ရှုတင်အဖွဲ့သားတွေကို ကျပ် ၁၆ သိန်း ကံစမ်းမဲဖောက်ပေးခဲ့တဲ့ ပြေတီဦး

0
259

ပြင်ဦးလွင်မှာ ဇာတ်ကားရိုက်ကူးနေတဲ့ ပြေတီဦးက သူ့ရဲ့ရိုက်ကူးရေးအဖွဲ့သားတွေ ပျော်ရွှင်ဖို့အတွက် ရှုတင်မှာ ကံစမ်းမဲဖောက်ပေးခဲ့ပါတယ်။ နယ်ဘက်မှာရိုက်ကူးတဲ့ ရှုတင်ဆိုရင် ကံစမ်းမဲဖောက်လေ့ရှိပြီး မဲဖောက်ကံစမ်းတာ သုံးကြိမ်မြောက်ဖြစ်တယ်လို့ သိရပါတယ်။ စက်အဖွဲ့သားတွေကို ပထမဆု ကျပ်တစ်သိန်းခွဲ၊ ဒုတိယဆု ကျပ်တစ်သိန်းနဲ့ တတိယဆု ၈ သောင်းကျပ် မဲဖောက်ပေးခဲ့ပြီး ဇာတ်ပို့ဇာတ်ရံတွေကိုလည်း ကံစမ်းမဲဖောက်ပေးခဲ့ကြောင်းကို ပြေတီဦးက…

”ရှုတင် ၂ ခုပေါ့။ ၃ခါရှိပြီ မဲနှိုက်တာ။ ဒီဇာတ်ကားမှာတေ့ ကံစမ်းမဲဖောက်တာကျပ် ၁၆ သိန်းလောက် ကုန်သွားတယ်။ လူအယောက် ၁ဝဝ ကျော်တာကိုး။ တစ်ယောက်ကိုတစ်သောင်း၊ ဗလာမပါဘူး။ အလွှာ လိုက်ရယ်လို့ မဟုတ်ဘူး။ စက်မှုအဖွဲ့သားတွေကသပ်သပ်၊ ဇာတ်ရံတွေက သူ့အတိုင်းအတာနဲ့သူ ငွေ ကြေးရပါတယ်။ စက်မှုအဖွဲ့သားတွေကို မဲနှိုက်ကံစမ်းပေးတော့ သူတို့လည်း ပျော်ချင်တယ်၊ သူတို့လည်း မဲနှိုက်ကံစမ်းချင်တယ်ဆိုတာနဲ့ သူတို့အတွက်ပါ သပ်သပ်ထပ်ပြီးလုပ်ပေးရတာပေါ့။ ပျော်စေချင် တာပါ”လို့ ပြောပါတယ်။

ပြေတီဦးက မင်းသား ၄ ယောက်ရိုက်ကူးမယ့် လူကြီးလူကောင်း ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်မှာဖြစ်ပြီး ပရိသတ်အတွက် ထူးခြားမယ့် ဇာတ်ကားလို့ထင်ကြောင်း ပြောပါတယ်။

”မင်းသား၎ယောက်စလုံးက အများပိုင်ထဲမှာပါနေတော့ အများပိုင်က အကူအညီတောင်းလို့ ရိုက်ကူး ပေးဖြစ်တာပါ။ ပရိသတ်တွေတော့ ပုံမှန်ထက် စိတ်ဝင်စားမယ်လို့ ထင်ပါတယ်။ အဓိကက ဇာတ်ကား ကောင်းဖို့ပါပဲ။ မင်းသားနည်းနည်း၊ များများပါ”လို့ ပြောပါတယ်။ ခေတ်ပြိုင်မင်းသားတွေနဲ့ ရိုက်ကူးတဲ့အခါ မှာလည်း အပြိုင်အဆိုင်တွေနဲ့ နာမည်ရှေ့နောက်တွေရေးတာ တွေကတော့ သူ့အတွက် အရေးမကြီးကြောင်း ”ကျွန်တော်တို့ဘဝမှာ ဘယ်လောက်ထိကြိုးစားမလဲ၊ ဘယ်လောက်ထိ တာဝေးပြေးနိုင်အောင် သက်လုံ ကောင်းအောင် လုပ်ထားမလဲ၊ ဒါတွေကလည်း အရေးကြီးတာပါပဲ။ နာမည်ရှေ့နောက်တွေက ခဏလေး နေရင်ပြီးသွားမှာပဲဆိုတော့ အဲဒါတွေက အရေးမကြီးပါဘူး’လို့ ပြေတီဦးက ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here