အချစ်သီချင်းတွေရေးနေတဲ့ ပိုပို တစ်ယောက် ချစ်သူရည်းစား ရှိနေပြီလား

0
235

လူစည်ကားလှတဲ့ ရှောလ်ပင်း မောလ်ကြီးထဲမှာ ကိုယ်ချစ်တဲ့ကောင် မလေးကို ပန်းစည်းနဲ့ လက်စွပ်နဲ့ Romantic ဆန်ဆန်လက်ထပ်ခွင့် တောင်းတယ်ဆိုတာ ရှိတော့ရှိတယ်၊ ရှားတယ်လို့ဆိုရမှာပါ။ အဲဒီလို ပုံစံမျိုးကို ရုပ်ရှင်သရုပ်ဆောင် အလင်းရောင်က အဆိုတော်ပိုပိုကို လက်ထပ်ခွင့်တောင်းခံခဲ့တာပါ။ အပြင်မှာတော့မဟုတ်ပါဘူး။ ပိုပိုရဲ့ Marry Me သီချင်းထဲမှာပါ။ ချစ်သူ များနေ့လည်း နီးကပ်လာပြီဆိုတော့ ပိုပိုရဲ့ သီချင်းလေးက ချစ်သူစုံတွဲတွေ အတွက်ခံစားနားဆင်လို့ကောင်းမယ့် သီချင်း ကောင်းလေးဖြစ်လာမှာပါ။
”Marry Me ကတော့ အလင်း ရောင်က ပိုပို့ကို လက်ထပ်ခွင့်တောင်း တဲ့ပုံစံရိုက်ကူးထားတာပေါ့နော်။ Wedding ပုံစံပေါ့။ အဓိကကတော့ မင်္ဂလာဆောင်မယ့်သူတွေ၊ မင်္ဂလာ ဆောင်ချင်တဲ့သူတွေအတွက် သီး သန့်ရိုက်ကူးထားတာပါ။ ပြီးတော့ ချစ်နေကြတဲ့ချစ်သူတွေအတွက်ပေါ့။ ပိုပို အရင်တုန်းကဆိုရင် အမြဲတမ်း လွမ်းနေတယ်။ အခုချိန်မှာ အလွမ်း သီချင်းတွေကို သိပ်ပြီး ဖီးလ်မရှိလှ ဘူး။ (ရယ်လျက်) ကိုယ့်သီချင်းလေး နားထောင်ပြီး မင်္ဂလာဆောင်ချင် သွားတာတို့၊ ကိုယ့်ကောင်မလေးကို ကိုယ် Suprise လုပ်ပေးချင်တာတို့ အဲဒီလိုမျိုးလေးဖြစ်စေချင်တဲ့ ဆန္ဒ လည်းပါပါတယ်” လို့ ပိုပိုက ပြော ပါတယ်။ အသက် ၂၅နှစ်ကျော်လာ တဲ့အခါမှာ အချစ်ကို ပိုပိုဘယ်လို နားလည်လာသလဲလို့ဆိုတော့..

”ငယ်ငယ်တုန်းက အချစ်က ကျတော့ သူချစ်၊ ကိုယ်ချစ် ချစ်နေကြ တော့ ဘာမှမသိဘူးပေါ့။ နောက်ပြီး တော့ နည်းနည်း အသက်ကြီးလာ တော့လည်း တစ်ယောက်တည်း ပေး ဆပ်နေရတော့လည်း Not Fair ဖြစ်သွားတာပေါ့။ အချစ်ဆိုတာ အ မြဲတမ်းပေးဆပ်နေတယ် ဆိုတော့ လည်း မကောင်းဘူး။ အဲဒါနဲ့ပဲ နာကျင်တာတွေလည်းရှိခဲ့တယ်။ ပျော် ရွှင်တာတွေလည်းရှိခဲ့တယ်ပေါ့။ အများကြီးပဲ။ အသက်ကြီးလာတဲ့ အချိန်ကျတော့ နည်းနည်းတော့ တည်တည်ငြိမ်ငြိမ်ဖြစ်သွားတာပေါ့ နော်။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ချစ်တာခံချင်တာပေါ့။ လူတိုင်းက အချစ်ခံချင်တဲ့သူတွေချည်းပဲလေ။ အချစ်ကို ဘယ်လိုနားလည်လဲဆို တော့ အချစ်ကတော့ အချစ်ပါပဲ။ ကိုယ်ကချစ်နေမယ်။ သူကမ ချစ်ဘူး ဆိုရင်လည်း အဆင်မပြေဘူး။ ဒါပေ မဲ့ တစ်နေ့နေ့၊ တစ်ချိန်ချိန် ကိုယ့်ရဲ့ ဖူးစာရှင်မှန်လို့ရှိရင် ကိုယ် လည်းချစ် မယ်၊ သူလည်းချစ်မယ် အဲဒီလိုမျိုး အချစ်မျိုးကတော့ ဖြစ်လာမှာပေါ့” လို့ သူမက ပြောပါတယ်။ ပရိသတ် တွေက ပိုပို့ကို စုံတွဲ နဲ့မြင်ချင်ကြသလို တချို့ပရိသတ်ကျတော့လည်း အပျို ကြီးလုပ်စေချင်ကြတယ်လို့ဆိုတော့…

” တစ်ယောက်တည်း နေတာ ကောင်းပါတယ်။ ကိုယ့် ဘာသာကိုယ် လွတ်လွတ်လပ်လပ်နဲ့ ကိုယ်လုပ် ချင်တာ လုပ်လို့ရတာပေါ့။ ချစ်သူ ရည်းစားရှိတော့လည်း ကိုယ့်ချစ်သူ က စိတ်ဆင်းရဲစရာတွေ မပေးဘူး ဆိုလို့ရှိရင်တော့ပျော်စရာ ကောင်း တာပေါ့။ ကိုယ့်ချစ်သူက စိတ်ဆင်းရဲစရာတွေ ပေး နေလို့ရှိရင်တော့ နှစ် ယောက်ရှိနေရင် လည်း ရှိတာပဲပေါ့။ မကောင်းဘူးပေါ့။ ပိုကတော့ အချိန် တန်ရင် အိမ် ထောင်ပြုချင် ပါတယ်။ အ ခုချိန်မှာတော့ တစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေတာ အကောင်း ဆုံးပဲပေါ့”လို့ ပိုပိုက ပြောပြခဲ့ပါ တယ်။

မျိုးမောင်၊

ဓာတ်ပုံ-မင်းမင်းထွန်း

Marry Me သီချင်း အမ်တီဗီအတွက် အလင်းရောင် နှင့်အတူ သရုပ်ဆောင်နေတဲ့ ပိုပို

LEAVE A REPLY

Please enter your comment!
Please enter your name here