။ သိပ်ကိုသဒ္ဓါတရား ထက်သန်တဲ့လူသူတော်ကောင်းကြီး ပါ။ အသုဘအိမ်ရောက်တော့ ကွယ် လွန်သူ ဦးမြကြိုင်ရဲ့ ရုပ်အလောင်းက အိမ်ရှေ့မှာပက်လက်အတိုင်း။ မိသား စုသုံးယောက်တည်းရှိတာမို့ ကျန်ခဲ့တဲ့ ဇနီးနဲ့သမီးက အလောင်းဘေးနားမှာ ငိုနေကြရဲ့။ အသံချဲ့စက်၊ မဏ္ဍပ်၊ ဝေ ယျာဝစ္စအလုပ်တွေ လုပ်သူတွေနဲ့ အသုဘအိမ်က နည်းနည်းရှုပ်ယှက် ခတ်နေတယ်။ ကျန်ခဲ့တဲ့ဇနီးနာမည် ကဒေါ်ရွှေ။သမီးတစ်ယောက်နဲ့မုဆိုးမဖြစ်ရှာလေပြီ။ ကျုပ်တို့ကိုတွေ့မှ ဒေါ်ရွှေက အသံကုန်ဟစ်ပြီး ငိုရှာပါ တော့တယ်။

”အောင်မလေးသွားလေသူကြီး ရဲ့၊ ရှင့်ကိုယ်တော်နှစ်ပါးကြွလာပြီလေ။ ထကြည့်ပါဦးလား”
စို့စို့နစ်နစ်ကြီးတပြီး ငိုလိုက်တဲ့ ဒေါ်ရွှေကြောင့် ကျုပ်တို့လည်း ဝမ်း နည်းရပါတယ်။
”အဖေ၊ သမီးတို့ကိုခွဲသွားပြီလား အဖေရယ်”
ကွယ်လွန်သူ ဒကာကြီးသမီး ကလည်း အော်ငိုလိုက်တာကြောင့် ထပ်ဆင့်စိတ်မကောင်းဖြစ်ရပါတယ်။ သင်္ကန်းဝတ်ထားတယ်ဆိုပေမယ့် နှလုံးငယ်သူမို့ ဒီလိုသာဆိုရင် ကြာ ကြာတောင့်ခံနိုင်မည်မထင်ပါ။အဲ့ဒါ ကြောင့် ခဏတစ်ဖြုတ်နေပြီး ဒကာမ ကြီး ဒေါ်ရွှေနဲ့သမီးတို့ကို နှုတ်ဆက် ပြီး ပြန်လာခဲ့ကြတယ်။
”တံငါရွာနေပူထဲ ကွန်တွေလည်း ဖြန့်လို့သာ x  x ပင်လယ်ပြင်မှာ ငါး ဖမ်းဝမ်းစာရှာ။ x  x  နေညိုချိန်မှာ လည်း အိမ်သူမယားသားသမီးတွေ အပြန်လမ်း x  မြစ်ကမ်းကစောင့် ကြိုရှာ” အသုဘအိမ် လော်စပီကာက ထွက်လာတဲ့သီချင်းသံ။ ဒီသီချင်းဟာ အသုဘမိသားစုဝင်တွေတော့မသိ ဘူး။ ကျုပ်ရင်ကိုလာမှန်တယ်။ ခုနက အဖေသမီးတို့ကို ခွဲသွားပြီ လားဆိုပြီး ငိုခဲ့တဲ့ကလေးမလေး အသံကပါနား ထဲပြန်ပြီးပဲ့တင်ထပ်လာသလိုခံစားရတယ်။
”အဖေ၊ ခွဲသွားပြီလား”
ကလေးမလေး ငိုရင်းပြောတဲ့ စကားလုံးတွေကို နှစ်ခြမ်းခွဲ ပြီးနှုတ်မှ ဖွဖွကလေး ရေရွတ်မိတယ်။ စိတ် ဟာ အတိတ်ဆီကို လူးလာပျံသန်းသွား ခဲ့တယ်။
”ကျွန်တော်တံငါ အလုပ်မလုပ်ချင် တော့ဘူး အဖေရာ။ သင်္ကန်းပဲ ဝတ်ချင် တယ်”
လွန်ခဲ့တဲ့ ဆယ့်ငါး နှစ်ကျော်တုန်းက ကျုပ်နဲ့ကျုပ်အဖေနဲ့ စကားတွေ အခြေအတင်ပြောခဲ့ကြဖူးတယ်။ ကျုပ် တို့က အဖေတစ်ခု၊ သားတစ်ခု။ တံငါ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းတယ်။ အဲ့ဒီကတည်းက ကျုပ်ဟာအလုပ်ကို လက်ကြောတင်းအောင်လုပ်ချင်ခဲ့တာ မဟုတ်ဘူး။ အဖေ့တံငါအလုပ်ကို အကုသိုလ်အလုပ်လို့ ဗန်းပြပြီး ဘုန်း ကြီးဝတ်မယ်။ နိုင်ငံကျော် ဓမ္မကထိ ကဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့ အ ကြောင်းပြချက်နဲ့ အိမ်ကထွက်ခဲ့တယ်။ အဲ့ဒီတုန်းက အဖေဟာ မျက်ရည် လေး တစမ်းစမ်းနဲ့ ကျန်နေခဲ့ရတယ်။
”သားအဖေ့ကို တကယ်ခွဲသွား တော့မှာလား။ အဖေကအသက်ကြီး လာပါပြီသားရယ်။ သားမရှိရင် အဖေ့ကို ဘယ်သူစောင့်ရှောက်မှာလဲ။အဖေအိုနေပါပြီကွာ”ဆိုတဲ့ ဟိုအ တိတ်က အဖေပြောခဲ့တဲ့စကားတွေ ကို အခုပြန်ကြားနေရသလိုပါပဲ။ နား ထဲမှာ ပဲ့တင်ရိုက်နေတာ အထင်း သား။ ဘာ့ကြောင့်များအဖေ့ကို ကျုပ် လျစ်လျူရှုခဲ့ရတာလဲ။ နောင်တရ တယ်ဆိုတာ ဒါမျိုးကိုပြောတာလား။ ကျုပ်ဝေခွဲမရဖြစ်ရပါပြီ။ ရွာမှာ အဖေမှရှိပါ့ဦးမလား။ ရှိရင်ရောနေမှ ကောင်းရဲ့လား။ သက်ရှိထင်ရှား ရောရှိပါ့ဦးမလား။ ပြုစုမယ့်သူရော ရှိရဲ့လား။ စားသောက်ရတာရော အဆင်ပြေရဲ့လား။ အိမ်အ မိုးရော လုံရဲ့လား။ မိုးတွင်းရာသီဆိုရင် အ ဖေဘယ်လိုနေမလဲ။ အဲဒီလိုမေးခွန်း များစွာ ကျုပ်ဘာသာပြန်မေးပြီး ကျုပ်ဘာသာတစ်လုံးတည်း ပြန်ဖြေ လိုက်တယ်။
”အိမ်ပြန်မယ်”
ရုတ်တရက် နှုတ်ကထွက်ကျ လာတဲ့ စကားသံကြောင့်အရှင် သောမနလည်း လမ်းလျှောက်နေရာမှ ကျုပ်ဘက်ကိုငဲ့ကြည့်လိုက်တယ်။
”ဟုတ်တယ်အရှင်သောမန။ကျောင်းရောက်တာနဲ့ တပည့်တော်အိမ်ပြန်ဖို့ပြင်ရမယ်ဘုရား”
”ဒကာကြီးရက်လည်တဲ့အထိ မစောင့်တော့ဘူးလားဘုရား”
အရှင်သောမနတားတာက လည်းမှန်ပါတယ်။ ဒါပေမဲ့ ကျုပ်အ ဖေ့ကိုပစ်ထားခဲ့တာကြာပြီလေ။ ဒါ့ ကြောင့် ချက်ချင်းပြန်မှကိုဖြစ်မှာမို့ ပြန်ဖို့ကို ဆုံးဖြတ်ချက်ချလိုက်တော့ တယ်။
”ခွင့်လွှတ်ပါဘုရား။ ကျေးဇူး ရှင်မှန်ပေမယ့် တပည့်တော်အဖေကပိုအရေးကြီးလို့ပါဘုရား”

အခန်း (၃)

ကျုပ်ရဲ့ဇာတိရွာက ပင်လယ် ကမ်းခြေဒေသ။ ဒါ့ကြောင့် ရွာကိုပြန် ရင် သင်္ဘောကတော့မဖြစ်မနေ စီးရတယ်။ ရေလမ်းခရီးပါနေတာကိုး။အဖေ့ကို တွေ့ချင်စိတ်လောနေတဲ့ ကျုပ်ဟာ ခရီးသည်တင်သင်္ဘောကို စောင့်မနေတော့ဘဲ စက်လှေစီးလုံး ငှားပြီးပြန်လာခဲ့တယ်။ ကျုပ်ငှား လာတဲ့ စက်လှေရွာကမ်းခြေကို ကပ် တော့ မနက်ဆယ်နာရီဝန်းကျင်။အဖေ့အိမ်လေးရှိရာကို ခြေလှမ်းကျဲ ကျဲနဲ့ လျှောက်လာခဲ့လိုက်တယ်။ ငါး မိနစ်လောက် လျှောက်လာပြီးမှာ တော့ အဖေ့ခြံဝန်းလေးထဲကျုပ်ရောက် ရှိခဲ့လေပြီ။ အင်္ကျီအပြဲ၊ လုံချည်အဖာ တွေ၊ ဆံပင်ရှည်ရှည် ညှဉ်းသိုးသိုး၊ တုန်တုန်ယင်ယင်နဲ့ အဘိုးကြီးဖြစ် နေတဲ့အဖေ့ကို တွေ့လိုက်ရတယ်။
”ကန်တော့ဆွမ်းပါဘုရား။ဒီနေ့ ဆန်မရှိတော့ ထမင်းလည်း ချက်စ ရာမရှိပါဘူးဘုရား”
ကျုပ်ကိုရွာဦးကျောင်းက ဆွမ်း ခံလာတယ်မှတ်နေတာ။ တုန်ယင် နေတဲ့လက်ကလေးတွေနဲ့ လက် အုပ်ချီလို့။ ဆန်မရှိလို့ထမင်းမချက် ဘူး။ ကန်တော့ဆွမ်းပါဘုရားတဲ့လား အဖေရာ။ ဒီလိုနေ့ရက်မျိုး ဘယ် လောက်တောင်များ အဖေဖြတ်သန်း နေရလဲ။ ဘယ်လိုနည်းနဲ့မှ ဖြေမ ဆည်နိုင်တဲ့အဆုံး အသံထွက်ငိုချ လိုက်တော့တယ်။ ငိုသံကြားတော့ အဖေလည်းသူ့ မျက်မှန်လေးကို ကြမ်းပြင်ပေါ်လိုက်စမ်းပြီးတပ် လိုက်တယ်။ ပြီးတော့ ကျုပ်ကို သေ သေချာချာ စိုက်ကြည့်တယ်။
”သား”
ငိုသံပါကြီးနဲ့ အဖေလည်း ဝမ်း သာအားရ ကြုံးအော်လိုက်တာသားတဲ့။
”အဖေ”
ကျုပ်လည်း မျက်ရည်တွေကြား ထဲကပဲ အဖေလို့အော်ခေါ်ရင်း အားရပါးရ ပြေးဖက်လိုက်တယ်။ အဖေက ကျုပ်ကိုဘုရားစင်ရှေ့ထိုင်ဖို့ နေရာလုပ်ပေးလိုက်တယ်။အဖေလုပ် ပေးတဲ့နေရာမှာ ကျုပ်ဝင်ထိုင်လိုက် တယ်။ အဖေကကျုပ်ကိုကန်တော့ တယ်။ သင်္ကန်းမအုပ်မိတဲ့ ခြေဖျား လေးကို သူ့လက်ကလေးနဲ့အုပ်ပြီး ကန်တော့ရှာတယ်။ အဖေ့ကျောပြင် ကို မျက်နှာအပ်ချပြီးကျုပ်လည်း ငိုလိုက်တော့တယ်။ကျုပ် ခြေဖျားမှာ အဖေ့မျက်ရည်တွေရွှဲနေသလို အဖေ့ ကျောပြင်မှာလည်း ကျုပ်မျက်ရည် တွေရွှဲလို့။
”အဖေ့ကိုအလုပ်အကျွေးပြု ခွင့်ရပြီပေါ့အဖေရယ်။ ဒီအချိန်ထိ အဖေအသက်ရှင်နေတာကိုပဲ ကျုပ် ဝမ်းသာလှပါပြီ။ နိုင်ငံကျော်ဓမ္မ ကထိကဖြစ်ဖို့ထက် အဖေ့ကိုအလုပ် အကျွေးပြုဖို့က အရေးကြီးပါတယ် အဖေ။ အဖေဟာကျုပ်အတွက်တော့ သက်ရှိထင်ရှားဘုရားပါ”
မျက်ရည်တွေကြားက အဖေ့ ကျောပြင်ကို အကြိမ်ကြိမ်နမ်းရှိုက် ရင်း ကတိတွေ အထပ်ထပ်ပေးနေ မိတော့တယ်။ စာသင်တိုက်ကို မပြန် ဖို့ဆုံးဖြတ်လိုက်တယ်။ ရွာဦးကျောင်း မှာပဲ သီတင်းသုံးရင်းအဖေ့ကို အလုပ် အကျွေးပြုဖို့ ဆုံးဖြတ်ချက်ချလိုက် တယ်။ ဒီလိုအလုပ်အကျွေးပြုတာကို လည်း ဗုဒ္ဓဘာသာနိုင်ငံထဲမှာနေတဲ့ ကျုပ်တို့ရွာသူရွာသားတွေလည်း နား လည်လက်ခံကြပါလိမ့်မယ်အဖေ။ ။

ညီဆောင်းဦး


LEAVE A REPLY

Please enter your comment!
Please enter your name here