ကိုယ့်ကိုချစ်တဲ့ Relationship တစ်ခုမှာနေရတဲ့ ခံစားချက်က ဘာနဲ့မှမတူဘူး အမွန်း

0
156

လူတိုင်းမှာ ကိုယ့် Life Plan နဲ့ ကိုယ်ရှိတဲ့အတွက် သူမကိုယ် တိုင်ကလည်း လွတ်လွတ်လပ်လပ်၊ အေးအေးဆေးဆေး နေတဲ့သူဖြစ်တဲ့ အတွက်ကြောင့် မီဒီယာတွေက သူမရဲ့ အချစ်ရေးကို မေးမြန်းတဲ့အခါ အကျယ်တဝင့် မပြောပြချင်ဘူးလို့ အဆိုတော် အမွန်းကပြောပါတယ်။ သို့သော်လည်း စကားပြောစွမ်းရည် ကောင်းမွန်သလို စိတ်သဘော ထားလည်းကောင်းတဲ့ အမွန်းကို သူမရဲ့ အချစ်အကြောင်းနဲ့ ဘယ် ကာလလောက် အိမ်ထောင်ပြုဖြစ်မလဲ ဆိုတဲ့အပေါ် ပေါ်ပြူလာက မေးမြန်းဖြစ်ခဲ့ပါတယ်။

”အချစ်နဲ့ ပတ်သက်ရင်တော့ အမွန်းက ကိုယ့်ကို တကယ် ချစ်တဲ့၊ ကိုယ်ကလည်း တကယ်ချစ်တဲ့ Relationship တစ်ခု ပိုင်ဆိုင်ဖို့အတွက် ထိုက်တန်တယ်လို့ အမွန်းမြင်ပါတယ်။ အဲဒီတော့ ကိုယ်က ဘယ်သူနဲ့ပဲ Relationship ရှိတယ်ပဲ ဖြစ်ဖြစ် ဒီလူတစ်ယောက်နဲ့ ကိုယ်က လေးလေးနက်နက် ရှိသင့်တယ်လို့ အမွန်းမြင်ပါတယ်။ ပြီးတော့ တကယ်တမ်း ကိုယ်ကလည်းချစ်၊ သူကလည်း ကိုယ့်ကိုချစ်တဲ့ Relationship တစ်ခုမှာ နေရတဲ့အရသာ၊ ဒီခံစားချက်က ဘာနဲ့မှ မတူဘူးပေါ့နော်။ တကယ်တမ်း ကိုယ့်ရဲ့ ဘဝကို လည်း ကိုယ်တန်ဖိုးထားပြီးပျော်နိုင်တဲ့ အနေအထားမှာ ရှိအောင်လည်း ဒီ Relationship က တအားပံ့ပိုးပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ Relationship ကောင်းကောင်းမရှိ ထားတဲ့ သူတွေက အမြဲတမ်း နိစ္စဓူဝ စိတ်ဆင်းရဲရတာတွေနဲ့ ဘာနဲ့ဆိုတော့ အဲဒါက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ အဲဒီတော့ အသက်ကလည်း ကလေးမဟုတ်တော့တဲ့ အတွက်ကြောင့်မို့လို့ ဘဝအတွက် စဉ်းစားရတော့မယ်။ အမွန်းရဲ့ ပတ်ဝန်းကျင်မှာလည်း သူငယ်ချင်းတွေဆို လို့ရှိရင် အိမ်ထောင်တွေနဲ့၊ ကလေးတွေနဲ့ ရှိသွားကြတာတွေ အများကြီးရှိပြီ။ ဒါပေမဲ့ အမွန်းတို့ရဲ့ အလုပ်ကိုက Demand အလွန်များတယ်။ အချိန်ကအစ အများကြီးပေးရတဲ့ အတွက်ကြောင့်မို့လို့ Married ဆို တာတွေ၊ Family ဆိုတာတွေက လောလောဆယ် မဖြစ်နိုင်သေးဘူး။ အမွန်း တကယ်သားသမီး မွေးလို့ရှိရင်လည်း အမွန်းက အချိန်အပြည့်ပေးတဲ့ မိခင်ဖြစ်ချင်ပါတယ်။ အဲဒီလို အချိန် အပြည့် ပေးနိုင်ပြီလား။ အဲဒီအနေအထားကို ရောက်ပြီဆိုတော့မှပဲ အဆင်ပြေတာပေါ့။ အခုတော့ အချိန်မပေးနိုင်သေးပါဘူး။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကိုယ့်အတွက် နားလည်မှုလည်းရှိတဲ့၊ ကိုယ့်ကိုလည်း အင်အားပေးတဲ့ ချစ်သူရှိတဲ့ အတွက်ကြောင့်မို့လို့ အမွန်း ကတော့ Life ကို Balance လုပ်သွားဖို့ရှိပါတယ်။ လက်ထပ်တယ်ဆိုတဲ့ အချိန်ကျရင် ပရိသတ်ကို အသိပေးသွားမှာပါ”လို့ အမွန်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here