မင်းသမီးဖြစ်ချင်တာထက် သရုပ်ဆောင် ကောင်းတစ်ယောက်ဖြစ်ချင်တဲ့ ချစ်ချစ်ဇော်

0
219

ဖခင်ဖြစ်သူ ဟာသသရုပ်ဆောင် ဦးကျော်ထူးရဲ့ အနုပညာပိုးတဲ့ ချစ်ချစ်ဇော်က ဇာတ်ညွှန်းရေးသားသူ၊ ဒီဇိုင်နာ၊ သရုပ်ဆာင် စတာတွေကို ဖြစ်ချင်တဲ့သူတစ်ဦးပါ။ သူက Psychology တတိယနှစ် ကျောင်းသူ တစ်ဦးလည်းဖြစ်ပြီး သူ့ရဲ့ အနုပညာ ရည်မှန်းချက်က မင်းသမီးဖြစ်ချင်တာထက် သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ချင်တာလို့ ပြောပါတယ်။ ဒါ့အပြင်သူက ဖခင်ဖြစ်သူရဲ့ ဒီဇိုင်နာတစ်ဦးလည်း ဖြစ်လို့နေပါတယ်။

“ဒါရိုက်တာက ဒီကားမှာ ဒီလိုမျိုးလိုချင်တယ်လို့ပြောရင် အနီးစပ်ဆုံးတူ အောင်တော့ လိုက်ဝယ်ပေးတယ်။ ဖေဖေနဲ့လည်း လိုက်ရမယ်။ ဖေဖေ့ပုံစံနဲ့လည်း သိပ်ပြီးတော့ ကွဲထွက်သွားတာမျိုး မဖြစ်သွားအောင်ပေါ့။ အဲဒီလိုလေး ကြည့်ပြီး ဝယ်ဖြစ်ပါတယ်”လို့ ဖခင်ဖြစ်သူအတွက် အဝတ်အစား ပိုင်းနဲ့ ပတ်သက်လို့ သူကပြောပါတယ်။ လက်ရှိမှာ သူ့ရဲ့အဖြစ်ချင်ဆုံးကို ပြောပါဆိုရင် ဇာတ် ညွန်းရေးဆရာမ တစ်ဦး ဖြစ်ချင်နေပြီး ဒီအပိုင်းနဲ့ ပတ်သက် လို့လည်း ဖခင်ဖြစ်သူဆီကနေ သင်ယူလေ့လာနေ ကြောင်း ချစ်ချစ်ဇော်က ပြောပါတယ်။

“ဇာတ်ညွန်းရောဝတ္ထုရော ရေးနိုင်အောင်ပေါ့။ ဇာတ် ညွှန်း ရေးပြီးသားတွေကိုလည်း ဖေဖေ့ကိုပြတယ်။ ဖေဖေ ကလိုတာပိုတာကိုပြောပြတယ်။ ဒီနားမှာ ဒီလိုရေးလိုက် ရင် ပိုအဆင်ပြေတယ်ဆိုပြီး တော့လည်းသင်ပေးတယ်။ ရေးထားပြီးသားထဲက ဇာတ်ကား ရိုက်ကူးစေချင်တာ လေးတွေလည်း ဖေဖေကိုပြတယ်။ ဖေဖေကလည်း ယူထားပါတယ်”လို့ သူရေးသားထားတဲ့ ဇာတ်ညွန်း တွေနဲ့ ပတ်သက်လို့ ချစ်ချစ်ဇော်က ပြောပါတယ်။  သူ့အနေနဲ့ကတော့ ဘာပဲလုပ်လုပ် ဖခင် ဖြစ်သူကို တိုင်ပင်သွားပြီး ဖခင်ရဲ့ အကြံပေးမှုတွေကို တလေးတစားနဲ့ လိုက်နာသွားမယ်လို့ ပြောပါတယ်။ “အဖေ့ရဲ့ သမီးဖြစ်ရတာ တအား ဂုဏ်ယူ တယ်။ ပြောမပြ တတ်လောက်အောင်ကို ဂုဏ်ယူ မိတယ်။ ပြီးတော့ ဖေဖေ့ကို ချစ်သလိုလည်း သမီးကိုလည်း အများကြီး ချစ်ပေးပါ”လို့ ပရိသတ်ကို စကားဆိုခဲ့ပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here