ဇန်နဝါရီ ၃၁ ရက်နေ့မှာ အပြီးသတ် အမိန့်ချမှတ်မယ့် ထူးအယ်လင်း နဲ့ Cobra တို့ အမှု

0
315

အဆိုတော်ထူးအယ်လင်းနဲ့ Cobra တို့ရဲ့အမှုကို ဒဂုံမြို့နယ် တရားရုံးမှာ ဇန်နဝါရီလ ၁၉ရက် နေ့က အပြီးသတ်အမိန့်ချမှတ်ဖို့ရှိခဲ့ပေမယ့် ထူးအယ်လင်းက တရားရုံး ကိုခွင့်တိုင်ကြားခဲ့တဲ့အတွက် အမိန့် ချမှတ်မယ့်ရက်ကို ဇန်နဝါရီလ၃၁ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။

”ဇန်နဝါရီလ ၁၉ရက်နေ့မှာ ရုံးချိန်းရှိပါတယ်။ ဒါပေမဲ့ ကိုထူး အယ်လင်းက ခွင့်တင်ပါတယ်။ ကိုထူးအယ်လင်းက ရန်ကုန်မှာ အခုမရှိတော့ အမိန့်ချလို့မရသေး ပါဘူး။ အခုကိုထူးအယ်လင်းက မန္တလေးကိုရောက်နေပါတယ်။ အမှန်ကဒီတစ်ပတ်ကိုအမိန့်ချမှာကို ကိုထူးအယ်လင်းက ခရီးလွန် နေ တယ်။ သူလည်းမရှိတဲ့အတွက် ဒါ ကြောင့် ဒီအပတ်အတွက်တော့ ကျွန်တော်ပဲ ရုံးချိန်းပြန်ယူရုံပါ။ ရုံးချိန်းလည်း ကျွန်တော်ပဲသွားယူ လိုက်ပါတယ်။ ကျွန်တော်နဲ့ ကိုထူး အယ်လင်းနဲ့ နှစ်ယောက်ဆုံမှပဲ အမိန့်ချမှာပါ” လို့ အဆိုတော် Cobra ကပြောပါတယ်။

၂ဝ၁၇ခုနှစ် ဇွန်လ ၂၂ ရက် နေ့ညက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဦးဝိစာရလမ်းနဲ့ ရွှေတိဂုံဘုရား လမ်း ထောင့်မှာ တက္ကစီသမား အချို့ နဲ့ ထူးအယ်လင်းတို့ ခိုက်ရန်ဖြစ်ပွား ခဲ့ပြီး ရဲကသွားရောက် စစ်ဆေးတဲ့ အချိန်မှာ တက္ကစီသမားများနဲ့ တက္ကစီယာဉ်တို့ကို မတွေ့ရှိရဘဲ ငွေမင်ရောင် ကားနဲ့အတူ အရက် သေစာ သောက်စားထားတဲ့ အဆို တော် ထူးအယ်လင်းနဲ့ ကော်ဘရာ တို့ကိုတွေ့ရှိခဲ့ပြီး ဆက်လက်စစ် ဆေးရာ သူတို့ရဲ့ကားပေါ်မှာ အရိုး အသွား ၁၉ လက်မခန့်ရှိ ရဲဒင်း တစ်လက်ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့တဲ့အတွက် ဒဂုံမြို့မရဲစခန်း က (ပ)၁ဝ၃/၂ဝ၁၇ ၊ရန်ကုန် ရဲအက် ဥပဒေပုဒ်မ ၃ဝ (က)နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပြီး ၂ဝ၁၇ ဇွန်လ ၂၂ရက်မှာတရားရုံးကိုအမှုတွဲ တင်ပို့ တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here