သမီးလေးကို Broken Family အဖြစ် မခံပါဘူး ချမ်းချမ်း

0
273

၂ဝ၁၇ နှစ်ကုန်ပိုင်းလောက်က အိမ်ထောင်ရေးပြဿနာများပေါ် ပေါက်လာခဲ့တဲ့ အဆိုတော် ချမ်းချမ်း တို့လင်မယားနှစ်ယောက်ဟာ အခု ချိန် မှာတော့ ဒီကိစ္စနဲ့ ပတ်သက် ပြီး တစ်ယောက်နဲ့တစ်ယောက် အပြန် အလှန်ဆွေးနွေးညှိ နှိုင်းမှုတွေ ပြုလုပ် နေတယ်လို့ ချမ်းချမ်း ကပြောပါ တယ်။အခုလို ဆွေးနွေးညှိ နှိုင်းရခြင်း ကတော့…

“အစ်မကတော့ အစ်မသမီးလေး ကို Broken Family တော့ အဖြစ်မခံပါဘူး။ အခုလည်း ညှိနှိုင်း နေတယ်။ ဆွေးနွေးနေတယ်ပေါ့ နော်။ဘယ်လိုမျိုး တစ်ယောက်နဲ့ တစ်ယောက် ဘာလိုအပ်ချက်ရှိ လဲဆိုတာ Break time ပေးလိုက် တော့မှပဲ အဖြေဆိုတာလည်း ထွက် လာတတ် တယ်လေ။အဲဒီအခါကျမှ ပဲ အသိတရားတွေလည်း ပြန်ဝင်လာ မှာပေါ့နော်။ အခုတော့ အစ်မတို့ နှစ်ယောက်က ဒီလိုလေးညှိနှိုင်း နေပါတယ်။ အခုလောလောဆယ် တော့ အစ်မတို့သမီးလေးအတွက် အဓိကတွေးပြီး စဉ်းစားတယ် ပေါ့ နော်။ ကိုယ်ဖြစ်စေချင်တဲ့အရာ ကိုယ်လုပ်ချင်တာထက် ဖြစ်နိုင် မယ့်အရာ အတွက် နည်းလမ်းတွေ ထားပြီးတော့ပဲ စဉ်းစားဖြစ်မှာပါ။တစ်ယောက်ကို ၃၊ ၄ ရက်စီ သမီးလေးကိုထိန်းပေးတယ်။ အစ်မ ခရီးသွားချိန်ဆို အစ်ကိုက ထိန်းပေး တယ်။အဲဒီလောက်ပါပဲ”လို့ချမ်း ချမ်းက ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here