ခင်နဲ့ ကိုငြိမ်းမောင် ဇာတ်ရုပ်ထဲက ခင်ဇာတ်ရုပ်အတိုင်း သရုပ်ဆောင်နိုင်တဲ့ ပရိသတ်များကို ဆုချီးမြှင့်မယ့်နီနီခင်ဇော်

0
253

အဆိုပြိုင်ပွဲများမှတစ်ဆင့် အောင်မြင်မှုများရရှိလာခဲ့တဲ့ အဆိုတော်နီနီခင်ဇော်ဟာ သူ့ရဲ့ အနုပညာဘက်မှာလည်း ထူးချွန်သလို၊ စီးပွားရေးဘက်မှာဆိုရင် သူ့ရဲ့ Super Red ဆိုတဲ့ Cosmectics ပစ္စည်းဟာလည်း လူသိများလာခဲ့ပါတယ်။ အဆိုတော် နီနီခင်ဇော် က စီးပွားရေးနဲ့ ပတ်သက်ပြီး မကျွမ်းကျင်သေးပါဘူးလို့ ပြောပြခဲ့ပါတယ်။

“စီးပွားရေးကတော့ နီနီ့အတွက် သက်တမ်းတအားငယ်ပါသေးတယ်။ တအားမကျွမ်းကျင်တဲ့အလုပ်ဖြစ်သလို၊ အောင်မြင်တယ်လို့လည်း ပြောလို့မရသေး ပါဘူး။ ကြိုး စားနေဆဲပါပဲ။ ဒါပေမဲ့ စီးပွားရေးကနေပြီးတော့ ကိုယ်ရှုံးတာပဲ ဖြစ်သလို၊ မြတ်တာပဲဖြစ်သလို ကိုယ့်အတွက်အတွေ့အကြုံများလည်း အများ ကြီးပေးတယ်။ နီနီက စီးပွားရေးကိုလုပ်ကြည့်တယ်ဆိုတာလည်း လူငယ် တစ်ယောက်အနေနဲ့ ကြိုးစားကြည့်တာပါ”လို့ နီနီခင်ဇော်ပြောပါတယ်။

နီိနီခင်ဇော်ဟာ သူ့ရဲ့Super Red Cosmetics ကို အားပေးကြ တဲ့ ပရိသတ်များအတွက် သူမကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ ခင်နဲ့ ကိုငြိမ်းမောင် ဇာတ်ရုပ်ထဲက ခင့်ဇာတ်ရုပ်အတိုင်း အနီးစပ်ဆုံး သရုပ် ဆောင်နိုင်မယ့် ကောင်မလေးတွေကို ဆုလက်ဆောင်များ အမှတ်တရ ပြန်လည်ပေးအပ်သွားမယ်လို့ သိရပါတယ်။

“နီနီ ပရိသတ်အတွက် အမှတ်တရလေး စီစဉ်ပေးဖြစ်တယ်။ နီနီ ပါဝင်သရုပ်ဆောင်ရိုက်ကူးထားတဲ့ Super Red မျက်နှာချေ Cosmetics လေးအတွက် ခင်နဲ့ ကိုငြိမ်းမောင်ဆိုပြီး ရိုက်ထားတာကို ခင့်ဇာတ်ရုပ် အတိုင်း သရုပ်ဆောင်လုပ်ခိုင်းကြည့်တာပါ။ ခင်နဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေက ပြန်ပြီးတော့ ရိုက်ကူးတဲ့ပုံစံတွေက ချစ်ဖို့ လည်းကောင်း တယ်။ ရယ်လည်းရယ်ရတယ်။

သူတို့ရဲ့အိုက်တင်လေး တွေက တအားချစ်ဖို့ ကောင်းတယ်။ နီနီအမှတ်တရလည်း ဖြစ်ချင်တဲ့ ဆန္ဒနဲ့ လုပ်ဖြစ်ခဲ့ တာပါ။ အခန်းလေးတွေမှာ ကြိုက်နှစ်သက်တဲ့ ပထမပိုင်းပဲဖြစ်ဖြစ်၊ ဒုတိယပိုင်း ပဲဖြစ်ဖြစ် သရုပ်ဆောင်ထားတာကို နီနီတို့ဆီပို့ပေးပါ။ နီနီ့ဘက်ကလည်း အသစ် ထွက်ရှိမယ့် Cosmetics တွေ လက်ဆောင်ပေးချင်ပါတယ်”လို့ နီနီခင်ဇော်ပြောခဲ့ပါတယ်။

လတ်တလောမှာတော့ နီနီခင်ဇော်က ဧပြီလ ၇ ရက်နေ့မှာ ပြုလုပ်မယ့်Red Volution -2တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် သီချင်းတွေ တိုက်နေတယ်လို့ သိရပါတယ်။

 သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here