ကြော်ငြာရိုက်ကူးရေးအတွက် မြန်မာနိုင်ငံကို ထပ်မံရောက်ရှိလာတဲ့ ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေ

0
240

မြန်မာပရိသတ်တွေအကြားမှာ အားပေးမှုတစ်ခု ရရှိထားတဲ့ ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေက ကြော်ငြာရိုက်ကူးဖို့အတွက် ဇန်နဝါရီလ ၂၃ရက်နေ့က ရန်ကုန်ကို နောက်တစ်ကြိမ် ရောက်ရှိလာခဲ့ပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့မှာတော့ စိန်နန်းတော် ရတနာ ဆိုင်ရဲ့ Valentine’s Collection ကြော်ငြာ ရိုက်ကူးရေး ကို သရုပ်ဆောင် ထွန်းကိုကိုနဲ့ အတူ Pan Pacific ဟို တယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ကြော်ငြာ ရိုက်ကူးမှုမှာအတူ တွဲဖက် လုပ်ကိုင်ခဲ့တဲ့ ထွန်းကိုကိုကလည်း ဗီယက် နမ်မင်းသမီးနဲ့ ရိုက်ကူးရေးအတွေ့အကြုံကိုတော့..

”ဗီယက်နမ် မင်းသမီးကလည်း အရပ်မြင့်မြင့် နဲ့ဆိုတော့ အရပ်မြင့်တဲ့ မင်းသားနဲ့ပဲ တွဲရမယ်ဆို တော့ ကျွန်တော်နဲ့ပဲ တွဲပေးဖြစ်တာ ဖြစ်ပါလိမ့်မယ်။ စိန်နန်းတော်မှာဆိုရင် အရင်က ကျွန်တော် ရှိုးပွဲ တော် တော်တော်များများ လျှောက်ခဲ့ဖူးတယ်။ ရှိုးလျှောက်ရင်လည်း သူနဲ့ လျှောက်ဖြစ်တာ များတယ်။ ငုရင်နဲ့ကလည်း ခဏခဏ ဆုံဖြစ်ပါ တယ်။ သူနဲ့ ကြော်ငြာရိုက်ကူးမှုကတော့ ဒါပထမဆုံးအကြိမ်ပါ။ အရင်ကတော့ သူနဲ့ ကြော်ငြာရိုက်ကူးမှုမှာ မဆုံဖူးဘူး။ အခုသူနဲ့ ရိုက်ကူးမှု အတွေ့အကြုံမှာတော့ အရပ်အမောင်းချင်း သိပ်မကွာ ဘူး။ မျှတဲ့အတွက် သူ့ကိုလည်း သိပ်ပြီးညှာရတာမျိုး မရှိပါဘူး။ ကျွန်တော်တို့ ရိုက်ကူးရတာလည်း အဆင်ပြေတယ်။ ပရိသတ်တွေလည်း ကြည့်ရှုရတာ အဆင်ပြေမယ်လို့ ထင်ပါတယ်။ နောက်ထပ်လည်း ကျွန်တော်တို့တွေ ထပ် ဆုံဖြစ်ဦးမယ် လို့ထင်ပါတယ်”လို့ ထွန်းကိုကိုက ပြောပြပါတယ်။

ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေ ကတော့ နေတိုးနဲ့အတူတွဲဖက်ပြီး ‘တိမ်တိုက်တံတား’ လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံမှာ လာရောက်ပြီးတော့ ပါဝင်သရုပ်ဆောင်ရိုက်ကူးထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

မြတ်မိုးပွင့်၊ ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here