မောင်လင်းရောင်ခန့် (ခ) Nico ရက်တစ်ရာပြည့် မွေးနေ့နှင့် အမည်ပေး ကင်ပွန်းတပ်မင်္ဂလာ

0
168
ဦးကျော်ဟိန်း (ဦးပဉ္ဇင်း ဦးကိတ္တိသာရ) ၏ မြေး

ကိုနေဝင်းနဲ့ မဆုဆုစံတို့ရဲ့ သားဦးလေး ရက်တစ်ရာ ပြည့် မွေးနေ့နှင့် အမည်ပေးကင်ပွန်း တပ်မင်္ဂလာကို ဇန်နဝါရီလ ၁၃ရက်၊ မနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့ နယ်၊ ဓမ္မစေတီလမ်းရှိ မိုးညှင်းကျောင်းတိုက်မှာ ပြုလုပ်ခဲ့ ပါတယ်။ တစ်ချိန်ကလျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သလို လက်ရှိအချိန်မှာ သာသနာ့ဘောင်မှာ ပျော်မွေ့နေတဲ့ ဦးပဉ္ဇင်းဦးကိတ္တိသာရ (ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်း)ရဲ့ သားဖြစ်သူကိုနေဝင်းနဲ့ ဇနီးဖြစ်သူ မဆုဆုစံတို့က သူတို့ သားဦးလေးကို မောင်လင်းရောင်ခန့်(ခ) Nico လို့အမည်ပေးထားကြောင်း သိရပါတယ်။ ဦးကျော်ဟိန်း မျိုး ဆက်ဖြစ်တဲ့သားလေးမောင်လင်းရောင်ခန့်(ခ) Nico ဟာ လာမယ့်အနာဂတ်မှာ အနုပညာကြယ် တစ်ပွင့်အဖြစ်ထွန်းတောက်လာမှာလား၊ ဒါမှမဟုတ် နယ်ပယ်တစ်ခုခုမှာ တောက်ပလာမယ့် အနာဂတ်ရတနာလေး ဖြစ်လာမှာလား ဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here