Mister & Miss Tourism Culture Universe 2018 ကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကျင်းပမည်

0
139

မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပမယ့် Mister & Miss Tourism Culture Universe 2018 ကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရ ပါတယ်။
အဆိုပါပွဲမှာ နိုင်ငံပေါင်း ၁၉ နိုင်ငံက Mister & Miss များ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ပထမဆုံးကျင်းပတာဖြစ်တဲ့အတွက် အခက်အခဲတွေ ရှိခဲ့ပုံကိုလည်း ပြိုင်ပွဲရဲ့ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Lamai Robit က…

”ကျွန်တော် စလုပ်ကတည်းက အခက်အခဲတွေအများကြီးရှိခဲ့တယ်။ အခက် အခဲတွေက မြန်မာနိုင်ငံကို မရောက်ဖူးတဲ့သူတွေ အများကြီးရှိတယ်။ သူတို့မသိတဲ့နိုင်ငံတွေကို ဖိတ်ခေါ်ရတာ တော်တော်ဝန်လေးတယ်။ သူတို့ မေးတဲ့ လုံခြုံမှုတွေကို ကိုယ့်မြန်မာနိုင်ငံဘက်က ပြင်ဆင်နိုင်ပါ့မလား။ နိုင်ငံ တကာရဲ့ National Director တွေရဲ့ ယုံကြည်မှုတွေကို ရအောင်လုပ်ရတယ် ပေါ့။ ကျွန်တော်တို့နိုင်ငံရဲ့ Tourism ကို ကျွန်တော်တို့ မြှင့်တင်ဖို့အတွက်နဲ့ ယဉ်ကျေးမှု၊ အနုပညာတွေကို ပြသချင်တယ်။ အဲဒါကြောင့် ဒီလိုအခက်အခဲတွေ ရှိလည်း ရအောင်ဖြေရှင်းခဲ့ပါတယ်”လို့ သိရပါတယ်။

Mister & Miss Tourism Culture Universe 2018 ကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၇ နာရီမှာ သုဝဏ္ဏအားကစားရုံ (အမှတ် ၁) မှာ ကျင်းပသွား မယ်လို့ သိရပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here