အမေရိက မပြန်ခင် ပရိသတ်ကို အလွမ်းပြေအနေနဲ့ သီချင်းအသစ်တွေ လက်ဆောင်ပေးသွားမယ့် ခင်ဘုဏ်း

0
205

မြန်မာပြည်နဲ့ဝေးကွာပြီး အမေရိကမှာနေဖြစ်တာ ၅နှစ်လောက်ကြာရှိသွားပြီ လို့ အဆိုတော်ခင်ဘုဏ်းကပြောပါတယ်။ မြန်မာပြည်ကို ခေတ္တခဏပြန် လည်ရောက်ရှိနေတဲ့အခိုက် အနုပညာနဲ့ပတ်သက်လို့ ခင်ဘုဏ်းဘာတွေ လုပ်ဖြစ်နေသလဲဆိုတာ မေးမြန်းဖြစ်တော့ . .

“ဒီကြားထဲမှာတော့ ခင်ဘုဏ်းတို့ Back To Millennium ဆိုတဲ့ Concert လေးရှိတယ်။ အဲဒီ Concert လေးတွေ မှာတော့ ခင်ဘုဏ်း KOOK အနေနဲ့ ရွှေထိုက်နဲ့တွဲပြီးတော့ နှစ်ယောက်ဆိုဖြစ်ပါတယ်။ အဓိကကတော့ ခင်ဘုဏ်းသီချင်းလေးတွေ အမ်တီဗီလေးပါတွဲပြီးတော့ တစ်ပုဒ်ချင်းစီတိုင်းကို အရောက်ပေးဖို့ အတွက် ကြိုးစားနေပါတယ်။ ခင်ဘုဏ်း အမေရိကကို မရောက်ခင်လပိုင်း အတွင်း သီချင်းလေးတွေ ပရိသတ်ဆီအရောက်ပေးချင်ပါတယ်”လို့ သူမက ပြောပါတယ်။ ခင်ဘုဏ်းတို့ခေတ်နဲ့ အခုခေတ်မျိုးဆက်သစ်တွေ ခေတ်အပြောင်းအလဲတွေများစွာဖြစ်သွားပြီလို့ မြင်လားလို့   ဆိုတော့ . . .

“နည်းပညာပိုင်းကတော့ တအားကို တိုးတက်သွား ပါပြီ။ နည်းပညာပိုင်းနဲ့ပတ်သက်လို့ကတော့ တကယ်ကိုပိုလည်း ကောင်းလာပါတယ်။ သီချင်းဆိုတာကို ပိုပြီးတော့ အထောက် အပံ့ဖြစ်လာတယ်ပေါ့နော်။Music Creation ပိုင်းတွေလည်း ပိုပြီးတော့ကောင်းလာပါတယ်”လို့ ခင်ဘုဏ်းကဆိုပါတယ်။ နှစ်တွေကြာသွားပေမယ့်လည်း သိပ်ပြောင်းလဲတာမျိုး မရှိဘူး နော်လို့ဆိုတော့ အသက်ကြီးလာတဲ့ အခါမှာ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပိုလုပ်ဖြစ်သလို အသီးအရွက်တွေ၊ အသီးအနှံတွေ ပိုစားသောက်ဖြစ်တာကြောင့်ပါမှာပါလို့ သူမကပြောပါ တယ်။ နောက်ပြီးခင်ဘုဏ်းက ယောဂကစားဖြစ်တာ ၂နှစ်ခွဲ လောက်ရှိသွားပြီလို့ သိရပါတယ်။ ယောဂကစားနည်းရဲ့ ကောင်းကျိုး တွေကိုလည်း ပြန်လည်ဝေငှပေးပါဦးလို့ဆိုတော့ . . .

“ကောင်းကျိုးတွေများပါတယ်။ ယောဂကစားတာ လူရော၊ စိတ်ရော လန်းဆန်းတယ်။ လူလည်းကျန်းမာသ လို စိတ်ကလည်း ပိုပြီးတော့ လန်းဆန်းလာတယ်။ ကိုယ့် စိတ်ရော၊ လူရော ၂ခုစလုံးကို Balance  လုပ်ပေးတဲ့ အတွက် ယောဂကစားသင့်တယ်လို့ပြောချင်ပါတယ်”လို့ ခင်ဘုဏ်းကပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here