ဦးစိန်ဝင်းသောင်း၊ ဆရာဦးမြင့်သိန်း (မန်းပန်တျာ)တို့ကို အမှူးထားပြီး ရဟန်းဒါယကာ ဦးမင်းမင်း+ ရဟန်းဒါယိကာမ ဒေါ်စန္ဒာ၊ သား မောင်ဇင်မင်းဦး၊ မောင်ကောင်းစစ်မင်းတို့ မိသားစုရဲ့ ရဟန်းခံ ရှင်ပြုအလှူမင်္ဂလာပွဲကို ဇန်နဝါရီ၁ဝ ရက်၊ နံနက်၁ဝနာရီက သင်္ဃန်းကျွန်းမြို့နယ်(ဇ)၊ တောင်ရပ်ကွက်၊ ဝေဇယန္တာ Orange အနီး ရွှေနားပန်ဘုရား အနောက်မုခ်၊ သဒ္ဒမ္မမဏ္ဍိုင် ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။
”ရွှေဘိုက ကိုရင်လေးတစ်ပါးက အသက်ကပြည့်နေပြီ ရဟန်းခံမယ့် ဒါယကာ မရှိဘူးဆိုတာနဲ့ ကျွန်တော်တို့က ရဟန်းခံပေးလိုက်တာပါ။ ဒီအလှူလေးနဲ့ပတ်သက်ပြီး ဝမ်းသာပီတိဖြစ်ရပါတယ်။ ညီလေး(ဖိုးချစ်)ရဲ့ ပရိသတ်တွေနဲ့အတူတူ မိသားစုအလှူလေးအနေနဲ့ လုပ်ဖြစ်သွားတာပါ။ ကျွန်တော် တို့အနေနဲ့ ဒီလိုမျိုး အသက်ပြည့်ပြီး ရဟန်းခံချင်တဲ့ ကိုယ်တော်တွေကို ရဟန်းခံပေးနေကျပါ။ ဒါက ကျွန်တော်တို့ အမြဲတမ်းလုပ်ပေးနေကျပါ။ နောက်ပိုင်းမှာလည်း လုပ်ပေးဖြစ်သွားဦးမှာပါ” လို့ ရဟန်းခံရှင်ပြု အလှူနဲ့ပတ်သက်ပြီး ကိုမင်းမင်းက ပြောပါတယ်။ ကိုမင်းမင်းကတော့ မြို့ရွှေမန်းသား ဖိုးချစ်ရဲ့ အစ်ကိုအရင်းလည်းဖြစ်ပါတယ်။ ကောင်းစစ်မင်းကတော့ ဦးလေးဖြစ်သူ မြို့ရွှေမန်းသား ဖိုးချစ်ရဲ့ဇာတ်မှာ မင်းသားတစ်ဦးအဖြစ် ကပြလျက်ရှိနေပါတယ်။
လင်းအက္ခရာ