ပရိသတ် အကြိုက် သီချင်းတွေ သီဆိုခဲ့တဲ့အဆိုတော် ဝိုင်းစုခိုင်သိန်း ရဲ့ One Lady Show

0
217

အဆိုတော်ဝိုင်းစုခိုင်သိန်းရဲ့ One Lady Show ကို ဇန်နဝါရီ ၁၆ ရက် ည ၇ နာရီက မန္တလေးမြို့၊Golden City Event Park မှာ ကျင်းပခဲ့ပါတယ်။

”ဝိုင်းစုရဲ့ မန္တလေးက ပရိသတ် တွေက မန္တလေးကိုလာရောက်ပြီး ဖျော်ဖြေစေချင်တာကြောင့် တတ်နိုင်သမျှ ကြိုးစားပြီးဖျော်ဖြေတာပါ။ ဒီနေ့ပွဲကို အပိုင်းလေးပိုင်းခွဲပြီး ဖျော်ဖြခဲ့တယ်။ တခြားပွဲတွေမှာ ဆိုနေ ကျမဟုတ်တဲ့ သီချင်းတွေကို သီဆိုမှာပါ။ ပရိသတ်ကြိုက်မယ့် သီချင်း လေးတွေ ရွေးချယ်ပြီးသီဆိုခဲ့တယ်။ ဒီနေ့ ဝိုင်းစုရဲ့ပရိသတ်တွေ အား လုံးလာပြီးအားပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”လို့ ဝိုင်းစုခိုင်သိန်းက ပရိသတ်ကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

အဆိုတော်ဝိုင်းစုခိုင်သိန်းနဲ့အတူ ဟဲလေး၊ နိုင်းဝမ်း၊ အောင်လ တို့က အားဖြည့်သီဆိုဖျော်ဖြေကြပြီး Dream Lover Music Band က တီးခတ် ဖျော်ဖြေခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here