သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့ ပျော်ရွှင်တဲ့မိသားစု ဘဝကို ပိုင်ဆိုင်ထားသူ အဆိုတော် Nကိုင်ရာ

0
173

‘ကိုယ်မညာတော့ဘူး’သီချင်းလေးနဲ့ လူကြိုက်များလာတဲ့ အဆိုတော် ကြိုင်ရာဟာ အနုပညာလှုပ်ရှားမှုများကနေ ခေတ္တရပ်နားနေတာကိုတွေ့ရပြီး မတ်လထဲမှာကျင်းပမယ့် မိုးကုတ်နှစ် ၈ဝဝ ပြည့်ပွဲမှာတော့ ပရိသတ်များအတွက် သီချင်းလေး တွေ သီဆိုဖျော်ဖြေပြီး အနုပညာလောကထဲ သို့ ပြန်လည်ဝင်ရောက်လာမယ်လို့ သိရပါတယ်။ ဇာတိမြေ ဖြစ်တဲ့ မိုးကုတ်သူတစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့် ဒီလိုနှစ် ၈ဝဝပြည့် ကြုံတောင့်ကြုံခဲပွဲ တော်လေးမှာ ကိုယ်တိုင် ပါဝင်ခွင့်ရတဲ့အတွက် တအားပဲဝမ်းသာတယ်။ ဂုဏ်ယူမိ ပါတယ်”လို့ ပြောပါတယ်။ ဆက်လက်ပြီးတော့လည်း Nကိုင်ရာက …

”မိုးကုတ်သူလို့ပြောလိုက်တာနဲ့ ချမ်းသာနေပြီလို့ ထင်ရနေကြတယ်။ ဒါပေမဲ့ အဲဒီလိုနာမည်သာရှိတာ။ ခုဖြစ်ပျက်နေတာတွေက မိုးကုတ်က စီးပွား ရေးကျပ် တည်းတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း တအားနည်းပါး တယ်။ အဲဒီတော့ လူငယ်တွေဆို ပျက်စီးတာ တအားများသွားတယ်ပေါ့။ အဓိက က အမျိုးမျိုးဖြစ်နေကြတယ်။ ဒီအလုပ်အကိုင် အခွင့်အလမ်းတွေကို တိုးတက် စေချင်တယ်။ ဒီ့ထက်ပိုပြီး တိုးတက်စေချင်တယ်။ စိတ်လည်းမကောင်းဘူး။ ပျက်စီးနေတာတွေ တအားများနေတယ်။ အစ်မတို့မိုးကုတ်မြို့ကြီး နာမည်သာကြီးနေတာ။ တကယ့်တကယ် မိုးကုတ်မှာ ပျက်စီးနေ တာတွေ တအားများပါတယ်။ အဲဒီတော့ မိုးကုတ်မြို့ကြီး ဒီပွဲပြီးဆုံး သွားတဲ့အခါမှာ လူတိုင်းပွင့်လင်းမြင်သာရှိစေချင်တယ်”လို့ ကြိုင်ရာ က မိုးကုတ်မြို့ရဲ့ အဖြစ်အပျက်တွေကိုလည်း ပြောပြခဲ့ပါတယ်။

အဆိုတော် Nကိုင်ရာဟာ သားတစ်ယောက်၊ သမီး တစ်ယောက် နဲ့ ပျော်ရွှင်တဲ့မိသားစု ဘဝကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေ မလုပ်ကိုင်နိုင်ဘဲ ကလေးတွေနဲ့ အလုပ် ရှုပ်နေတယ်လို့ ဆိုပါတယ်။ ”အစ်မ သူတို့ကို သေချာ စောင့်ရှောက်ရတယ်။ တစ်နေ့လုံးကသူတို့ အချိန်တွေချည်းပဲ။ မနက် မိုးလင်း၊ ည၊ အိပ်တဲ့အချိန်ထိ သူတို့ လေးတွေကို အချိန်ပေးရ တယ်။ ဘာလို့လဲဆိုတော့ သားသားက ၂ နှစ် ၁ဝ လရှိပြီ။ သမီးလေးက ၉ လရှိပြီ။ အဲဒီတော့ ထိန်းရတာကလည်း တစ်ယောက်တစ်မျိုးဆိုတော့ တစ်နေ့တစ်နေ့ သူတို့နဲ့ပဲ အချိန် ကုန်နေတယ်။ အနုပညာဘက်လည်း မလှည့်နိုင်ဘူး။ ကလေးတွေက အရွယ်ငယ်သေးတော့ သူများ တကာတွေနဲ့ ထိန်းခိုင်းလို့ မတော်တဆဖြစ်သွားရင် အဆင်မပြေဘူး”လို့ သူကပြောပါတယ်။

သဲစုလှိုင်၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here