အဆိုတော် ကိုကိုမောင်အတွက် ရေးပေးထားတဲ့ ပြည့်တန်ဆာ သီချင်းကို သာဒီးလူ ကိုယ်တိုင်ပြန်လည်သီဆို

0
351

အဆိုတော် သာဒီးလူက ဒုတိယအခွေ ထွက်ရှိဖို့ ပြင်ဆင်နေကြောင်းသိရပါတယ်။ သူ့ရဲ့ လတ်တလောလှုပ်ရှားမှုတွေနဲ့ အခွေဖန်တီးမှုကိုတော့ အခုလို ပြောပြခဲ့ပါတယ်။ ”လတ်တလောကတော့ နယ်ရှိုးတွေ ဆိုဖြစ်နေတယ်။ နယ်ရှိုးတွေ ဆိုရတာ လည်းပျော်ဖို့ကောင်းတယ်။ ကိုယ်မရောက်ဖူးတဲ့ နေရာတွေလည်း ရောက်တယ်။ နောက်ပြီး မိတ်ဆွေ အသစ်တွေ၊ အပေါင်း အသင်း သူငယ်ချင်းအသစ်တွေလည်း ရတယ်။ အခုဒုတိယအခွေလည်း လုပ်ဖို့ပြင်ဆင်နေပြီ။ တစ်ဝက်လောက်တော့ ပြီးပါပြီ။ ကျွန်တော်ဆိုနေကျပုံစံတွေ ပဲပါမယ်။ အဲဒါကို နည်းနည်းပုံစံ ပြောင်းဖို့ပဲရှိတယ်”လို့ ပြောပါတယ်။

ပြည့်တန်ဆာသီချင်းကို သူငယ်ချင်းအတွက် ရေးပေးခဲ့ပေမယ့် သူငယ်ချင်းဆုံးသွားတာကြောင့် ကိုယ်တိုင် သီဆိုခဲ့ရ ကြောင်းကိုတော့”ပြည့်တန်ဆာကို ဖန်တီးထားတာ ၆နှစ်လောက်တော့ရှိပြီ။ အစကတော့ သူငယ်ချင်းကိုကိုမောင် သီဆိုဖို့ရေး ပေးထားတယ်။ ဒါပေမဲ့ သူ လည်းမဆိုဖြစ်ဘူး။ သူနဲ့မလိုက်ဘူး၊ မကိုက်လို့ဆိုပြီး သူကမဆိုဘူး။ နောက်ပြီးသူလည်းဆုံးသွားတော့ ဘယ်လိုမှ မတတ်နိုင်ဘူး။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင်ဆိုလိုက်တယ်။ အခုဒီသီချင်းကလည်း ပရိသတ်တွေ အားပေး တဲ့အပြင် ရုပ်ရှင်ဇာတ်ဝင်တေးအဖြစ်ပါပါဝင်ရတော့ ဝမ်းသာပါတယ်။ ဒီသီချင်းကိုရေးဖြစ်တာက ဆိုင်တစ်ဆိုင်ထဲမှာရှိတဲ့ ခွက်ကလေးတစ်လုံးကိုတွေးပြီး ရေးထားတာပါ။ ဘာကြောင့်လဲဆိုတော့ ဒီခွက်က ကျွန်တော်တို့ဝင်သွားလည်း ဒီခွက်နဲ့ သောက်ဖြစ်တယ်။ နောက်လူတွေလာလည်းဒီခွက်နဲ့သောက်တယ်။ သူ့ဘဝအကြောင်းလေးကို စဉ်းစားပြီး ရေးထားတာပါ”လို့ ဆိုပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here