သီချင်းဆိုပြိုင်ပွဲမှာ ဆုရရှိသွားရင် မာန်တက်သွားကြတာတွေများတယ် တေးရေး မြင့်မိုးအောင်

0
167

Winner ဆုရှင်တွေနဲ့ ပတ်သက်လို့ မြင့်မိုးအောင် က သူ့ရဲ့အမြင်ကို …”တချို့တွေက Winner ဖြစ်သွား ပြီဆိုရင် မာန်တတ် သွားကြတာတွေများတယ်။ အဆိုပြိုင်ပွဲ မှာ Winner ဆုရ ရှိတဲ့အဆင့်အထိက ဂီတလောကမှာ အောင်မှတ်ရရုံပဲရှိသေးတာပေါ့။ သဘောကတော့ အမှတ် ၄ဝ ကျော်သွားတယ်ပေါ့။ အဲဒီတော့ အောင်မှတ်ရရုံ သမားကတော့ ဒီအတိုင်းကတော့ အောင်မှတ်ရရုံပဲဖြစ် မယ်။ တကယ့်ဂီတ လောကထဲမှာ ဖြတ်သန်းပြီးတော့ ကိုယ်ပိုင်သီချင်းတွေနဲ့ အောင်မြင်အောင်လုပ်နိုင်မှပဲ နောက်ထပ် တစ်ဆင့်ရမယ်။ များသောအားဖြင့်တော့ အဲဒီ့အဆင့်ကိုမကျော် နိုင်ကြ တော့ဘူး။ အောင်မှတ်နဲ့ပဲ ရောက်နေကြတဲ့သူတွေလည်း အများကြီးပါပဲ” လို့ အဆို ပြိုင်ပွဲတွေမှာ အကဲဖြတ်ဒိုင်အဖြစ်ဆောင်ရွက်လျက်ရှိတဲ့ တေးရေးမြင့်မိုးအောင်က ပြောပြပါတယ်။

”တချို့ ဆုရအဆိုရှင်တွေ အနေနဲ့ကျတော့လည်း အောင်မှတ်ကို ထပ်ပြီးမကျော်နိုင်တော့။ ဂီတလောက ကနေ စိတ်ပျက်ပြီး ထွက်သွားကြတဲ့လူတွေလည်းအများ ကြီးရှိတယ်။ သို့ပေမယ့်လည်းတကယ်ကို ခိုင်ခိုင်မာမာနဲ့ ကိုယ့်ရဲ့လမ်းကြောင်းကိုရွေးချယ်နေတဲ့လူတွေကျတော့ လည်း ဆက်တိုက်ဆက်တိုက် အမှတ်တွေရပြီး ဂုဏ်ထူး တောင်ကျော်သွားတဲ့လူတွေရှိတာပေါ့။ ဥပမာအားဖြင့် နီနီခင်ဇော်ဖြစ်စေ၊ ချမ်းချမ်းပဲဖြစ်စေ၊ ဖြိုးပြည့်စုံပဲဖြစ်စေ သူတို့ကကိုယ့်ရဲ့ ကိုယ်ပိုင်သီချင်းတွေနဲ့ အောင်မြင် ပြီးတော့ ကိုယ်ပိုင်ဟန်နဲ့ အောင်မြင် သွားကြတယ်။ အဲဒီလိုဖြစ်ဖို့ မလွယ်ဘူး။ အဲဒါလေးကိုတော့ သေချာလေး ကြိုးစားဖို့လိုပါတယ်။ မဟုတ်ရင်တော့ အောင်မှတ်လေးနဲ့ ကတော့ ဂီတလောကထဲမှာ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက် မဖြစ်နိုင်ပါဘူး” လို့ တေးရေး မြင့်မိုးအောင်က အကြံပြုစကား ပြောပြပါတယ်။

လင်းအက္ခရာ

 


LEAVE A REPLY

Please enter your comment!
Please enter your name here