နောက်ကိုလှည့်ကြည့်လိုက်တော့
ဘယ့်နှယ်ရှိစဆိုတဲ့ အဓိပ္ပါယ်နဲ့
နှစ်ခြောက်ဆယ်က မျက်စိတစ်ဖက် မှိတ်ပြတယ်
ထမ်းပိုးကောင်းတဲ့ ကောင်တွေရုန်းကြစမ်း
အစိမ်းရောင် ဆိုင်းဘုတ်ဟာ ကြိုးကိုင်ရင်း ဟားတိုက်လို့
ဆန်းသလားမမေးနဲ့
မိုးပေါ်ထောင်မပစ်ဘူး။
အသိဥာဏ်စနစ်ကို ချထည့်လိုက်တာ
နာမည်နောက်က အက္ခရာ
ခပ်ကျဲကျဲဆေးစက်နဲ့ တို့ပေးလိုက်ကြ
အပျိုရည်စမ်းသပ်မှု သီအိုရီဖြစ်သွား
ကြာလှပြီပဲ ဒီနေရာလမ်းဖြစ်နေတာ။
သယံဇာတဟာ ယမ်းငွေ့ကြား အသက်ရှူကျပ်
မြေစာဆိုတော့လည်း နေရာရွှေ့လို့မှ မရတာ။
ထမင်းရည်တစ်စက်က အဲ့ဒီလောက်ထိ ပူရလား
အမြန်မျိုချလိုက်ပါကွာ။
ခြေသံတွေ ကြားနေရပြီ
တက်သုတ်ရိုက် စီးမျောလိုက်ကြ
မတတ်လည်း မတတ်နိုင်ဘူး
ထမင်းစားရဖို့ထက် ဘာမှအရေးမကြီး။
ငတေ မာနေမှ
ဂုဏ်ထူးပါရင် ပိုက်ဆံထပ်ရဦးမှာ
အသိဥာဏ်ထဲ အာရုံခံစနစ်ထည့်ပေးလိုက်ပြီ
ဘယ်ပြေးပြေး မလွတ်တော့ဘူး
ဘရိန်းဝပ်ခ်ျဆိုတာ ဒါမျိုး။
ဥာဏ်လင်းဦး