အသက်ငယ်ရွယ်ပေမယ့် အဆိုပိုင်းမှာ ဆရာကျတဲ့ Shawn mendes

0
172

အသက်၂ဝ အရွယ်သာရှိသေးတဲ့ အဆိုတော် Shawn mendesဟာ ကနေဒါနိုင်ငံသား တစ်ဦးဖြစ်ပြီး သီချင်း ရေးရာမှာလည်း ကျွမ်းကျင်မှုရှိသူတစ်ဦးပါ။ ၂ဝ၁၃ ခုနှစ်မှာ ကာဗာသီချင်းစတင်သီဆိုခဲ့ပြီး Vine application နဲ့ ပရိသတ်တွေကို ကာဗာသီချင်းတွေ ဝေမျှခဲ့ပါတယ်။Mendes ဟာ ပွဲဦးထွက်သီချင်း ၂ဝ၁၄ ခုနှစ်မှာ စတင်ဖြန့်ချိခဲ့ပြီးံHandwritten အယ်လ်ဘမ်ထဲက Stitchesသီချင်းဟာUS နဲ့ Canada နိုင်ငံတို့ရဲ့ top 10  စာရင်းထဲကို ရောက်ရှိခဲ့ပါတယ်။ သူရဲ့ ဒုတိယမြောက် အယ်ဘမ် Illuminate ကို ၂ဝ၁၆ခုနှစ်မှာ စတင်ဖြန့်ချိခဲ့ပြီး Handwritten သီချင်းက့ှ US Billboard 200 မှာ ထိပ်ဆုံးစာရင်းဝင်ခဲ့ပါတယ်။ Mendes ဟာ ကမ္ဘာလှည့် ဖျော်ဖြေရေး ခရီးစဉ်ကို ၃ ကြိမ် သွားရောက်ပြီးသွားပါပြီ။ ၂ဝ၁၈ မှာတော့ Tokyo, Japan မှာ၊ သြဂုတ် ၁၈ ရက်နေ့မှာSummer Sonic ၂ဝ၁၈ ခုနှစ်ကို ဖျော်ဖြေမှာဖြစ်ပြီး သြဂုတ် ၁၉ ရက်နေ့မှာ Osaka, Japanမှာ ဖျော်ဖြေမှာဖြစ်ပါတယ်။ ပွဲကြည့်လက်မှတ်ကို ရောသူရဲ့ တရားဝင် ဝက်ဆိုဒ်က ဝယ်ယူနိုင်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here