အကယ်ဒမီ ထူးချွန်ဆုပေးပွဲကျင်းပမည့်ရက်မှာ မတ်လ ၂၃ ရက် သေချာသလောက်ရှိနေပြီဖြစ်ကြောင်း ဦးအေးကြူလေးပြော

0
182

အကယ်ဒမီဆုပေးပွဲ ဘယ်တော့ ကျင်းပမှာလဲ၊ အကယ်ဒမီစာရင်းဝင် ဇာတ်ကားတွေ ဘယ်နှစ်ကားရှိလဲ၊ အကဲဖြတ်ပေးမယ့်လူကြီးတွေရော ဘယ်လိုဆောင်ရွက်နေသလဲဆိုတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲနဲ့ ပတ် သက်တဲ့ မေးခွန်းတွေကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးနဲ့ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။

”ဦးတို့ဘက်ကလည်း ဇာတ်ကား တွေတင်ပြီးကြည့်ရှုနေပြီ။ အရင်က အကယ်ဒမီပေးပွဲတွေနဲ့ ဒီနှစ်အကယ်ဒမီပေးပွဲက ကွာခြားပါတယ်။ တစ်နှစ် ထက်တစ်နှစ် ကောင်းမွန်လာတယ်။ အစည်းအရုံးအတွက်လည်း ဟိုတုန်း က ရုပ်ရှင်လောကက လုပ်ခဲ့တာလေ။ အကယ်ဒမီအနေနဲ့လည်းအများအား ဖြင့် မတ်လ ၁၆ ရက်၊ ဒါမှမဟုတ် ၂၃ ရက် လို့ ခန့်မှန်းပြောရင်ရနေပြီး ဇာတ်ကားကြီးတွေလည်း အခုမှ စကြည့် နေတယ်။ ဇာတ်ကားက ၅၃ ကား၊ ပထမတစ်ပတ်လည်တာနဲ့ ဖေဖော် ဝါရီလထဲ ရောက်ရှိနေပြီဆိုတော့ မတ်လ ၂၃ ရက်နေ့ကတော့ သေချာ သလောက်ဖြစ်နေပြီ။ တစ်ရက်ကို ဇာတ်ကား ၂ ကားနှုန်းနဲ့ ကြည့်ရှုနေပါ တယ်။ Forever Group ကလည်း တတ်နိုင်သမျှ ထူးထူးခြားခြား လုပ် ဖြစ်သွားမှာပါ။ လျှောက်လမ်းတွေမှာ လည်းဟိုတုန်းက ဂန္ထဝင်ဇာတ်ကားတွေကို ထောင်ထားပြီး လက်မှတ်ထိုးတဲ့ နေရာတွေလည်းထားဖို့ရှိတယ်။ လက် မှတ်ထိုးတဲ့စာအုပ်ကိုလည်း ရွှေစာ အုပ်၊ ငွေစာအုပ်တွေနဲ့ ပြုလုပ်သွား မှာပါ”လို့ ဦးအေးကြူလေးက ပြော ကြား ပါတယ်။

ဦးလေးကြူလေးက အရင် ရုပ်ရှင်အစည်းအရုံးအမှုဆောင်လက် ထက်မှာလည်း ပါဝင်ခဲ့သူဆိုတော့ လူမင်းလက်ထက် အကယ်ဒမီဆုပေး ပွဲနဲ့ ဦးဇင်ဝိုင်းလက်ထက် အကယ်ဒမီ ဆုပေးပွဲဘာတွေကွာခြားသွားမလဲ ဆိုတဲ့အမေးကိုလည်း ဆက်လက် မေးမြန်းဖြစ်တဲ့အခါ…

”အခုနှစ်က ဥက္ကဋ္ဌအပြောင်း အလဲလည်းရှိခဲ့တယ်။ နှစ်ယောက် စလုံးကတော့ တော်တဲ့လူတွေပါပဲ။ ဒါပေမဲ့ ဦးဇင်ဝိုင်းကတော့ ပိုပြီး တော့အချိန်ပေးနိုင်တာပေါ့။ အစည်း အဝေးတွေခဏခဏလုပ်ပြီး ဆက် တိုက်လုပ်လာတယ်။ ဒီသုံးလေးလ အတွင်းမှာ ရုပ်ရှင်အစည်းအရုံးက အလုပ်တွေကိုအများကြီး ပိုလုပ်ဖြစ် လာတယ်”လို့ ဦးအေးကြူလေးက ပြောပြပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here