သန်လျင် ကျိုက်ခေါက်ဘုရားပွဲလာ ပြည်သူတွေအမောပြေစေဖို့ ရေသန့်လှူဒါန်းမယ့် မြို့ရွှေမန်းသား ဖိုးချစ်

0
302

မြို့ရွှေမန်းသား ဖိုးချစ်နဲ့ မိသားစုများ၊ပရိသတ်များက ကျိုက်ခေါက်ဘုရားပွဲ တော်ကြီးမှာ ရေသန့်အလှူတော် ရေဘူးပေါင်း ၅ဝဝဝဝ (ငါးသောင်း) လှူဒါန်း မှာဖြစ်ပါတယ်။ ပွဲတော်ကြီးအစမှ ပြီးဆုံးတဲ့အထိ ရေအလှူတော်ကို ပြုလုပ် သွားမှာဖြစ်ပြီး ပရိသတ်များအနေနဲ့ ပါဝင်လှူဒါန်းလိုပါက ရေသန့်ဘူး ၁ဝဝ လျှင် ၁ဝဝဝဝ (တစ်သောင်း)ကျပ်နှုန်းနဲ့ ကုသိုလ်ပါဝင်လှူဒါန်းနိုင် ကြောင်းသိရပါတယ်။ ရေအလှူနဲ့ပတ်သက်လို့ မြို့ရွှေမန်းသားဖိုးချစ်ရဲ့ အစ်ကိုဖြစ်သူ ကိုမင်းမင်းက . . .

”လမ်းထိပ်မှာရေခဲဘူးတွေနဲ့ ရေဗူးတွေကိုထည့်ပြီးတော့ ဝေကြ မှာပါ။ ကျိုက်ခေါက်ဘုရားပွဲချိန်ကာလကျတော့ ပူတဲ့အချိန်ရောက် ပြီလေ။ အဲဒါနဲ့ ညီလေးကစဉ်းစားမိပြီးတော့ ကျိုက်ခေါက် ဘုရားမှာ ရေသန့်ဘူးတွေ လှူမယ်ပေါ့။ ဘူး ၄ သောင်း၊ ၅ သောင်းလောက်ပေါ့။ အဲဒါနဲ့ ပရိသတ်တွေကလည်း လှူချင် ကြတယ်။ အဲဒါနဲ့ အလှူခံ ဂရုလေး ဖွဲ့လိုက်တယ်။ မြို့ ပေါင်းစုံကလည်း တော်တော်များများလှူကြပါတယ်။ အလှူ ငွေ ကျပ် ၁ဝ သိန်းပဲရရ၊ ၁၅ သိန်းပဲရရ ညီလေးက ကျန်တာ စိုက်ပြီးတော့ လှူမယ်။ သောက်ရေသန့်ဘူးရဲ့ လိုဂိုကလည်း မြို့ရွှေမန်းသားဖိုးချစ်တို့ မိသားစုရဲ့ မေတ္တာရေစင်တံဆိပ် နဲ့ပေါ့။ ဇာတ်ပွဲထဲကိုဝင်လာတဲ့သူတွေရော၊ ဇာတ်စင် အပြင်ကလူတွေရောပေးမှာပါပဲ။ ဒီရေ အလှူအတွက် လည်း အတိုင်းမသိပီတိဖြစ်ရပါတယ်” လို့ ပြောပြ ပါတယ်။ မြို့ရွှေမန်းသားဖိုးချစ်က ကျိုက်ခေါက်ဘုရား ပွဲကြီးမှာ ဇန်နဝါရီ ၂ နေ့မှ ဖေဖော်ဝါရီ ၁ ရက် နေ့အထိ ကပြဖျော်ဖြေမှာဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here