မောင်အရင်ထိုး’ သီချင်းရဲ့ ဆိုလိုရင်းကို လူငယ် တေးရေးဆရာ ဝေကြီး ရှင်းပြ

0
234

ဖြိုးပြည့်စုံနဲ့ Jewel တို့ သီဆို ထားတဲ့’ မောင်အရင်ထိုး’ သီချင်းက မထွက်သေးခင်မှာပဲ ခေါင်းစဉ် ကြောင့် အွန်လိုင်းမှာ ဟော့ဖြစ်ခဲ့ ပါတယ်။ ‘မောင်အရင်ထိုး’ သီချင်းကို ဖန်တီးသူကတော့ လူငယ်တေးရေး ဆရာ ဝေကြီးပဲ ဖြစ်ပါတယ်။ သူနဲ့ ဆုံတွေ့တုန်း သီချင်းခေါင်းစဉ်ဆန်းဆန်းပေးထားတဲ့ ‘ မောင်အရင် ထိုး’ သီချင်းအကြောင်းကို မေးဖြစ်တဲ့ အခါ…

“သီချင်းခေါင်းစဉ်ကြောင့် ပရိသတ်စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့ရင် တောင်းပန် ပါတယ်။ အမှန်တကယ်တော့ ကျွန်တော် အဲဒီသီချင်းလေးကို အခွေအတွက် ရေးဖြစ်တာမဟုတ်သလို ပရိသတ်ကိုချပြမယ်ဆို တဲ့အတွေးနဲ့ ရေးဖြစ်တာ လည်း မဟုတ်ပါဘူး။ သတို့သားကို Supriseလုပ်ချင်တဲ့ အတွက် ရေးဖြစ်တာပါ။ မင်္ဂလာသတို့သားနဲ့ သတို့သမီးမင်္ဂ လာ လက်မှတ် ထိုးတဲ့အကြောင်းလေးကို ကျွန်တော် ရေးထားတာပါ။ မင်္ဂလာ ဆောင်မှာ ၂ယောက်အတူတူဆိုလို့ရအောင်ဆို ပြီးတော့ရေးထားတာပါ။ တစ်ပုဒ်လုံးကို ခြုံကြည့်လိုက်မယ်ဆိုရင်တော့ ချစ်စရာကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ပါ” လို့ ဝေကြီးကပြောပါတယ်။

အခုနောက်ပိုင်းမှာ နာမည် ကြီးအဆိုတော်တွေရဲ့ အခွေတော် တော်များများမှာ ဝေကြီးရဲ့ လက်ရာ သီချင်းတွေကို တွေ့ရနားဆင်ရမှာဖြစ်ပြီး သီချင်းတော်တော် များများကလည်းပေါက်သီချင်းတွေဖြစ်လို့ နေပါတယ်။ တေးရေးဆရာ အသစ်တစ်ယောက်ဖြစ်နေတဲ့အတွက်အမှားအယွင်းတွေပါခဲ့ရင် ထောက်ပြဝေဖန်ပေးကြပါလို့ဆိုတဲ့ ဝေကြီးကို သူ့ဂီတဘဝအစက အဆိုတော်ဖြိုးပြည့်စုံနဲ့ စခဲ့တယ် လို့ဆိုနိုင်မလားဆိုတဲ့ အမေးကိုလည်း မေးဖြစ်ခဲ့ပါတယ်။ “ကိုဖြိုးက ကျွန်တော့်ရဲ့ ဆရာ လည်းဖြစ်တယ်။ အစ်ကိုလည်းဖြစ် တယ်။

အဲဒီလိုဖြစ်နေတဲ့အတွက် ကြောင့်မို့လို့ ကိုဖြိုးနဲ့ပဲ ကျွန်တော် ဒီလောကကို စတင်ဝင်ရောက်ဖြစ်တယ်။ ပြီးတော့ ကိုဖြိုးနဲ့လှုပ်ရှားဖြစ် တယ်။ သွားလာဖြစ်တယ်။ အလုပ်တွေ အတူတူလုပ်ဖြစ်တယ်။ သီချင်း တစ်ပုဒ် ဆိုရင်သူနဲ့တိုင်ပင်တော့ သီချင်းတွေတော်တော်များများက သူယူတာများတယ်ပေါ့။ သူ့အခွေထဲမှာ တော်တော်များများကို ကျွန်တော် ရေးပေးထားတယ်။ တစ်ပုဒ်ချင်းစီလည်း ထွက်ဖို့ရှိ ပါတယ်” လို့ ဝေကြီးက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here