မျက်နှာချင်းဆိုင်တည့်တည့်ကနေ ကိုယ့်ကို လာဆဲရင်တောင် တော်တော်သည်းခံနိုင်သွားပြီ ရွှေထူး

0
255

လူငယ်တစ်ယောက်ကနေ လူ လတ်ပိုင်းထဲကို ချင်းနင်းဝင်ရောက် လာတဲ့ အသက် ၂၅နှစ်အရွယ် အနု ပညာရှင်တစ်ယောက်ရဲ့ ပြောင်းလဲမှု တွေအကြောင်း ရွှေထူးကို မေးမြန်း ဖြစ်ခဲ့ပါတယ်။

”အသက်၂၅နှစ်ပေါ့။ အသက် အရွယ်ကြီးသွားတဲ့အချိန်မှာ ကျွန်တော့် Life အရပြောရမယ်ဆိုရင် အရင် တုန်းကဆိုရင် ကျွန်တော် ဘယ်လို ရုန်းကန်ခဲ့ရတယ်။ ကျွန် တော် ဘယ်လို ကြိုးစားခဲ့ရ တယ်။ ကျွန် တော် ဘာ တွေလုပ်ခဲ့ ရလဲဆိုတာ ကျွန်တော့် ကိုယ်ကျွန် တော် အသိ ဆုံး။ အခုချိန် မှာ ပရိသတ်တွေ ချစ်ကြတယ်။ မြန်မာတစ်နိုင်ငံ လုံးနီးပါး ချစ်ကြတယ်။ အားပေး ကြတယ်။ ညီအစ်ကို မောင်နှမလို အားပေးလာကြတဲ့ အပေါ်မှာ ပျော် တာပေါ့နော်။ ဝမ်းလည်းဝမ်းသာ တယ်။ ဘာတွေပြောင်း လဲလာလဲဆို တော့ သူတို့ရဲ့အားပေးမှုကြောင့်ပဲ အရင်တုန်းက စိတ်ဆတ်တာတွေ လျော့လာတယ်။ ထစ်ခနဲရှိချမယ်၊ နှက်မယ်ဆိုတာမျိုးတွေမရှိ တော့ဘူး။ ဘယ်အရာမဆိုသည်း ခံတတ်လာ တယ်။ ကိုယ့်ကိုဘယ်လောက် အထိ စော်ကား၊ စော်ကား မျက်နှာချင်းဆိုင်တည့် တည့်ကနေ ကိုယ့်ကို လာ ဆဲရင်တောင် ကျွန် တော် တော်တော် သည်း ခံနိုင်သွားပြီဗျ။ အေးချမ်းသွားပြီ။ ကိုယ်ကိုယ်တိုင် လည်း ပူလောင်တာ မခံနိုင် တော့ဘူး။ သူများကို လည်း မပူလောင်စေချင်ဘူး။ ဒါပါပဲ။ အဲဒီအတွက် ကျွန်တော့် ကိုယ်ကျွန် တော် အေးချမ်းအောင်နေလိုက် တော့တယ်” လို့ ရွှေထူးက ပြောပြပါ တယ်။

ရွှေထူးရယ်၊ ရွှေမှုံရတီရယ်၊ နောက်ထပ်မင်းသား၊ မင်းသမီးတစ် လက်စီနဲ့ မတ်လထဲမှာ ရုပ်ရှင်ဇာတ် ကားရိုက်ကူးဖို့ရှိတယ်ဆိုတာ တကယ် လားဆိုတော့ ရိုက်ကူးဖို့ ကိုဝေမင်း မောင်နဲ့ပြောထားပြီး ပါပြီလို့ ရွှေထူး ကပြောပါတယ်။ သူ့ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားမှာ ဘယ်လိုကြိုးစား သွားမလဲဆိုတာကိုတော့…

”ပက်ပက်စက်စက်ညှို့မှာ ကျွန် တော် သင်ခန်းစာတွေအများကြီးရ ခဲ့တယ်။ ဘာတွေ ပြင်ဆင်ရမလဲ ဆိုတာလည်း ကျွန်တော်သိလာတယ်။ အဝတ်အစားပိုင်းဆိုင်ရာ၊ မိတ်ကပ် ပိုင်းဆိုင်ရာ၊ ကျွန်တော့်သရုပ်ဆောင် ပိုင်းဆိုင်ရာ အကုန်လုံးကို ပြင်ဆင် နိုင်အောင် ကျွန်တော်လုပ်နေ ပါ တယ်။ ပိုပြီး အမှားတွေ နည်းသ ထက်နည်းသွားအောင် ကျွန်တော် ကြိုးစားသွားမှာပေါ့” လို့ ရွှေထူးက ပြောပြခဲ့ပါတယ်။ မကြာမီထွက်ရှိ မယ့် သူ့ရဲ့ ဒုတိယတစ်ကိုယ် တော်အခွေအကြောင်းကိုလည်း မေးဖြစ်တဲ့အခါ…

”သီချင်းကတော့ အရင်က ရွှေထူးပုံစံလည်း ပါမယ်။ Update လုပ်ထားတဲ့ ပုံစံ လေးတွေလည်း ပါပါမယ်ဗျ။ ဒုတိယအယ်လ်ဘမ်နဲ့ ပတ် သက်ပြီး ကျွန်တော် တော် တော်လေးလည်း စိတ်နှစ် ထားတယ်။ အများကြီး လည်း ကြိုးစားထားတယ်။ ကျွန်တော်တကယ် သဘောကျတဲ့ Rapper တွေနဲ့လည်း တတ်နိုင်သ လောက် လုပ်ထား တယ်။ နောက်ပိုင်း လည်း ကိုယ်သဘော ကျတဲ့ အနုပညာရှင် တွေနဲ့ ထပ်ပြီးတော့ လုပ်နိုင်အောင် ထပ် ကြိုးစား သွားပါဦး မယ်” လို့ ရွှေထူးက ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here