ငါးပါးသီလ ဆောက်တည်ခြင်း၊ မေတ္တသုတ်၊ မဟာသမယသုတ် ရွတ်ဖတ်ပူဇော်ခြင်း ၁ နှစ် အဓိဋ္ဌာန် နဲ့ ရွတ်ဖြစ်တဲ့ ဆုပန်ထွာ

0
396

ဘုရားတရားအလုပ်တွေကို အမြဲမပြတ်ပြုလုပ်ဖြစ်တဲ့ သရုပ် ဆောင် ဆုပန်ထွာက နေ့စဉ်နေ့တိုင်း လည်း မေတ္တသုတ်၊ မဟာသမယသုတ် ရွတ်ဖတ်ပူဇော်ခြင်း ၁ နှစ် အဓိဋ္ဌာန် နဲ့ ရွတ်ဖတ်ပူဇော်တယ်လို့ သိရပါ တယ်။  မဟာသမယသုတ်ရွတ် ဖတ်ခြင်းက ဘဝအတွက် ပြောင်းလဲ မှုတွေများစွာ ဖြစ်ပေါ်စေခဲ့တယ်ဆို တဲ့ ဆုပန်ထွာရဲ့ နေ့စဉ်မပြတ်ရွတ် ဖတ်ဖြစ်နေတဲ့ ဂါထာတော်များက တော့…

“ငါးပါးသီလဆောက်တည်ခြင်း နဲ့မေတ္တသုတ်၊ မဟာသမယသုတ် ရွတ်ဖတ်ပူဇော်ခြင်း ၁ နှစ် အဓိဋ္ဌာန် နဲ့ ရွတ်ဖတ်ဖြစ်တယ်။ အချိန်ကိုတော့ တသမတ်တည်းထားပြီးတော့ မလုပ် ဖြစ်ဘူး။ ဒါပေမဲ့နေ့တိုင်းတော့ ရွတ်ပါတယ်။ ဘုန်းဘုန်းတစ်ပါးက မပန်ကိုလေ မဟာသမယသုတ်ကို ရွတ်ဖတ်ဖို့ပေးတယ်။ မပန်လည်း ရွတ်ကြည့်တယ်။ အစကတော့ ရွတ် ဖတ်လိုက်မရွတ်ဖတ်လိုက်နဲ့ မမှန် ဘူး။ ဒါကြောင့်ကိုယ့်ကိုယ်ကိုယ်မှန် မှန်လေးရွတ်ဖြစ်အောင် တွန်းအား ပေးတဲ့သဘောပါ။ မဟာသမယ သုတ်ကို မပန်စွဲစွဲမြဲမြဲရွတ်တယ်။ မပန်ရဲ့ ဘဝရဲ့ပြောင်းလဲမှုတွေမှာ လည်း အကျိုးခံစားရတယ်။ မနက်အိပ်ရာမှနိုးတိုင်းလည်း မျက်နှာ သစ်ပြီးတိုင်း ကိုယ့်ကိုယ်ကိုယ် သရဏဂုံတင်တယ်။ နေတစ်နေ့တာ ကိုယ့်ကိုကိုကြိုတင်ပြင်ဆင်တဲ့ သ ဘောပါ” လို့ ဆုပန်ထွာကပြောပြပါ တယ်။

  သားဖြစ်သူကိုလည်း ဘာသာ တရားနဲ့ ပတ်သက်ပြီး မိခင်တစ်ဦး အနေနဲ့ ဆုပန်ထွာ သင်ကြားပြသပေး တာတွေက “ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့မိခင်ရဲ့စိတ်ကသားသမီးတွေ အပေါ်ထိရောက်တယ်လို့ ပြောကြ တယ်။ ဒါကြောင့် အစ်မကသားသား ကိုကိုယ်ဝန်ဆောင်ချိန်မှာ ကိုးလ ဆက်တိုက်အဓိဋ္ဌာန်နဲ့ ဘုရားရှိခိုး ပြီးဆုတောင်းခဲ့တယ်။ ဒါကြောင့်လာွးRoar Roarက မွေးဖွားလာပြီး နောက်ပိုင်း မှာ တအားအေးတယ်။ အစ်မကိုဂျီမကျဘူး။ မနက်မိုးလင်း ရင်လည်း ဘုရားခန်းကို အစ်မက ခေါ်ခေါ်သွားတယ်။ အခုတော့ သား သားကိုမပန် ကဦးတော်ဆိုပြီးသင်ပေး နေတယ်။ သားနည်းနည်းလေး အ သက်အရွယ်ကြီးလာရင်တော့ ဘုရား ရှိခိုးတာနဲ့ ဘုရားစာလေးတွေ သင် ပေးမယ်လို့ စဉ်းစားထားတယ်”လို့ ဆုပန်ထွာကပြောပြပါတယ်။

  မြတ်မိုးပွင့် 



LEAVE A REPLY

Please enter your comment!
Please enter your name here