ဝါရင့်လူရွှင်တော်ကြီးတွေက သူ့ရဲ့ဆရာပါလို့ ဆိုလာသူ မင်းမော်ကွန်း

0
176

နှင်းဆီအဖွဲ့မှာ လူရွှင်တော်အဖြစ် ပါဝင်တင်ဆက်နေတဲ့ မင်းမော်ကွန်းက လူရွှင်တော်တစ်ယောက်ရဲ့ သိသင့်သိထိုက်တာတွေနဲ့ပတ်သက်ပြီး ဝါရင့်လူရွှင် တော်ကြီးတွေဆီကနေ လေ့လာသင်ယူလေ့ရှိသလို လူရွှင်တော်ကြီးတွေက သူ့ရဲ့ ဆရာပါလို့ ပြောပါတယ်။

“ကျွန်တော်တို့က နဂိုကတည်းကလည်း အငြိမ့်တို့ဘာတို့ ဆိုရင် တအားလည်းဝါသနာပါတယ်။ ပြက်လုံးခွင်တွေ ဘာတွေဆိုရင် လည်းငယ်ငယ်လေးကတည်းက တစ်ချိန်လုံးလိုက်ကြည့်တယ်။ ပြီး တော့ဇာတ်ကားရိုက်ကူးရင်းနဲ့လည်း ပညာတွေသင်ပေးခဲ့တဲ့ လူ ရွှင်တော်ကြီးတွေလည်းရှိပါတယ်”လို့ မင်းမော်ကွန်းက ပြောပါ တယ်။

မင်းမော်ကွန်းက ဒီနှစ်ထဲမှာတော့ ဇာတ်လမ်းတွေကို ဇာတ်အိမ်ကောင်းကောင်း၊ အိုက်တင်လည်းလုပ်လို့ ကောင်း မယ့် ဇာတ်မျိုးတွေကို သေချာဂရုစိုက်ရွေးချယ်ထားပြီး တစ်နှစ်ကို ရုပ်ရှင်ဇာတ်ကားကြီး ဘယ်နှကားလက်ခံမယ် ဆိုတာမျိုးကတော့ သေချာပြောလို့မရဘဲ ဘယ်နှကား  လက်ခံမယ်ဆိုပြီးပြောပြီးတော့မလာတဲ့အခါမျိုးတွေလည်းရှိသလို ကိုယ်ကတော့ ဒီလောက်ပဲလက်ခံလိုက်တော့မယ်ဆို ပြီးတော့မှ အများကြီး လာငှားတာမျိုးတွေလည်း ရှိတဲ့အ တွက် အဲဒီအထဲကမှ ကောင်းတဲ့ဇာတ်လမ်းမျိုးတွေကို စိစစ်ရွေးချယ်ပြီး ရိုက်ကူးဖြစ်တယ်လို့ သူကပြောပါတယ်။

“အရင်လုပ်ထားပြီးသား ဇာတ် အရင်လုပ်ထားပြီးသား ကာရိုက်တာ အတိုင်း ကွက်တိကြီးဆိုရင်တော့    ကျွန်တော်ရိုက် ကူးလေ့ရိုက်ထမရှိပါဘူး။ ကာရိုက်တာကတော့ ကျွန်တော်တို့က သက်တမ်းကြာလာတာနဲ့ အမျှ ထပ်တာကတော့ ရှိတော့ရှိမှာပါပဲ။ အဓိကတော့ ဇာတ်လမ်းအပေါ်မှာပါပဲ”လို့ မင်းမော်ကွန်းက ပြောပါ တယ်။ သူ့အနေနဲ့ပရိသတ်တွေကို အနုပညာနဲ့တင်မဟုတ်ဘဲ တခြားနည်းတွေနဲ့ အကျိုးပြုနိုင်တဲ့ လူတစ်ယောက်ဖြစ်အောင် ထပ်ပြီးတော့ကြိုးစားပါဦးမယ်လို့ ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here