ရင်ဘတ်ထဲကဓားဇာတ်ကားနဲ့ ပရိသတ်တွေက အကယ်ဒမီ ရစေချင်ကြတဲ့အပေါ် အိန္ဒြာကျော်ဇင် ရဲ့ရင်ခုန်သံ

0
341

၂ဝ၁၇ခုနှစ်အတွက် အကယ် ဒမီဆုများ စိစစ်ရွေးချယ် ရေးကို တော့ ဇန်နဝါရီလ၈ရက် နေ့ကစတင် ပြီး ဇာတ်ကားများကို ကြည့်ရှု နေပြီ ဖြစ်ပါတယ်။ ရုပ်ရှင်ထူးချွန်ဆုများထဲ က အကောင်းဆုံး အမျိုးသမီးဇာတ် ဆောင်ဆုအတွက်လည်း ‘ရင်ဘက် ထဲကဓါး’ဇာတ်ကားနဲ့ အိန္ဒြာကျော် ဇင်ကို ပရိသတ် တော်တော်များများ က ခန့်မှန်းတစ်ကြိုပေးထားကြပါ တယ်။ ဒီ အပေါ်မှာအားပေးကြတဲ့ ပရိသတ်တွေအတွက်လည်း အန္ဒြာ ကျောင်ဇင်ရဲ့ အကယ်ဒမီရင်ခုန် သံကဘယ်လိုရှိမလဲဆိုတာကို မေး မြန်းတော့…

”အစ်မအနေနဲ့ ကတော့ အကယ်ဒမီနဲ့ပတ်သက်ပြီး အများ ကြီးတော့ မမျှော်လင့်ပါဘူး။ ရခဲ့ ရင်လည်း တအားပျော်မိမှာပါ။ တခြားသူတွေအတွက်ကလည်း ကိုပြေတီပဲဖြစ်ဖြစ် ၊အစ်မတို့အနု ပညာလောကထဲက ဘယ်သရုပ် ဆောင်ပဲဖြစ်ဖြစ် တကယ်ကြိုးစား ခဲ့တဲ့ သရုပ်ဆောင်တိုင်းကိုရစေချင်ပါ တယ်။ အစ်မအနေနဲ့ ကလည်း အစ်မကိုချစ်တဲ့ ပရိသတ်တွေအ အတွက်ကတော့ ရင်ဘတ်ထဲကဓား ဇာတ်ကားနဲ့လည်း အားလုံးက ရစေ ချင်ကြတယ်။ဒါပေမယ့်လည်း အစ်မ အနေနဲ့က ဒီစကားကို ခဏခဏ လည်းပြောပါတယ်။ တအားစိတ် ထဲမှာမထားကြပါနဲ့လို့။ အစ်မ ကိုယ်တိုင်လည်း စိတ်ထဲမှာသိပ်ပြီး ထည့်မထားပါဘူး။ ကိုယ့်အနေနဲ့ လည်း ကြိုးစားထားတယ်။ ကြိုးစားပြီးပြီ။ ကျန်တဲ့ အပိုင်းကိုတော့ အစ်မ တို့လည်း ဘာမှမတတ် နိုင်ပါဘူး။ ရခဲ့ရင် တော့ တအားပျော်ကြ ရမှာပါ” လို့ပြောပြ ပါတယ်။

လတ်တလောမှာ တော့ အိန္ဒြာကျော် ဇင်က လူမင်း ကိုယ်တိုင် ဒါရိုက်တာ အဖြစ် ရိုက်ကူးနေတဲ့ ညစ်တွန်းရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင် နေပါတယ်။ ဒီနှစ်အပိုင်းအခြားတွေ မှာတော့ အိန္ဒြာကျော်ဇင်က အိမ် ထောင်ရေး ဇာတ်ကားတွေမှာ သရုပ် ဆောင်မှု များတာကိုတွေ့ရပါတယ်။ ဒါကြောင့် အိန္ဒြာကျောင်ဇင်ရဲ့ ဇာတ် ကား ရိုက်ကူးမှုတွေအတွက်၊ ဇာတ် လမ်း ရွေးချယ်မှု အပြောင်းအလဲတွေ အကြောင်း မေးမြန်းတော့…

”အစ်မကိုကိုယ့်အသက် အရွယ် နဲ့ လိုက်ဖက်မယ့်ဇာတ် ကားတွေကို နောက်ပိုင်းမှာလာ ကမ်းလှမ်းတာ တွေများတယ်။ အစ်မ ကိုယ်တိုင် ကလည်း ဇာတ်လမ်းရွေး ချယ်တဲ့ အပိုင်းမှာ အိမ်ထောင်ရေး ဇာတ် လမ်းတွေ ပိုပြီးရွေးချယ်ဖြစ်နေတာ ကြောင့်လည်းပါပါတယ်” လို့ ပြော ပြပါတယ်။ ဆက်လက်ပြီး ညစ်တွန်း ရုပ်ရှင်ဇာတ်ကားကြီးမှာ အန္ဒြာကျော်ဇင် ပါဝင်ထားတဲ့ပုံစံလေးအကြောင်း ကိုတော့ ”ညစ်တွန်းဇာတ်ကားမှာ အစ်မက အန်ကယ်လေးရဲ့ အမျိုးသ မီး နေရာက သရုပ်ဆောင်ထား ပါ တယ်။ ယောက်ျားဖြစ်သူက ဘယ်သူ့ ကိုမဆို ညစ်တွန်းတွန်း ချင်တယ်။ တစ်လောကလုံးဘယ်သူနဲ့မှလည်း မတည့်ဘူး ဖြစ်တဲ့အတွက် အိမ် ထောင်ရေး အဆင်မပြေကြတဲ့ပုံစံ လေးပါ။ ဒါကြောင့်လည်း မိန်းမတစ် ယောက် အနေနဲ့ တအားစိတ်ညစ် ရတယ်။ နောက်ပိုင်း မိသားစုရဲ့ စားဝတ်နေရေးကအစ အဆင်မပြေတော့ဘူး ဆိုတာမျိုးကို ရိုက်ကူး နေပါတယ်” လို့ ပြော ပြပါတယ်။

မြတ်မိုးပွင့်၊

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here